စမ်းရေ အမောဝယ် ပန်းအကြွေစောတယ်
Page 1 of 1
စမ်းရေ အမောဝယ် ပန်းအကြွေစောတယ်
ပန်းအလှကို
စမ်းက ထောမနာ
ရစ်ဖြာ ၀ိုက်ဝန်းစီးဆင်းသည်။
စမ်း၏် အေးမြ
ထိုရသကို၊ ပန်းက ချီကျူး
ငုံဖူးပွင့်လွှာ ချွေလွှင့်သည်။
စမ်းချောင်း တိမ်ကော၊ မြက်ရိုင်းတောမှာ
ကျစ်စာ ဖုံးလွှမ်း၊ အို လွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာ ခြောက်သွေ့
ရေမတွေ့ရ၊ ပူငွေ့ လောင်မြိုက်
ရှိုက်ငင်တမ်းတ၊ စမ်းဘ၀ကို
ပန်းက ငိုကြွေး မဆုံးနိုင်။
တစ်နေ့သော အခါ၊ ပြည့်လာ စမ်းချောင်း
ပြန်ပြောင်းရေစီး၊ သူ့နီး ၀န်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့်
ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငို ပြန်လေသည်။
နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်
မြေလွှာတထီးကျန်၊ သဏ္ဍာန်ရွေ့ပြောင်း
စမ်းချောင်းသစ်ပင်၊ မမြင်လေရ
ဘာမျှမမြဲ၊ မလွဲဧကန်
လောကဓံကို
လွန်ဆန်ငြင်းပယ် မရပါတကား။
စမ်းငိုသလို၊ ပန်းလည်း ငိုခဲ့
သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှု့ကင်း
ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လို မျက်ရည် တန့်ဆည်ရမလည်းကွယ်။
ဒေါင်းနွယ်ဆွေ
စမ်းက ထောမနာ
ရစ်ဖြာ ၀ိုက်ဝန်းစီးဆင်းသည်။
စမ်း၏် အေးမြ
ထိုရသကို၊ ပန်းက ချီကျူး
ငုံဖူးပွင့်လွှာ ချွေလွှင့်သည်။
စမ်းချောင်း တိမ်ကော၊ မြက်ရိုင်းတောမှာ
ကျစ်စာ ဖုံးလွှမ်း၊ အို လွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာ ခြောက်သွေ့
ရေမတွေ့ရ၊ ပူငွေ့ လောင်မြိုက်
ရှိုက်ငင်တမ်းတ၊ စမ်းဘ၀ကို
ပန်းက ငိုကြွေး မဆုံးနိုင်။
တစ်နေ့သော အခါ၊ ပြည့်လာ စမ်းချောင်း
ပြန်ပြောင်းရေစီး၊ သူ့နီး ၀န်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့်
ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငို ပြန်လေသည်။
နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်
မြေလွှာတထီးကျန်၊ သဏ္ဍာန်ရွေ့ပြောင်း
စမ်းချောင်းသစ်ပင်၊ မမြင်လေရ
ဘာမျှမမြဲ၊ မလွဲဧကန်
လောကဓံကို
လွန်ဆန်ငြင်းပယ် မရပါတကား။
စမ်းငိုသလို၊ ပန်းလည်း ငိုခဲ့
သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှု့ကင်း
ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လို မျက်ရည် တန့်ဆည်ရမလည်းကွယ်။
ဒေါင်းနွယ်ဆွေ
yinyinlai- လေ့လာသူအဆင့်
- Gender : Posts : 14
Join date : 2010-03-28
Age : 40
Location : ရန်ကုန်
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum