ပီတိချို၏ဗဟုသုတလေးများ
4 posters
Page 1 of 1
ပီတိချို၏ဗဟုသုတလေးများ
ဘုရားသခင်ပေးတဲ့ကြွက်တစ်ကောင်
သူဟာ
တစ်ယောက်တည်း အထီးကျန်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်တယ်။
စိတ်ကူးအိပ်မက်တွေကလွဲလို့ သူ့မှာ ဘာမှမရှိခဲ့ပါဘူး။ စိတ်ကူးအိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့ ဟိုးအဝေးက Kansasဆိုတဲ့မြို့ကို သူခရီးထွက်ခဲ့တယ်။
မြို့ရောက်တာနဲ့ သတင်းစာတိုက်တစ်တိုက်မှာ သူအလုပ်လျှောက်ခဲ့တယ်။ သတင်းစာအတွက် လိုအပ်တဲ့သရုပ်ဖော်၊ ဆောင်းပါးတွေကို
သူရေးနိုင်ကြောင်းလျှောက်ခဲ့ပေမယ့် တာဝန်ရှိသူတွေက သူ့ဆောင်းပါးတွေကို
ဆန်းသစ်ဆွဲဆောင်မှု မရှိဘူးဆိုပြီး ခေါင်းခါငြင်းဆန်ခဲ့ကြတယ်။
အငြင်းဆန်ခံရတဲ့သူဟာ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကြိုးစားနေကြတဲ့
တစ်ခြားလူငယ်တွေလို ကျရှုံးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့အရသာကို ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်။
နောက်ဆုံးမှာ ဘုရားကျောင်းအတွက် ပန်းချီဆွဲပေးရတဲ့အလုပ်ကို သူရခဲ့တယ်။
ဒါပေမယ့် ရတဲ့လုပ်အားခက နည်းလွန်းတာကြောင့် အခန်းမငှားနိုင်ခဲ့ရှာဘူး။ အဲဒီလိုနဲ့
စွန့်ပစ်ကားဂိုဒေါင်တစ်ခုကို အခမဲ့ငှားရမ်းပြီး သူ့ရဲ့ယာယီအလုပ်ခန်းလေး လုပ်ခဲ့တယ်။
ဓာတ်ဆီနံ့၊ ဆီချေးနံ့တွေနံစော်နေတဲ့
ဂိုဒေါင်ထဲမှာနေပြီး နေ့တိုင်း ညဥ့်နက်သည့်တိုင် သူအလုပ်လုပ်ခဲ့တယ်။
အခန်းထဲမှာနေတဲ့ အတောအတွင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာက
ကြွက်ပဲဖြစ်တယ်။ သူအိပ်ချိန်မီးပိတ်လိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ တကျိကျိအော်မြည်ပြီး
ပြေးလွှားနေတဲ့ကြွက်သံကို သူကြားခဲ့ရတယ်။
ဒါပေမယ့် နောက်တစ်ရက်မှာ အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့
အဲဒီအသံတွေကိုသည်းခံပြီး သူအိပ်ခဲ့တယ်။ ပင်ပန်းတဲ့အတွက် ခေါင်းချတာနဲ့ သူအိပ်မောကျသွားတတ်တယ်။ ဒီလိုနဲ့ ကားဂိုဒေါင်ဟောင်းလေးထဲမှာ
ဆင်းရဲသား ပန်းချီဆရာတစ်ဦးနဲ့ ကြွက်တစ်ကောင်တို့ဟာ အတူတကွ နေထိုင်ခဲ့ကြတယ်။
တစ်ညမှာ ခေါင်းငိုက်စိုက်အလုပ်လုပ်နေရာက ညောင်းညာတဲ့ဒဏ်ကြောင့် ရုတ်တရက် အကြောဆန့်ဖို့
သူခေါင်းထောင်လိုက်တဲ့အချိန် ဝါကျင်ကျင်မီးရောင်အောက်က လင်းလက်နေတဲ့မျက်လုံးတစ်စုံကို
သွားတွေ့မိတယ်။ ဒီလိုကြွက်တစ်ကောင်ကို
လွန်ခဲ့တဲ့နှစ်တွေမှာသာ သူတွေ့မိခဲ့ရင် နည်းအမျိုးမျိုးသုံးပြီး သတ်မိမှာအမှန်ပါပဲ။ ဒါပေမယ့် အခုချိန်မှာ
သူ့အတွက် ကြွက်ရှင်တစ်ကောင်ဟာ ကြွက်သေတစ်ကောင်ထက် ပိုစိတ်ဝင်စားစရာကောင်းနိုင်မယ်လို့
သူထင်ခဲ့တယ်။
အနုပညာရှင်ကြီးတွေမှာရှိသင့်တဲ့ စိတ်ဓာတ်မျိုးနဲ့ ဆင်းရဲဒုက္ခတွေကို ခါးစည်းခံဖို့ သူပြင်ဆင်ဆုံးဖြတ်လိုက်ပြီး သူ့အတွက်တစ်ဦးတည်းသောအဖော်
ချစ်စရာကောင်းတဲ့ ကြွက်ကလေးကို
သူပြုံးပြီးကြည့်လိုက်မိတယ်။ ဒါပေမယ့် ကြွက်ကလေးက အရိပ်တစ်ခုလို လှစ်ခနဲသူရှေ့က
ပျောက်ကွယ်သွားခဲ့ပါတယ်။
ပြတင်းပေါက်အပြင်ဘက်က လေတိုးသံကို နားစွင့်နေရင်း သူ့အနားမှာ ကြွက်ကလေးတစ်ကောင် ရှိနေခဲ့လို့ သူဟာ အထီးကျန်သူတစ်ယောက် မဟုတ်ကြောင်း ခံစားမိလိုက်တယ်။ ကြွက်ကလေးဟာ ရှက်သွေးဖြာပြီး ထွက်ပြေးသွားတဲ့
မိန်းမလှလေးလို သူ့အနား ပြန်လာဦးမယ်ဆိုတာကို ယုံကြည်ရင်း အလုပ်တွေကို
သူဆက်လုပ်နေခဲ့တယ်။
သူယုံကြည်တဲ့အတိုင်း ကြွက်ကလေးက တစ်ကြိမ်ပြီးတစ်ကြိမ် သူ့အနားရောက်ရောက်လာခဲ့တယ်။ ညအချိန်သာမက နေ့အချိန်မှာလည်း
ထွက်လာတတ်တဲ့ ကြွက်ကလေးကို သူမခြောက်လှန့်ခဲ့မိသလို၊ ထိခိုက်နာကျင်အောင်လည်း မလုပ်ခဲ့မိဘူး။
ကြမ်းပြင်ပေါ်က ကြွက်ကလေးဟာ ပုံစံအမျိုးမျိုးနဲ့ သူ့ကိုဖြေဖျော်နေခဲ့တယ်။
ပွဲကြည့်သူပရိသတ်အဖြစ်နဲ့ ကြွက်ကလေးကို ပေါင်မုန့်အနားသားတွေ ဖဲ့ခြွေပြီး သူဆုချခဲ့တယ်။
တဖြေးဖြေး သူတို့ကြားမှာ အချင်းချင်းယုံကြည်မှုတွေရှိလာခဲ့ပြီး မိတ်ဆွေဖွဲ့လာနိုင်ခဲ့တယ်။ စစချင်းမှာ ကြွက်ကလေးဟာ
သူနဲ့အတန်ငယ်ဝေးတဲ့နေရာမှာပဲ နေရဲခဲ့တယ်။ နာကျင်ထိခိုက်အောင် သူမလုပ်မှန်းသိမှ တဖြေးဖြေး
အနားကပ်လာရဲခဲ့တယ်။ နောက်ဆုံးမှာ
ကြွက်ကလေးဟာ သူပန်းချီဆွဲနေတဲ့ ခုံပေါ်အထိ ခုန်တက်ရဲခဲ့ပြီး စတိုင်လ်အမျိုးမျိုးနဲ့
သူ့ကိုဖြေဖျော်နေခဲ့တယ်။ ကြွက်ကလေးကို သူမမောင်းထုတ်ရက်ခဲ့ဘူး။ ပုံစံအမျိုးမျိုးနဲ့
ပြေးလွှားဆော့ကစားနေတဲ့ ကြွက်ကိုပဲ တိတ်တဆိတ် သူငေးကြည့်နေခဲ့မိတယ်။
အချင်းချင်းယုံကြည်မှုက လှပတဲ့ပတ်ဝန်းကျင်တွေကို ဖန်ဆင်းနိုင်ပါတယ်။
သိပ်မကြာခင်မှာ ပန်းချီဆရာဟာ Kansasမြို့ကိုစွန့်ပြီး ဟော်လီဝှဒ်မှာ ကာတွန်းကားတစ်ကား ရေးဆွဲပေးဖို့ ရောက်သွားခဲ့တယ်။ ဒါဟာ
သူ့အတွက် အလွယ်တကူမရနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အပြင် သူ့ရဲ့တွေးတောမှုတွေကို ဖွင့်လှစ်ပေးတဲ့
တံခါးတစ်ချပ်လည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ နောက်တစ်ကြိမ် ကျရှုံးခြင်းနဲ့
သူထပ်မှန်ရင်ဆိုင်ခဲ့ရရုံမက ကုန်းကောက်စရာ ငွေကြေးမရှိတဲ့အပြင် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ရှုံးနိမ့်တဲ့ဒဏ်၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ မှောင်နက်မည်းမည်းအခန်းထဲမှာ ညအတော်များများကို မအိပ်ဘဲ ငုတ်တုတ်ထိုင်ပြီး
သူဖြတ်သန်းခဲ့တယ်။ သူ့အရည်အချင်းနဲ့
သူ့လုပ်နိုင်စွမ်းကို စပြီး သူသံသယရှိလာခဲ့မိတယ်။ တကယ်ပဲ အသုံးမကျသူအဖြစ် သူ့ကိုယ်သူ
ယုံမှားလာခဲ့မိတယ်။
ထွက်ပေါက်တစ်ခုအတွက် သူ့ကိုယ်သူ ဆန်းစစ်ခဲ့မိတယ်။
ဒုက္ခဆင်းရဲတွေနဲ့ ဘဝယိမ်းယိုင်နေချိန် တစ်ညမှာ Kansasမြို့မှာဆုံခဲ့တဲ့ ကြွက်ကလေးကို ရုတ်တရက် သူသတိရလာခဲ့မိတယ်။
ကြမ်းပြင်ပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ကြွက်ကလေးကို မြင်ယောင်ရင်း လင်းလက်တဲ့အတွေးတစ်စ သူခေါင်းထဲဝင်လာခဲ့တယ်ဆိုရင်ပဲ နေရာကအမြန်ထပြီး
ကြွက်ပုံတစ်ပုံကို သူရေးဆွဲလိုက်မိတယ်။
ဒီလိုနဲ့ သူရဲ့စုတ်တံအောက်ကနေ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ Mickey Mouseဆိုတဲ့ ကြွက်တစ်ကောင် မွေးဖွားလာခဲ့တယ်။
အဲဒီဆင်းရဲသားပန်းချီဆရာက နောင်နောက်ခါ အမေရိကန်သမိုင်းမှာ Walt Disneyဆိုပြီး ထင်ရှားကျော်ကြားခဲ့သူ ဖြစ်ပါတယ်။
ဘုရားသခင်က ဒစ်စနီကို ကြွက်တစ်ကောင်ပဲပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ
ပေးခဲ့တာဖြစ်တယ်။ ငတ်နေချိန်မှာ
ရောက်လာတဲ့ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး
အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ အောင်မြင်မှုဆိုတာ
ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ကြိုးစားအားထုတ်မှုရဲ့
ရလဒ်ဖြစ်တယ်။ အောင်မြင်ဖို့ ချက်ချင်းလက်ငင်း လုပ်ယူလို့မရပါဘူး။
အောင်မြင်ဖို့ ကြိုးစားမှုတွေကို
တဖြေးဖြေးစုပုံရပါတယ်။
မူရင်းရေးသားသူ -- Thomas Waterman

Guest- Guest
Re: ပီတိချို၏ဗဟုသုတလေးများ
ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး
ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။
ဆူးတွေ အပြည့်နဲ့ အချို့က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ
ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်
အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။
" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။
အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို
အားကိုးပြီး နေထိုင်နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့
နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင်မှုလား.... သေခြင်းတရားလား
။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က
အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို
ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီးပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။
တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့
ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့
ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို
ဘ၀တွေအတွက် မျှော်လင့်ခြင်းကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို
လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေက
မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။
" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့်
ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့
ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူသားတွေရဲ့ ဘ၀တွေကို လေ့လာ
ကြည့်ရအောင် ။
လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲတဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ
ဘာတွေကို စိတ်အားငယ်နေကြတာလဲ ။
လက်မပါတဲ့အတွက် သူက ပါးစပ်နဲ့ ဆော့ပင်ကို ကိုက်ပြီး စာရေးတတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက် နဲ့ စာရေးနိုင်ကြတယ် ။ ကွန်ပြူတာရိုက်နိုင်တယ် ။ ဘာကို ပျင်းနေကြတာလဲ ။
သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်းရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။
သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစားဖူးကြရဲ့လား ။
သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့နေကြမှာလဲ ။
တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်းလေးနဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။
သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။
ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။
ဒါဆို သူတို့ သူတို့တွေ..မျှော်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော
ဘာအတွက်ကြောင့်များ အဆုံးရှုံးခံကြရမှာလဲ ။
စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)

ပီတိချိုအတွက်ပါ
ကောင်းမွန်တဲ.ပို.စ်လေးတစ်ခုပါပဲဘ၀ကိုအရှံးမပေးပဲနေနိုင်ဖို.ပေါ.
နောက်လည်းပဲဒီလိုပို.စ်လေးတွေများများတင်ပါဦး
စောင်.ဖတ်ပေးပါ.မယ် ပျော်ရွှင်ပါစေ

kyarlay- လေ့လာသူအဆင့်
- Gender : Posts : 21
Join date : 2010-05-28
Re: ပီတိချို၏ဗဟုသုတလေးများ
ပီတိချို ကျေးဇူးပါနော်
ဒီပို့စ်လေးကို ဖတ်ပြီးမှ ဘ၀အတွက် ပိုပြီး အားအင်တွေ ပြည့်လာသလို ခံစားရတယ်
နောက်လည်း တင်ပေးပါအုံးနော်
ကျေးဇူး အများကြီးတင်ပါတယ်ရှင်

yinyinlai- လေ့လာသူအဆင့်
- Gender : Posts : 14
Join date : 2010-03-28
Age : 40
Location : ရန်ကုန်
Re: ပီတိချို၏ဗဟုသုတလေးများ
မမပီတီရေ 10Q ပါနော်
mayone- လေ့လာသူအဆင့်
- Gender : Posts : 2
Join date : 2011-01-15
Age : 33
Location : mawlamyine
Re: ပီတိချို၏ဗဟုသုတလေးများ
ကျနော်ကခြေတွေနဲ့စန်ဒယားတီးတာပဲတွေ့ဘူးတာ ပခုံးနဲ့ညှပ်ပြီးဂေါက်ရိုက်တယ်ဆိုတာ
မတွေ့ဘူးဘုးဗျာ
ကောင်းလိုက်တဲံ့သတ္တိဗျာ
အရမ်းကောင်းပါတယ်ဘ၀ကိုအရှုံးမပေးဘူးဆိုတာ..

Nyi Thawe- လေ့လာသူအဆင့်
- Gender : Posts : 10
Join date : 2011-08-19
Age : 33
Similar topics
» ပီတိချိုအတွက်ပါ
» ပီတိချို၏ဟာသလေးများ
» ပီတိချို၏အတွးစာစုများ
» ပီတိချို၏ကျန်းမာရေးဗဟုသုတများ
» ပီတိချို၏၀တ္ထုလေးများ
» ပီတိချို၏ဟာသလေးများ
» ပီတိချို၏အတွးစာစုများ
» ပီတိချို၏ကျန်းမာရေးဗဟုသုတများ
» ပီတိချို၏၀တ္ထုလေးများ
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum