ရမ်ဆေးကို ခြေထောက်ကျိုးစေခဲ့သူ ရှောခရော့စ် ပြန်လည်တောင်းပန်
Page 1 of 1

အာဆင်နယ်အသင်း၏ လူငယ်ကွင်းလယ်လူရမ်ဆေးကို ခြေထောက်ကျိုးအောင် ကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့သူ ရှောခရော့စ်က ရမ်ဆေးအား တောင်းပန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်ဆေးသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကစားခဲ့သည့် စတုတ်စီးတီး-အာဆင်နယ်ပွဲစဉ်တွင် ပွဲချိန် ၆၅ မိနစ်၌ စတုတ်စီးတီးနောက်ခံလူ ရှောခရော့စ်၏ ဖျက်ထုတ်ခြင်းခံရသောကြောင့် ခြေကျင်းဝတ်ရိုးကျိုးသွားခဲ့သည်။ ရမ်ဆေးသည် ၎င်းဒဏ်ရာကြောင့် ၆ လမှ ၉ လအထိ အနားယူရဖွယ်ရှိနေကြောင်းလည်း သိရသည်။
ထို့ကြောင့် ရှောခရော့စ်က ရမ်ဆေးအား ၎င်း၏လုပ်ရပ်အတွက် Message များပေးပို့ကာ တောင်းပန်စကား ပြောကြားခဲ့သည်။ ရှောခရော့စ်က''ဒီဖြစ်ရပ်အတွက် သူနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ ဒါပေမဲ့ကျွန်တော့်ရဲ့ ကစားပုံကိုတော့ ပြင်ဆင်သွားမှာမဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။

ThinAung- အုပ်ချုပ်သူ
- Gender : Posts : 43
Join date : 2010-03-21
Age : 36
Location : မေတ္တာညွန့်၊တာမွေ၊ရန်ကုန်
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum