ကျွန်မအတွေး.......ကျွန်မလက်တွေ့ ကြုံရသော..
4 posters
Page 1 of 1
ကျွန်မအတွေး.......ကျွန်မလက်တွေ့ ကြုံရသော..
''ဖေဖေသားကိုကြီးလာရင်ဒီကားဝယ်ပေးနော် ....."
ကျွန်မဘေးကလာတဲ့အသံကြောင့် လှည့်ကြည့်မိလိုက်တယ် .တချိန်တည်းမှာပဲအနာကဆလွန်းနားအနီလှလှလေးတစ်စီးဖြတ်သွားတာတွေ့ လိုက်ပါတယ် ....
ကျွန်မပြောချင်တာ သူ့ အဖေကိုပူဆာနေတဲ့ကလေးလေးပါ .အများဆုံးဒီကလေးရဲ့ အသက် က လေးနှစ် ပတ်ဝန်းကျင်ပဲရှိဦးမယ်.
သူ့ အဖေဘာလုပ်လဲဆိုတော့ ကျွန်မတို့ ပတ်ဝန်းကျင်ကအကုန်သိကြတဲ့ အမှိုက်သိမ်းတဲ့ဦးလေးကြီးတစ်ယောက်ပါ ..ခြေထောက်တစ်ဖက်ကသိပ်မသန်လှပါဘူး..အဲဒီကလေးကပူဆာနေတာကို သူ့ အဖေလုပ်တဲ့ သူကကြားသလိုလို မကြားသလိုလို နဲ့ ဆေးပေါလိပ်ကြီးဖွာနေလေရဲ့ ....
ကလေးကလည်းဂရုမစိုက်ပါဘူး ဟိုကားလှလှလေးပဲငေးပြီး သူဘာသာသီချင်းလေး ဆိုနေတယ် ..
ကျွန်မတစ်ယောက်တည်းလမ်းလျှောက်ရင်းပြုံးမိပါတယ် ...ကလေးတွေဟာသိပ်ကိုဖြူစင်ပါလား .ဘာအပူပင်မှလဲမရှိဘူးလေ ..သူတို့ ကငယ်ပေမယ့် လည်း လိုချင်တာတွေရှိပါတယ် .လိုအပ်တာတွေရှိ တယ် .ရည်မှန်းချက်တွေလည်းရှိနေတယ်ဆိုတာ ကျွန်မတပြိုင်နက်တွေးလိုက်မိတယ်..ဒါပေမယ့် သူတို့ လို အပ်တာတွေဖြည့်ဆည်းပေးနိုင်ဖို့ လိုပါတယ် ..ဒါမှသူတို့ အနာဂတ်လေးတွေတောက်ပကြမှာပါ..
ဒီကလေးလေးအကြောင်း ကျွန်မသိသလောက်ပြောရရင်တော့.. အမှိုက်သိမ်းတဲ့ ဦးလေးကြီးကလဲ သူ့ အဖေအရင်းမဟုတ်ပါဘူး ..ဒီကလေးလေးကိုအမှိုက်ပုံလာစွန့် ပစ်ထားလို့  ဒီဦးလေးကြီးကမွေးစားထားတာပါ ..လူကတော့မချမ်းသာပေမယ် .စိတ်ဓာတ်အရမ်းချမ်းသာတာကျွန်မသိလိုက်ရတယ် ..လူတစ်ယောက်ကိုမွေးစားဖို့ ဆိုတာ တော်ရုံဘယ်သူမှမလုပ်နိုင်ပါဘူး .အမှန်တိုင်းပြောရရင်ကျွန်မလည်းမလုပ်နိုင်ပါဘူး .. .
အဲဒီတည်းကကျွန်မစဉ်းစားမိတယ် သူတို့ ကို ဘယ်နည်းလမ်းနဲ့ ကူညီနိုင်မလဲ ..ဒီကလေးတွေလို ပဲ အစွန့် ပစ်ခံကလေးတွေ ဘယ်လောက်တောင်များနေပြီလဲ ......အုတ်တချပ်သဲတပွင့်အဖြစ်နဲ့ ကူညီချင်ပါတယ် ..အဲလိုကူညီဖို့ ကကျွန်မတစ်ယောက်တည်းမရပါဘူး ..ဒီလိုကျွန်မနဲ့ စိတ်ကူးတွေတူတဲ့ ဒီဖိုရမ်ကသူငယ်ချင်းတွေနဲ ဆုံဆည်းရတာအရမ်းပဲဝမ်းသာမိပါတယ် လို့ ...
ပြီးတော့ကျွန်မဆရာပြောတဲ့စကားလေးတစ်ခုရှိတယ်.ဘယ်တော့မှမမေ့နိုင်တဲ့စကားပါပဲ ...အဲဒါကတော့ ကိုယ်က လူတစ်ယောက်ပေါ်မေတ္တာထားနေရုံနဲ့ မပြီးဘူးတဲ့ စေတနာပါရှိရတယ်တဲ့ ..ကိုယ်ကမေတ္တာရှိရင်သွားတကယ်လက်တွေ့ သာ သွားကူညီလိုက်ပါတဲ့ ..အဲဒါမှမေတ္တာပါတဲ့စေတနာတဲ့လေ ..
ကဲ .သူငယ်ချင်းတို့ ရေ ကျွန်မလည်း အဲဒီလို မေတ္တာပါတဲ့ စေတနာတွေ နဲ့ မိဘမဲ့နေတဲ့ အပြစ်မဲ့သောကလေးတွေကိုကူညီချင်ပါတယ် လို့ ပြောပါရစေ .
:) :roll:

thirizaw- လေ့လာသူအဆင့်
- Gender : Posts : 7
Join date : 2010-03-25
Age : 39
Location : KMDG/YGN
Re: ကျွန်မအတွေး.......ကျွန်မလက်တွေ့ ကြုံရသော..
ကိုယ်ပိုင်ခံစားချက်တွေ..ရေးထားတာ...အရမ်းကောင်းပါတယ်........
တစ်ကယ်ခံစားရပါတယ်....ထပ်တူထပ်မျှပါ.....
နောက်လဲ....ဆက်ရေးပေးပါအုံး......လို့ တောင်းဆိုလိုက်ပါတယ်...........
အားပေးနေပါတယ်...........
တစ်ကယ်ခံစားရပါတယ်....ထပ်တူထပ်မျှပါ.....
နောက်လဲ....ဆက်ရေးပေးပါအုံး......လို့ တောင်းဆိုလိုက်ပါတယ်...........
အားပေးနေပါတယ်...........
Re: ကျွန်မအတွေး.......ကျွန်မလက်တွေ့ ကြုံရသော..
မမ ရေ အရမ်းကောင်းတာပဲနော်.....
တကယ်ကို ကောင်းတဲ့ စာသားလေးတွေပါပဲ
အားပေးပါတယ်နော် နောက်လဲ ရေးပါအုံး မမ
တကယ်ကို ကောင်းတဲ့ စာသားလေးတွေပါပဲ
အားပေးပါတယ်နော် နောက်လဲ ရေးပါအုံး မမ
waime- အထူးအသင်းဝင်
- Gender : Posts : 11
Join date : 2010-03-21
Age : 35
Location : yangon
Re: ကျွန်မအတွေး.......ကျွန်မလက်တွေ့ ကြုံရသော..
အုတ်တချပ်သဲတပွင့်အဖြစ်နဲ့ ကူညီချင်ပါတယ် ..အဲလိုကူညီဖို့က ကျွန်မတစ်ယောက်တည်းမရပါဘူး ..ဒီလိုကျွန်မနဲ့ စိတ်ကူးတွေတူတဲ့ ဒီဖိုရမ်ကသူငယ်ချင်းတွေနဲ ဆုံဆည်းရတာအရမ်းပဲဝမ်းသာမိပါတယ် လို့ ...
ပြီးတော့ ကျွန်မဆရာပြောတ စကားလေးတစ်ခုရှိတယ်.ဘယ်တော့မှ မမေ့နိုင်တဲ့စကားပါပဲ ...အဲဒါကတော့ ကိုယ်က လူတစ်ယောက်ပေါ် မေတ္တာထားနေရုံနဲ့ မပြီးဘူးတဲ့ စေတနာပါရှိရတယ်တဲ့ ..ကိုယ်ကမေတ္တာရှိရင်သွား တကယ်လက်တွေ့သာ သွားကူညီလိုက်ပါတဲ့ ..အဲဒါမှမေတ္တာပါတဲ့ စေတနာတဲ့လေ ..
သီရီရေ ထပ်တူထပ်မျှပါပဲနော် ၀မ်းသာပါတယ် တို့တွေရဲ့ ကောင်းသော ဆုံဆည်းမှု့တွေ အတွက်ပါ
ပြီးတော့ မေတ္တာပါတဲ့ စေတနာတဲ့လား အဲ့ဒီစကားလေးကို ဘ၀တစ်လျှောက်လုံး အမှတ်ရနေတော့မှာပါ

yinyinlai- လေ့လာသူအဆင့်
- Gender : Posts : 14
Join date : 2010-03-28
Age : 40
Location : ရန်ကုန်
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum