မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

MotherLessBoy ရဲ့ ဟာသလေးများ

Page 1 of 2 1, 2  Next

Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Mon 05 Apr 2010, 23:46

*ခြေလေးချောင်း*

ဆရာ။ ။ တိရစ္ဆာန်နှစ်ကောင်ရဲ့ အမည်ကိုပြောပြပါ။

သူတို့ မှာခြေလေးချောင်းရှိရမယ်။

ကျောင်းသား။ ။ ကြက်ဖနှစ်ကောင်ပါ။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Mon 05 Apr 2010, 23:53

*နောက်တစ်မျိုးက*

ဆရာ။ ။ သဘာဝလောကကြီးတည်နေအောင် ပေါင်းစပ်ဖွဲ့ စည်းထားတဲ့ 

ဓါတ်ကြီးလေးပါးကိုပြောစမ်းကွာ။

ကျောင်းသား။ ။ မြေ၊ လေ၊ မီး .........ပြီးတော့......

ဆရာ။ ။ မင်းလက်ကိုသန့် ရှင်းအောင်ဘာကိုသုံးရသလဲ

ကျောင်းသား။ ။ ဆပ်ပြာ
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Mon 05 Apr 2010, 23:54

*ရူပဗေဒ*

ဆရာ။ ။ မိုးခြိမ်းရင် ဘာလို့ လျှပ်စီးလက်တာကိုအရင်မြင်ပြီး

အသံကိုနောက်မှကြားရတာလဲ

ကျောင်းသား။ ။ မျက်စိကနားထက် ရှေ့ နည်းနည်းပိုရောက်နေလို့ ပါခင်ဗျာ။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Mon 05 Apr 2010, 23:54

*ဆက်သွယ်လိုလျှင်*

ဆရာ။ ။ ခရစ်တိုဖာကိုလံဘတ်ရဲ့ နာမည်နောက်မှာ (၁၄၅၁ - ၁၅၆၀) ဆိုပြီးတော့

ရေးထားတယ်။ အဲဒါဘာကိုဆိုလို တာလဲ

ကျောင်းသား။ ။ ဟို......ကိုလံဘတ် ရဲ့ တယ်လီဖုန်းနံပါတ်ပါဆရာ။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Mon 05 Apr 2010, 23:55

*တာဝန်ကိုယ်စီ*

ဆရာ။ ။ မင်းရဲ့ အိမ်စာတွေကိုဖြေဖို့  မင်းရဲ့ အဖေကိုပဲ

အမြဲမေးနေတာလားကွ

ကျောင်းသား။ ။ အမေကမအားလို့ ပါဆရာ။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:00

*ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်*

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပု
ဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်
ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:01

*ပူဆွေးလိုက်ပုံက*


အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ
သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း
အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။
ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း
အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့
ဝင်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့
နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊
ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊
မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က
သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:02

*မင်းမှမရှိဘဲ*


သူငယ်ချင်းနှစ်ယောက် ညကမက်သော အိမ်မက်အကြောင်း
အပြိုင်အဆိုင် ပြောနေကြရာ တစ်ယောက် ကငါဂျပန်နိုင်ငံကို ယောက်သွားပြီး
မိုးပျံရထားကြီးစီးပြီးပျော်မြူးခဲ့ ရပုံများကိုပြော
ပြသဖြင့်နောက်တယောက်ကမင်းအိမ်မက်ထက်ငါ့အိမ်မက်က
ပိုကောင်းတယ်ကွ ၊ ငါနဲ့ ကိုရီးယား မင်းသမီးလေး အွန်စော
အခန်းထဲ မှာ နှစ်ယောက်ထဲ တွေ့ နေတဲ့ အချိန်မှာ တခါး ခါက်
သံကြား လို့ ထဖွင့် လိုက်တဲ့ အချိန်မှာ ဘယ်သူလဲ သိလား ၊ကိုရီး
ယားမင်းသမီးလေး ဘိုရာ ဖြစ်နေပြန်ရော ဟုပြောလိုက်သဖြင့် 
သူငယ်ချင်းက မချင့် မရဲဖြစ်ကာ.......
မင်းကလည်ကွာမင်းကြတော့ ဘယ်တစ်ယောက်ညာတစ်ယောက်
နဲ့ ငါ့ ကိုကြတော့  တချက်တောင်လှမ်းခေါ် ဖော်မရဘူး ၊
ဘာကွမင်း
ကို ငါသတိရ လို့ ဖုန်း လှမ်းဆက်ပါသေးတယ်မင်းဂျပန်ကိုသွားတယ်
ဆိုပြီးမင်းအိမ်က ပြောလိုက် လို့ ကွ ။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:04

*ဟောပင် ဘီးလွတ်*


တစ်ခါက ရွာတစ်ရွာတွင်အလွန်အကြွားသန်သော ကိုလေကြွားဆိုသူ
တစ်ဦးရှိလေသည်။တစ်နေ့သ၌ကိုလေကြွားတို့ရွာမှ
မြို့ကိုသွား၍တက္ကသိုလ်တက်ပြီးပြန်လာသောကိုလေကြွားငယ်သူငယ်ချင်းဖြစ်သူ၏သားနှင့်
လမ်းတွင်ဆုံမိသောအခါ -
ကိုလေကြွား - ဟာ ငါ့ကောင်ကြီး မြို့ ကြီးကပြန်လာတော့
တစ်သွေးတစ်မွေးနဲ့လှနေပါရောလားကွ၊
သူငယ်ချင်း (သား) - အဲဒီလောက်လည်း မဟုတ်ပါဘူး ဦးကြီးရာ။
ထိုအခါကိုလေကြွား၏ ထုံးစံအတိုင်းဝသီအရ စတင်ကြွားလုံးထုတ်လေတော့သည်။
ကိုလေကြွား - အေးကွာ တို့ငယ်ငယ်တုန်းကတော့ မြို့ ကြီးတွေမှာ
ကျောင်းမတက်နိုင်ပါဘူးကွာ။ ဟောပင်းဘီးလွတ်လောက်ပဲ တက်ခဲ့ရတာကွ။
သူငယ်ချင်း (သား) - ဘာတုံး ဦးကြီးရ၊ ပြည်ပတက္ကသိုလ်များလား။ တစ်ခါမှ
မကြားဖူးပါဘူး။
ထိုအခါ ကိုလေကြွားပြောလိုက်ပုံကြောင့် အနီးရှိရွာသူရွာသားများ
ငိုအားထက်ရယ်အားသန်ကြလေတော့သည်။
ကိုလေကြွား - ဒီလိုလေကွာ . . .ဟောပင်းဆိုတာက ဟင်းပေါ့။ ဘီးလွတ်ဆိုတာက
ကတုံးတွေဆိုတော့ ဘုန်းကြီးကျောင်းပေါ့ကွ။ အဓိပ္ပာယ်ကတော့ ဟင်းပေါတဲ့
ဘုန်းကြီးကျောင်းမှာ တက်ခဲ့ရတာပေါ့ကွာ။
သူငယ်ချင်း (သား) - ဟိုက် ကောင်းရောကွာ။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:05

*ကုန်ထားတယ်*


မြို့တစ်မြို့တွင် ကျော်ကြီးဆိုသူ အလုပ်သမားတစ်ဦးရှိသည်။
သူသည် အလုပ်ပြီးသည်နှင့် အလုပ်ရှင်ထံတွင် ငွေတောင်းပြီး အရက်သွားသောက်လေ့ရှိသည်။
တစ်နေ့- ကျော်ကြီး အမူးလွန်ပြီး လမ်းတွင် လဲနေရာ
လူတစ်ယောက်က- ဟေ့လူ.. ထ ထ ၊ ခင်ဗျားအိမ်ကို ကျုပ်လိုက်ပို့ပေးမယ်။
ထိုအခါ ကျော်ကြီးက ပြောလိုက်သည်မှာကား
ဟေ့- ငါ့ကိုဘယ်သူ ထ ခိုင်းတာလဲကွ၊ ငါ့ကို လိုက်ပို့ရအောင် နေစရာအိမ်မရှိဘူးကွ၊
ငါ ဒီလို မူးပြီးလဲအောင်လဲ၊ ငွေ ဘယ်လောက်ကုန်ထားတယ် မှတ်လဲ
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:06

ကူညီပါ့မယ်

ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်
"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"
"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"[list][*]
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:07

လူစကား


လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:08

ကြိုးစားကြည့်လေ


ဆရာက မေးသည်
"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"
ပီတာက ချက်ချင်းပြန်ဖြေသည်။
"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:09

ဘယ်အချိန်လာရမလဲ


ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:11

ပေးစားချင်တာကြာပြီ


သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။ ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက
"မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:17

ခင်ဗျားတို့ကိုး
ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက
တက်စီသမားအား
"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့က
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"
တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:18

ရပါတယ်
အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။
"ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှ
သုံးစားလို့ မရတော့ဘူးလား"
"ဟာ...ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ - မီးလောင်တာတို့၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ဆိုရင် ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။
တကယ်ပြောတာ"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:19

မှားပါတယ်
ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏ
အကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်
လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။
လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ
နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:19

စဉ်းစားပါ
ဆရာက တပည့်ကို မေးသည်။
ဆရာ.....၀င်ပြီးရင် ပြန်မထွက်ချင်တာ ၂ ခု ရှိတယ်။ အဲဒါဘာလဲ သိလား?
တပည့်.....မသိပါဘူးဆရာ. ကျေးဇူးပြုပြီ ရှင်းပြပေးပါ။
ဆရာ.....တစ်က. မြန်မာကျုးပစ်၊ ၀င်ပြီးရင် ပြန်ကို မထွက်ချင်တော့ဘူး။
တပည့်.....နောက်တစ်ခုရော ဆရာ.
ဆရာ.....မင်းဟာမင်း စဉ်းစားဦးမှပေါ့ကွ။ နေရာတကာ ငါ့ကိုချည်း
အားကိုးမနေနဲ့...
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:20

မတူကြဘူး
"ခင်ဗျား ခွက်ထဲ ၀ီစကီ ထပ်ထည့် ပေးရမလား."
"ဟင့်အင်း မထည့်နဲ့! ကျွန်တော် ၀ီစကီ သောက်ပြီးရင် ညအိပ်လို့မရဘူး"
"ကျွန်တော်ကတော့ ခင်ဗျာနဲ့ ဆန့်ကျင်ဘက်ပဲ။ အိပ်နေတုန်း ကျွန်တော် ၀ီစကီ
သောက်လို့ မရဘူး"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:21

အချစ်
"မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:22

ချစ်တဲ့အကြောင်းပဲပြောပါ
"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်တယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:22

သင်ခန်းစာ
သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။
သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:23

ငြင်းပါ

"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"
"ဟင့်အင်းလို့ ပြော"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Guest Tue 06 Apr 2010, 00:23

မျက်စိဆရာဝန်
အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
"အ၀တ်အစား ချွတ်လိုက်ပါ"
"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"
"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ"
"ရှင်က ဘယ်သူလဲ"
"မျက်စိ ဆရာဝန်"
avatar
Guest
Guest


Back to top Go down

MotherLessBoy ရဲ့ ဟာသလေးများ Empty Re: MotherLessBoy ရဲ့ ဟာသလေးများ

Post by Sponsored content


Sponsored content


Back to top Go down

Page 1 of 2 1, 2  Next

Back to top


 
Permissions in this forum:
You cannot reply to topics in this forum