မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

Fiber to the Home ၀န်ဆောင်မှု ရန်ကုန်တွင် ပေးတော့မည်

Go down

Fiber to the Home ၀န်ဆောင်မှု ရန်ကုန်တွင် ပေးတော့မည် Empty Fiber to the Home ၀န်ဆောင်မှု ရန်ကုန်တွင် ပေးတော့မည်

Post by Guest Mon 24 May 2010, 17:28

Fiber to the Home ၀န်ဆောင်မှု ရန်ကုန်တွင် ပေးတော့မည်ဟုဆို
ဖိုက်ဘာဆက်ကြောင်းတစ်ခုတည်းပေါ်တွင် ပြည်တွင်းပြည်ပ တယ်လီဖုန်းဆက်သွယ်မှုများနှင့် ရုပ်သံ လိုင်းများကိုပါ ဖမ်းယူကြည့်ရှုနိုင်တော့မည့် အင်တာနက်ဝန်ဆောင်မှုဖြစ်သော Fiber to the Home နည်းစနစ်ကို လာမည့်ဇူလိုင်လ၀န်းကျင်တွင် ရန်ကုန်မြို့၌ တပ်ဆင်ပေးတော့မည်ဟု အဆိုပါဝန် ဆောင်မှုကိုဆောင်ရွက်နေသော ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုသုံးမျိုးကို အသုံးပြုနိုင်မည့် အဆိုပါ Fiber to the Home စနစ်အား ရန်ကုန်မြို့တွင်း စတင်တပ်ဆင်ပေးမည်ဆိုပါက လူနေမထူထပ်သော ကွန်ဒိုများ၊ အိမ်ရာများတွင် ဦးစားပေးတပ်ဆင်ပေးသွားမည်ဟု ၎င်းကဆိုသည်။ “ရန်ကုန်မှာစပြီး ဖိုက်ဘာစနစ်ကိုတပ်ဆင်တော့မယ်ဆို လူနေထူထပ်မှုသိပ်မရှိတဲ့ အိမ်ရာတွေ၊ ကွန်ဒိုတွေမှာ အရင်တပ်ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိုက်ဘာဆက်ကြောင်းတွေကို သုံးစွဲမယ့်နေရာဆီ အရောက်ဆွဲဖို့က နေရာတိုင်းအဆင်မပြေတော့ လူနေမသိပ်သည်းတဲ့နေရာတွေကို ရွေးရတာပါ။ လိုချင်တဲ့နေရာကိုဆွဲဖို့ကျတော့ လျှပ်စစ်ရုံးတို့ ဆက်သွယ်ရေးရုံးတို့နဲ့ ပူးပေါင်းလုပ်ကိုင်ရတာဖြစ်လို့ အချိန်ယူရပါတယ်။ ဒါကြောင့် အမြန်ဆုံးရမယ့်နေရာကို ရွေးရတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။ ဖိုက်ဘာဆက်ကြောင်းပေါ်မှ အင်တာနက်ချိတ်ဆက်ဝန်ဆောင်မှုပေးသော ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင် ပြီးခဲ့သည့်မတ်လ ၂၇ ရက်တွင်စတင်၍ ကနဦးတပ်ဆင်ခ ကျပ်ကိုးသိန်း ဖြင့်ရောင်းချခဲ့ပြီး ယခုအခါ အင်တာနက်လိုင်းအရေအတွက် ၂၀၀ အထိ ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။ Fiber to the Home ဟုခေါ်တွင်ပြီး Triple play Service (နည်း စနစ်သုံးမျိုးဝန်ဆောင်မှု) ဖြစ်သည့် GPON (Gigabite Passive Optical Network) နည်းစနစ်ဆက်သွယ်မှုအား မန္တလေးတိုင်းအတွင်းတွင်လည်း လာမည့် ၂၀၁၀ ခုနှစ် ဇွန်လကုန်ခန့်တွင် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး လျှောက်လွှာများကို မေလကုန်ခန့်တွင် ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။
avatar
Guest
Guest


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum