လေးစားဂုဏ်ယူနေပါသည်
Page 1 of 1
လေးစားဂုဏ်ယူနေပါသည်
မေမေ မေမေ၊သားဖေဖေသည် ဝေးမြေရပ်ခြား၊ဘာကြောင့်သွားသည် သားအား မချစ်ပေရ်ူလော။
ချစ်သောသားငယ်၊ဝေးတစ်နယ်သို့ ရှောင်ဖယ်မသွား၊ ဖခင်ကားလေ စစ်သားပီပီ၊ပြည်ကျိုးရည်ရူ် စစ်ချီသွားခြင်းဖြစ်ပေသည်။
မေမေဒါဆို၊သားကိုကိုသည် တောင်ညိုစခန်း၊ဘယ်တွက်လှမ်းသည် သားမှန်းဆရူ် မရပြီ။
ချစ်သားလူလေး၊ မေ့ရင်သွေးငယ် ဝေးမြေကွန်းခို၊စစ်တက္ကသိုလ်၌ သားကိုကိုလျှင်၊ပြည်ကျိုးမြင်ရူ် သင်ကြားလေ့ကျင့်နေပေသည်။
သားတို့ကိုခွဲ၊သူတို့သည်းတွင် ၀မ်းနည်းခြင်းတို့ရှိမည်လော။
မိသားစုခွဲ၊ချစ်သူခွဲရူ် ၀မ်းနည်းပါလည်း၊သူတို့သည်းတွင် ပြည်ထဲရေးရာ၊အေးချမ်းသာဖို့ ကာကွယ်ရည်မှန်း၊ဟိုး…ရှေ့တန်းမှာ ပင်ပန်းမမူ၊သွေးသက်လှူလျက် ပြည်သူများအတွက်ထမ်းရွက်သည်။
သားတို့ကိုထား၊ဝေးရပ်သွားရူ် ခံစားဝမ်းနည်း၊မေမေ့သည်းတွင် ကြေကွဲနေမိပါသလော။
လူလေးသားငယ်၊လောက၀ယ်တည့် ရည်ရွယ်ကိုယ့်တွက်၊ကိုယ်ကျိုးဖက်ရူ် ဆောင်ရွက်ကြသူ၊အတ္တလူနှင့် ပြည်သူအများ၊ကျိုးစီးပွားကို စွန့်စားဖေးကူ၊ပရလူဟု မတူနှစ်မျိုး၊ရှိကြရိုးတွင် ဘိုးဘွားအမွေ၊အမိမြေအတွက် ဝေးမြေရပ်ခြား၊စစ်ထွက်သွားသည့် ယောက်ျားနှင့်သား၊လွမ်းဆွတ်ညားလည်း လေးစားဂုဏ်ယူနေပေသည်။

KOZIN- လေ့လာသူအဆင့်
- Posts : 10
Join date : 2011-08-13
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum