မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

MotherLessBoy ရဲ့ ဟာသလေးများ

Page 2 of 2 Previous  1, 2

Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Mon 05 Apr 2010, 23:46

First topic message reminder :

*ခြေလေးချောင်း*

ဆရာ။ ။ တိရစ္ဆာန်နှစ်ကောင်ရဲ့ အမည်ကိုပြောပြပါ။

သူတို့ မှာခြေလေးချောင်းရှိရမယ်။

ကျောင်းသား။ ။ ကြက်ဖနှစ်ကောင်ပါ။
avatar
Guest
Guest


Back to top Go down


MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:24

ခွေးစကား
တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
"၀ုတ်"
အခုစကားပြောနေတာ ဘယ်သူလဲ
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသက် ၀ုတ်၊ ၀ုတ် ၀ုတ်"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:26

ကူညီချင်ပါတယ်
ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"
"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:27

ဂီတစာဆို
နာမည်ကြီး ဂီတစာဆိုကို သတင်းထောက်က မေးသည်။
"ဆရာ...ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျား"
"ကျွန်တော့် ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ ကျွန်တော်ရဲ့
ဖန်းတီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့ နားလည်လိုက်
ကတည်းကပဲဗျာ။"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:28

*ဆရာဝန်တွေ ပြောတဲ့အတိုင်း*

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။ ဒီတစ်ခါတော့
အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။ ဒီတော့ဆရာဝန်က..

” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။ အရက်ဆိုတာ
တဖြည်းဖြည်းချင်းမျှဉ်းပြီး ဖြတ်ရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို
နှစ်ပက်ထက်ပိုပြီး မသောက်မိစေဘဲ နေကြည့်စမ်းပါ။ နောက်တစ်ပတ်
ကျွန်တေ့်ကိုပြန်လာပြပါ။ တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။ သူ့ကိုယ်က
အရက်နံ့တွေကတစ်ထောင်းထောင်း ထွက်နေတယ်။ ဒီတော့ ဆရာဝန်က
မနှစ်မြို့စွာနဲ့ ..

” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို
ကျွန်တော် ပြောထားတယ်လေ။ ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။
မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:29

*မေ့နေလို့ပါဆိုမှ*

အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။

” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “

” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”

” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:30

*လက်ချာပေးသူ*

ည ၁၂နာရီခန့်တွင် ယိုင်တိယိုင်တိုင်လျှောက်လာတဲ့ အရက်သမားကို
ကင်းလှည့်နေတဲ့ ရဲကား ကမေးတယ်။

” အချိန်မတော် ဘယ်သွားမလို့လည်း “

” လက်ချာသွားနားထောင်မလို့

” ဒီလို အချိန်ကြီး ခင်ဗျားလို ငမူးကို ဘယ်လိုလူက လက်ချာပေးမှာလည်း “

” ကျွန်တော့ မိန်းမ”
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:30

*အားကျစရာ*

” ကြက်ဖတွေဟာ ဘာဖြစ်လို့ တစ်သက်လုံး တွန်နိုင်ကြတာလည်း “

” သူ့မှာ မိန်းမတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယောက္ခမ တစ်ယောက်မှမရှိဘူး။
ဒါကြောင့် တွန်နိုင်တာ “
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:31

*မျှော်လင့်ချက်*

” မောင်.. ဒီမြစ်ထဲကို အချစ်ခုန်ချရင် မောင်.. ဆင်းကယ်မှာလားဟင်” လို့
ကောင်မလေးက သူ့ချစ်သူကိုကနွဲ့ကရမေး လိုက်တယ်။

ဒီတော့ ချစ်သူဖြစ်သူက မျှော်လင့်လေသံလေးနဲ့ မေးလိုက်တာက

” ကယ်မှာပေါ့လို့ မောင်ဖြေရင် အချစ်က တကယ်ခုန်ချမှာလားဟင် “
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty မောင်လဲမင်းလိုပါဘဲကွာ

Post by Guest Tue 06 Apr 2010, 01:13

တစ်ခါက ဆယ်တန်းစာမေးပွဲဖြေတဲ့အချိန်ပေါ့ အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ
အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ်
ခုံတစ်တန်းထဲကျကြတာ။ ရှေ့နောက် ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅
မိနစ်လောက်အလို

ခုနကပြောတဲ့ နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီး
စာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး ...
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်...
ကောင်မလေးက ဂုဏ်ထူးတွေဘာတွေမှန်းထားတော့ ဒီတစ်ပုဒ်ပဲကျန်တာဖြေဖို့အစမေ့နေတယ်
နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့
ကြံရာမရတော့အနီးဆုံးဖြစ်တဲ့ နောက်ကကောင်လေးကို လှည့်ပြီး
တိုးတိုးလေးမေးတယ်...
“ ဟေ့…..မေးခွန်းနံပါတ်(၅) ပြောပြကြည့်
““အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်”
“ မောင်လို့ခေါ်ရင်ပြောပြမယ် ”
”ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်”
“အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့လည်းမရဘူးပြောတယ်
ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ်... အဲဒါနဲ့
ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
“ ဟေ့ …ပြောပြလေဟာ နင်ကလဲ နော် ””ကောင်လေးကလည်းပြန်ပြောရှာပါတယ်”
“ မောင်လို့ခေါ်ရင်ပြောမယ် ”
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ်
...မပြောချင်နေပေါ့ဟာဆိုပြီး တင်းခံပြီးစဉ်းစားနေတယ် မရဘူး...
နာရီကို တစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ်
..အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ်..
သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့
..နောက်တွေ့ရတော့မှာမှ မဟုတ်တာ ...ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ
တန်ပါတယ်ဆိုပြီး နောက်လှည့်ပြီး”
“ မောင်………….”လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်
“ သိပ်မကြားရဘူး ”
ကောင်မလေးနှုတ်ခမ်းတစ်ချက်စူသွားတယ် စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ ...
ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး “ မောင်…..ပြောပြပါနော် ……မောင်နော် ”
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
“ ဟဲဟဲ …..မောင်လည်းမင်းလိုပါပဲကွာ အဲဒီတစ်ပုဒ်ကိုမရဘူး ””
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ - Page 2 Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Sponsored content


Sponsored content


Back to top Go down

Page 2 of 2 Previous  1, 2

Back to top


 
Permissions in this forum:
You cannot reply to topics in this forum