မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

ပီတိချို၏ဟာသလေးများ

Go down

ပီတိချို၏ဟာသလေးများ Empty ပီတိချို၏ဟာသလေးများ

Post by Guest Thu 10 Jun 2010, 16:26

မမသို့ ......



သို့ မမ.....
ကျွန်တော်ဟာာ ၁ကိုယ်ရေ၁ကာယသမားဆိုပေမယ့် မမတို့ ၁ဆွေလုံး၁မျိုးလုံးကို ၁တိုက်၁၀န်းနဲ့ ၁၀ကြီး၁ထမ်း၁ပိုးကြီးကို လုပ်ကျွေးနိုင်ပါတယ်။(သိန်း၁ထောင်ဆုကြီးအကြိမ်၁ရာလောက်ပေါက်ခဲ့ရင်ပြောတာပါ၊ ငှဲငှဲငှဲ) အခုတော့ အကြွေးက ၁ပုံ၁ခေါင်း၊ ပိုက်ဆံက ၁ပြား၁ချက်မရှိ၊ အတိုးတွေက၁စ၁စနဲ့ ချစ်မမမှမကယ်ရင် ကျွန်တော့်ဘ၀ ၁တိ၁တိနဲ့ လုံးပါး ပါးရတော့မှာပါ။ (အဟင့်အဟင့်၊ ရွတ်၊ ဖတ်)
အိုဘယ့်အကြွေးရှင်၊ ၂လိုဖွယ်ကောင်းတဲ့ သင့်ရဲ့ အပြုံးတွေနဲ့ ၂သိမ့်ပေးလှည့်ပါ၊ အပေါ်ယံ ၃သပ်ချက်တွေနဲ့ ကျွန်တော့်ကို ၃ဖြုန်းနေတယ်လို့ မစွတ်စွဲလိုက်ပါနဲ့ နော်။ ၄ကန်နေတဲ့သိုင်းကွက်နင်း ခြေထောက်တွေဟာ ၄လုံးခြောက်ဖက် မမအတွက်သာဆိုရင် ၄ညို့ က ပစ်လိုက်တဲ့ မြှားတစ်စင်းထက် ပိုမြန်လာပါလိမ့်မယ်။ ဒါကလည်း ၅ကျည်းခြောက်လို အသားအရေ ပိုင်ရှင်မမကို ၅ဖောင်ရိုး ကျွန်တော်က ချစ်မိခဲ့တာကိုး။ မမသာပျော်မယ်ဆိုရင်လေ ၆စတောင် လှည်းယှဉ်ကြော့ကြော့ပေါ်မှာ ၆ပြစ်ကင်း သဲလည်းစင်တဲ့ မမကို တင်ပြီး (အဲအဲ ငါဘာလုပ်မလို့ ပါလိမ့်) အော် ၆ခမ်းသွားသောအိပ်မက်မြစ် သီချင်းကို အာခေါင်၆တဲ့အထိ ဆိုပြချင်ပါတယ်။( ဟားဟား သောက်ရမ်းမိုက်တယ်ကွာ မလိမ်မာဘူး)
ခုတော မမပြောတဲ့အတိုင်း အ၇လွတ်ဈေးသွားဖို့ အတွက် ၇အားတွေစုနေပါပြီ။ မမနဲ့ ကျွန်တော့် အကြောင်းတွေကို အရပ်၈ခွင်လုံး သိအောင် အော်ပြောချင်ပေမယ့် ၉ယိုးကားယား မဖြစ်ချင်တော့ အချစ်ကို မ၉ကွယ်သလိုပဲ နေပြရတော့မှာပေါ့။ ၁၀မိုး၁၀လ ချစ်ခဲ့ကြပြီးရင်တော့ သိက်ခါ ၁၀တဲ့အနေနဲ့ ကိုယ်တို့ ရဲ့ ချစ်ခြင်းကို အွန်လိုင်းတန်ခိုးနဲ့ ၁၀ဆတိုးပြီး ချစ်လိုက်ရအောင်လား..........
avatar
Guest
Guest


Back to top Go down

ပီတိချို၏ဟာသလေးများ Empty Re: ပီတိချို၏ဟာသလေးများ

Post by Guest Thu 10 Jun 2010, 16:27

Microsoft မှ Bill Gate အနားယူရသည့်အကြောင်းများ



Customer တယောက်စီမှ Microsoft သို့ပေးပို့သောစာ
Attn: Bill Gates
Subject: ကွန်ပျူတာအသစ်မှ problem များ.

1. ကွန်ပျူတာမှာ START ပဲပါပြီး STOP မပါပါဘူး.
ပြန်ပြီးဆန်းစစ်သင့်တယ်လို့ထင်
ပါတယ်.
2. ကွန်ပျူတာမှာ RUN ပါတာတွေ့ပါတယ်. အဲ့ဒါကို SIT
လို့ပြောင်းပေးသင့်ပါတယ်. ဒါမှ ထိုင် နေရင်း အဲ့ဒီခလုပ်ကို
နှိပ်နိုင်မှာပါ။
3. FIND button ပါတာတွေ့လိုက်ပါတယ်. ဒါပေမယ့် တကယ်အသုံးမ၀င်ပါဘူး.
ကျွန်တော့် မိန်းမ တံခါးသော့ပျောက်တာ FIND ကိုနှိပ်ပြီး ရှာပေမယ့်
ရှာလို့မရပါဘူး။ ပြန်ဆန်းစစ်ပေးပါ။
4.ကျွန်တော့်ခလေး Microsoft Word ကိုကောင်းကောင်းတတ်သွားပါပြီ. သူက
Microsoft Sentences ကိုလေ့လာချင်နေပါတယ်.
ဘယ်လို ၀န်ဆောင်မှုပေးနိုင်မှာလဲ ။ ဖြေကြားပေးပါ။
5. ကျွန်တော် COMPUTER, CPU, MOUSE, KEYBOARD အားလုံးဝယ်လာပါတယ်.
ဒါပေမယ့် MY COMPUTER ICON ပဲတွေ့ပါတယ်. ကျန်တဲ့ DEVICES တွေ
ဘယ်လိုလုပ်ပေးမှာလဲသိချင်ပါတယ်
6. အံသြစရာတခုရှိပါတယ်. MY PICTURE ထဲမှာ ၀င်ကြည့်လိုက်တော့
ကျွန်တော့်ပုံလဲ တစ်ပုံမှ မတွေ့ပါဘူး. ဘယ်အချိန် MY PICTURE ထဲမှာ
ကျွန်တော့်ပုံ ထည့်ပေးမှာလဲ။
7. MICROSOFT OFFICE ကိုတွေ့ပါတယ် ဒါဆို MICROSOFT HOME ရော. ကျွန်တော်က
အိမ်မှာပဲသုံးမှာမို့လို့ပါ။
8.MY RECENT DOCUMENTS ရှိပေမယ့် MY PAST DOCUMENTS မရှိပါဘူး။ ဘယ်တော့
ထည့်ပေးမှာလဲ။
9. MY NETWORK PLACES ရှိပါတယ်. ကျေးဇူးပြုပြီး MY SECRET PLACES
ထပ်ထည့်ပေးပါ. ကျွန်တော် ရုံးချိန်ပြီးရင် ဘယ်သွားတယ်ဆိုတာ
ကျွန်တော့်မိန်းမကိုမသိစေချင်လို့ပါ။

နောက်ဆုံးမေးခွန်းကတော့ MR BILL GATES လူကြီးမင်း နာမည်မှာ GATES ပါပြီး
ဘာလို့ WINDOWS တွေရောင်းနေရတာလဲဆိုတာပါ.**
avatar
Guest
Guest


Back to top Go down

ပီတိချို၏ဟာသလေးများ Empty Re: ပီတိချို၏ဟာသလေးများ

Post by Guest Thu 10 Jun 2010, 16:39

မောင်လို့ခေါ်ရင် ပြောမယ်



တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ
အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော
င်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ
ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့
အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ
ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်

၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့
အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“
ဟေ့.....နံပါတ်(၅) ပြောပြကြည့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““

မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ်
ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်ေ တာ့

မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး
အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ
နော်

””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ

ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး

နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ်
အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင်
ကိုယ်ကဘာဖြစ်သွားမှာကျလို့

နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး

နောက်လှည့် ပြီး

““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်
စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က
အရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်.....ပြောပြပါနော် ......မောင်လို့ နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””
avatar
Guest
Guest


Back to top Go down

ပီတိချို၏ဟာသလေးများ Empty Re: ပီတိချို၏ဟာသလေးများ

Post by Guest Thu 10 Jun 2010, 16:43

ချက်တင်ဝင်နေပြီဆိုရင်ပဲ.. . အားလုံးအညောင်းမိကြမှာပါ။
ချက်နေတုန်းသတိမထားမိရင်တောင်.. .ထလိုက်တဲ့အချိန်မှာ အသက် ၈၀
အဖိုးအဖွားတို့လို ဟိုနားကိုက်တိုက်တိုက်၊ ဒီနားကိုက်တိုက်တိုက်
ဇက်ကြောလေးတက်သလိုလို..ခါးလေးနာ
သလိုလို..မျက်စိလေးညောင်းသလိုလို နှင့်
ကြုံဖူးကြမှာပါ။ အဲဒီတော့... ကြာရှည်ထိုင်နိုင်ရန်နှင့် အညောင်းမမိစေရန်
အောက်ပါနည်းလမ်း(၁၃)ချက်အတိုင်း လိုက်နာကြည့်ပါ။

၁။ကွန်ပြူတာမဖွင့်မိ...ဦး သုံးကြိမ်..ချပါ။

၂။ပြီးရင် ကီးဘုတ်အား..ကြိုတင် တောင်းပန်ပါ..(ဒီနေ့အတွက် လွန်တာရှိရင်
ဝန္တာမိ ပါလို့ )

၃။ Type နေတုန်း ခေါင်းလှုပ်ရန်။ ဘယ်၊ညာ (သို့) ရှေ့၊နောက်

၎။ တစ်ဖက်ကလူ ပြန်စာ Type နေတုန်း လက်နှစ်ဖက်ကို ပခုံးပေါ်ပြန်တင်
ရှေ့နောက် တောင်ပံခတ်သလို ခတ်ရန်။

၅။ တစ်ခြား Chatterများ ကိုကြည့်နေချိန်ခိုက် ထိုင်ထ လုပ်နေရန်။

၆။ ရယ်စရာများ ရှိရင် ထိုင်ခုံကို လက်တစ်ဖက်ထောက်ကာ ပတ်ပြေးရန်။

၇။ ဝမ်းနည်းစရာများ ရှိရင် လေ့ကျင့်ခန်းကို ခဏနားတဲ့အနေနဲ့
ထိုင်ငိုနေရန်။ ၃မိနစ်နားပါ။(ပိုမနားပါနှင့်...အချိန်နှင့်
ကွန်နက်ရှင်သည်လူကိုမစောင့်)

၈။ကွန်နက်ရှင် ကျသွားပါက စိတ်အနှောက်အယှက် မဖြစ်အောင်..
(တတ်နိုင်လျင်...ပုတီးစိတ်ပါ...ပုတီးမပါပါက..
ဂုံတော်တစ်ခုခုရွတ်နေပါ..)

၉။ သီချင်းများလိုက်ညည်းနေခိုက် ပခုံးနှစ်ဖက်ကို ဘယ်ညာ တင်ချ လုပ်နေရန်။

၁၀။ ကျင်ကြီး/ကျင်ငယ် သွားပါက ခြေဖျားထောက်၍ ခြေစုံခုန်သွားရန်။
(တရုတ်သရဲကားကြည့်ဖူးတယ်မလား)

၁၁။ ရေအိမ်မအားသေးပါက ခြေကိုဆန့်တန်း၍ ဘယ်ညာ ခတ်နေရန်။ (ရေထိုင်ကူးနည်း)

၁၂။ Signout မလုပ်ခင် လက်နှစ်ဖက် အပေါ်ထောင်၍ တာ့တာပြရန်။

၁၃။ ကွန်ပျူတာ ပိတ်ခါနီး ဘယ်ညာ အလေးပြုပါ။ ကျေးဇူးတင်ကြောင်းကို ၃
ကြိမ်ထက်မနည်းပြောပါ... မမေ.ပါစေနဲ.နော်..တာ.တာ....
avatar
Guest
Guest


Back to top Go down

ပီတိချို၏ဟာသလေးများ Empty Re: ပီတိချို၏ဟာသလေးများ

Post by Guest Thu 10 Jun 2010, 16:45

နည်းပညာခေတ်ကြီးတွင် ကျွန်တော်သည် မြင်မြင်သမျှကို ကွန်ပျူတာတစ်လုံးနှင့် နှိုင်းယှဉ်ခံစားတတ်သော အလေ့အကျင့်ရှိနေသည်။ ဥပမာ လူတစ်ယောက်၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု ကိုပင် ကွန်ပျူတာဖြင့်
ဆင်တူသည်ဟု ယူဆနေတတ်သည်။ ယခုလည်း ကျွန်တော်သည် အသက်အရွယ်အရ အိမ်ထောင်ပြုရမည့် အချိန်အခါသို့
ရောက်နေပေပြီ။ ထိုအခါ ကျွန်တော်နျင့် သက်ဆိုင်ရမည့် ဇနီးတစ်ယောက်အား ရှာဖွေရာတွင် ကျွန်တော်၏
အမူအကျင့်အတိုင်း ကွန်ပျူတာအစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်စဉ်းစားလျက်
ရွေးချယ်ရခက်နေသည်။ စာဖတ်သူအနေဖြင့် ကျွန်တော့်စဉ်းစားချက်ထဲမှ မည်ကဲ့သို့သော စရိုက်ရှိသူ
အမျိုးကောင်းသမီးကို ရွေးချယ်သင့်သည်ကို ကူညီပေးပါရန်။ ကွန်ပျူတာနှင့်တူသော မိန်းကလေးများကို
တင်ပြရသော် . . .


Computer Desktop နှင့်တူသော မိန်းကလေး


သူလိုအပ်သမျှကို အခြေအနေအချိန်အခါ၊ အမျိုးအစားမရွေးဘဲ တစ်နေရာတည်းမှာ တစ်ပြေးတည်း ပြထားတတ်ပြီး၊ အထင်တကြီးဖြင့် ဖွင့်ကြည့်ပါက ဘာမှအကျိုးမထူးသော အခွံများကိုသာ ပြယုဂ်ကောင်းကောင်းဖြင့်
ရှိုးပြတတ်သူ။


Mouse နှင့်တူသော မိန်းကလေး


ဟိုလက်ညှိုးထိုး၊ ဒီလက်ညှိုးးထိုး၊ ဖွင့်စေလိုဖွင့်၊ ပိတ်စေလိုပိတ် နေရာတကာပါတတ်သူ။


Keyboard နှင့်တူသော မိန်းကလေး


တစ်ခါတရံ Mouse ကိုသုံးလိုက်ပါက အလွန်လွယ်ကူသောလမ်းမျိုးကိုပင် တမင်တကာရှောင်ကွင်း သကဲ့သို့ ဖြစ်သလိုကွေ့ကာဝိုက်ကာ အလုပ်လုပ်တတ်သူ။ (မာယာများတတ်သူ)


CD Rom နှင့်တူသော မိန်းကလေး


သူ၏ သဘောထားများကို တစ်ဖက်သတ်တင်ပြတတ်ပြီး သူ့ကိုတော့ ပြန်လည်တည့်မတ်တာမျိုး လုံးဝ လက်မခံသူ။


Screen Saver နှင့်တူသော မိန်းကလေး


သူ့ကို ဥပက္ခာပြုထားပါက ပြန်လည်ဂရုစိုက်စေရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်တတ်သော်လည်း ထိတွေ့မိပါက ပျောက်ကွယ်ရှောင်ပုန်းနေတတ်သူ။


Hard Disk နှင့်တူသော မိန်းကလေး


ရရှိလာသမျှ ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းသိုလှောင်ရန် လွယ်ကူသလောက် လိုအပ်သဖြင့် ပြန်ထုတ်လျှင် လွန်စွာကြန့်ကြာတတ်သူ။
တစ်ခါတရံ သိမ်းထားသမျှ မရှိတော့ဘူးဟု ပြောတတ်သူ။


Memory နှင့်တူသော မိန်းကလေး


ဘယ်လိုဖျောင်းဖြဖျောင်းဖြ၊ ဘာပြောပြော၊ ဘာပေးပေး၊ ဘယ်လိုတားတား၊ အညှာလွယ်သလောက် မီးပျက်လျှင်ဘာမှသုံးမရတော့သလို
မျက်ကွယ်ပြုပါက သူမ၏ မှတ်ဥာဏ်၌ ဘာဆိုဘာမျှမကျန်တတ်သူ။


Power Supply နှင့်တူသော မိန်းကလေး


မင်းရဲ့ System ကြီးဘယ်လောက်ကောင်းကောင်း တို့မပါရင် မင်းမလည်ပတ်နိုင်ပါဘူးဆိုပြီး Main Point ကို ကိုင်လှုပ်တတ်သူ။


Virus နှင့်တူသော မိန်းကလေး


System တစ်ခုအတွင်း သူဘယ်အချိန်က ဘယ်လိုဝင်ရောက်လာသလဲ မသိရလောက်အောင် ညင်သာပြီး၊ သူရှိနေပြီလို့ ထင်ထင်ရှားရှားသိလာရတဲ့အခါကျတော့ ဒုက္ခအမျိုးမျိုးပေးသူ။ သူ့ကိုဖယ်ထုတ် လိုက်ရင်လည်း
System (သို့) Parts တစ်ခုခုကို ဖျက်ပြီးမှ ထွက်သွားတတ်သူ။


Server နှင့်တူသော မိန်းကလေး


သူနှင့်ဆက်စပ်ပတ်သက်သမျှကို အမိန့်ပေးခိုင်းစေအုပ်ချုပ်တတ်ပြီး သူနှင့်ထိတွေ့ပေါင်းသင်းရန် စကားဝှက်မမှန်ပါကလည်း ခပ်တင်းတင်းပင် ငြင်းဆန်တတ်သူ။


Internet နှင့်တူသော မိန်းကလေး


သူမသိတာ ဘာမျှမရှိ၊ အကုန်လုံးသိပေမယ့် နမူနာပဲပေးတတ်သူ၊ တစ်ခါတရံငွေကြေးများစွာ တောင်းခံတတ်သူ၊ တစ်ခါတရံ အကူအညီ (Download) တောင်းပါက ကြန့်ကြာတတ်သူ။
avatar
Guest
Guest


Back to top Go down

ပီတိချို၏ဟာသလေးများ Empty Re: ပီတိချို၏ဟာသလေးများ

Post by Guest Thu 10 Jun 2010, 16:49

သိပ်မှန်တဲ့ ဗေဒင်လေးမို့  ပါ



နှစ်သစ်သို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည့်အလျောက် တနင်္ဂနွေ
သားသမီများ၏ အဆိုးအညံ့များသည်လည်း ကုန်ခဲ့ပြီဟုဆိုရမည်။
သို့သော်လည်း မမျှော်လင့်ပါဘဲ အိမ်ထောင်ကျကိန်း၊ အီးပါချကိန်း၊
အောက်တန်းစားဖြစ်သွားခြင်း စသည့်
နံတူအကျိုးပေးများ ဖြစ်ပေါ်လာတတ်သည်။ အိပ်မက်ထဲတွင် ဥစ္စာစောင့်နှင့်
ရည်ငံတတ်သဖြင့် မအိပ်ဘဲနေရန် အကြံပေးလိုသည်။ ကျန်းမာရေးအနေဖြင့် အကောင်းကြီး
မဟုတ်သော်လည်း မဆိုးလှပေ။ အိပ်ယာထဲတွင် အောက်ပိုင်း သေသွားခြင်း၊
ဦးနှောက်ထဲ
အပ်စိုက်သွားခြင်း၊ အော်ဟစ် အကူအညီတောင်းသော်လည်း "အရူး" ဟု အထင်ခံရခြင်း
စသည်တို့တော့ ဖြစ်လာနိုင်သည်။ နှလုံးသားရေးရာတွင် "အချစ်ကိုဦးစားပေးခဲ့သူ"
တွေ့တတ်သဖြင့် သင်ကိုယ်တိုင်ပင် "အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ"
ဖြစ်သွားတတ်သည်။ "အချစ်ဟာမီးလား"
ဟု ပြန်မေးချိန်တွင် သင်သည်
"ဘင်္ဂလားပင်လယ်အော်" သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ အစစအရာရာ အဆင်ပြေစေရန်
စနေနေ့မနက်တွင် တနင်္ဂနွေနံ၏ အစားအသောက်ဖြစ်သည့် အီကြာကွေး သုံးချောင်းကို
ဖြတ်ပိုင်းခြင်း၊ ဝါးစားခြင်းမပြုလုပ်ဘဲ
အချောင်းလိုက် ဆက်တိုက်ဆိုသလို မြိုချပါ။


ယုံကြည်မှု အားနည်းနေသဖြင့် ကိုးကွယ်သူ မှားတတ်သည်။ ယခုသုံးလအတွင်း
တနင်္လာသားသမီးများသည်
လွဲချော်မှုများကို ရင်ဝယ်ပိုက်ထားကြသူများ ဖြစ်သည်။ ကျား၊မ
အိမ်သာမှားဝင်မိခြင်း၊ ကိုရီးယားမင်းသမီးထင်၍
ကြိုက်မိကာမှ
ကြံရည်သည်ဖြစ်နေခြင်း၊ ငါးရှဥ့်ထင်၍ ကိုင်မိကာမှ ငန်းမြွေဖြစ်နေခြင်း စသည်တို့
ကြုံတွေ့ရနိုင်သည်။ စီးပွားရေးလုပ်ငန်းများတွင် ချွတ်ချုံ့ကျကိန်း၊
ငတ်သေကိန်း၊
ကြွေးထူခြင်းများရှိနေတတ်၍ ချဲထိုးခြင်း၊ ချက်အရက်ရောင်းခြင်းများသာ
အကျိုးပေးမည်။ ကျန်းမာရေးတွင်လည်း လွဲချော်မှုများရှိနေတတ်သဖြင့် ဂေါက်ရောဂါကို
ကင်ဆာထင်၍ ခြေထောက်အဖြတ်ခံရခြင်း၊ ကားတိုက်ခံရသည်ကို ခွေးကိုက်ခံရသည်ထင်၍
ကာကွယ်ဆေးထိုးပေးခံရခြင်း၊ ခွေခွေလေးအိပ်နေသည်ကို
ကံကုန်ပြီအထင်ဖြင့်
အခေါင်းသွင်းလိုက်ခြင်း စသည်တို့ ကြုံတတ်သည်။ အချစ်ရေးတွင်တော့
အထူးပင်စန်းပွင့်ကာ ငါးစိမ်းသည်၊ ကားဒရိုင်ဘာ၊ ဂိတ်စောင့်တို့၏ မယားငယ်၊
လင်ငယ်ဖြစ်တတ်သည်။ ယတြာအနေဖြင့် ကုက္ကိုပင်အောက်သို့သွား၍ ခေါင်းပေါ်သို့
ကျီး(ငှက်) တစ်ကောင်မှ
ချေး(ချီး)ပါချသည်အထိ မော့ကြည့်နေပါ။


အင်္ဂါသားသမီးများ စာမေးပွဲရာသီဖြစ်သည့်အလျောက် ဆရာ၊ ဆရာမများ အလုပ်ရှုပ်ပြီး
ဝင်ငွေကောင်းမည့်
ကာလဖြစ်သည်။ ဆေးရုံအနီးတွင် ဆိုက်ကားနင်း သူများ၊ ဈေးရောင်းသူများ
စည်ပင်သာယာနှင့် ပြဿနာတက်ကိန်းရှိသဖြင့်
ညဘက်တွင်မှ အလုပ်လုပ်သင့်သည်။
စီးပွားရေးအနေဖြင့် ဆံသဆိုင်ဖွင့်ခြင်း၊ စစ်ထဲဝင်ခြင်း၊ ညကင်းစောင့်ခြင်းများ
အကျိုးပေးအံ့။ ဆန္ဒပြသူများအတွက် အချိန်ကောင်း မဟုတ်သဖြင့် ဆန္ဒကိုမပြဘဲ
သိမ်းထားပါ။ အချစ်ရေးတွင်တော့ အတက်အကျမရှိဘဲ လုပ်သည့်အကျိုးကို
လက်ငင်းခံစားရကိန်းရှိသည်။ စာလိုက်ပေးသဖြင့်
ရဲစခန်းရောက်ကိန်း၊
ပါးချခံရခြင်းများသည် လက်ငင်းအကျိုးများပင်ဖြစ်လတ္တံ့။ အောင်မြင်မှုကို
ဆောင်ကျဉ်းလာမည့် ယတြာမှာ စိတ္တဇဆေးရုံကို ဆိတ်ငြိမ်ရပ်ကွက်ဟု သတ်မှတ်၍
ဆယ်ရက်တရားစခန်းဝင်ပါ။

လမ်းမှားပေါ်ရောက်နေသည့် ဗုဒ္ဓဟူးသားသမီးများ ကံကြမ္မာ ဖေးမမှုကြောင့်
လမ်းမှန်ပေါ်ရောက်ပြီးကာမှ ရဲကား
အတိုက်ခံရတတ်သည်။ ယမကာမှီဝဲခြင်း၊
လောင်းကစားလုပ်ခြင်းများတွင် ရောင့်ရဲတင်းတိမ်တတ်ပါစေ။ ရန်ဖြစ်ခြင်း၊
ရည်းစားနှင့်ကွဲခြင်း၊ လုယက်ခံရခြင်းများ ကြုံနိုင်သည်။ စီးပွားရေးအနေဖြင့်
ရင်းတိုင်းကုန်၊ လုပ်တိုင်းရှုံး၊
လှုပ်တိုင်းမြုပ်တတ်သဖြင့်
လုပ်ချင်ရာကိုလုပ်ပါ။ ပညာရေးကံကောင်းတတ်သည့် ဗုဒ္ဓဟူးသားသမီးများသည်
စာမေးပွဲနီးကာမှ ရေနစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ယားနာများပေါက်ခြင်း စသည့်
အနှောင့်အယှက်လေးများ တွေ့ရတတ်သဖြင့် ရေချိုးခြင်း၊ ရေသောက်ခြင်း လုံးဝ
မပြုလုပ်သင့်ပေ။ ယတြာအနေဖြင့်
လမ်းဆုံလမ်းခွ တစ်ခုတွင် လေးဘက်ထောက်ပြီး
"လွတ်လပ်ရေးအတွက် လမ်းပေါ်ထွက်လာတာ" ဟု လေးဆယ့်ငါးခါအော်ပါ။


ပေါက်ကရလေးဆယ် ပြောတတ်သူများ ပြဿနာတက်တတ်သည့်ကာလဖြစ်သည်။ ပင်ပင်ပန်းပန်း
လုပ်နေရသည့်တိုင် ပေါကြောင်ကြောင်
နိုင်မှုကြောင့် ကြာသပတေးသားသမီးများ
ဗိုက်ဟောင်းလောင်းဖြစ်ကိန်း မြင်နေသည်။
၂၀၁၂ တွင် ကမ္ဘာပျက်မည်အထင်ဖြင့်
အကြွေးယူထား သူများ ကမ္ဘာမပျက်ခင် ဘဝပျက်နိုင်သည်။ ဗိုလ်ကတော်များ
ဘုရားမေ့ကာ
ဖဲဝိုင်းထိုင်နေတတ်သည်။ ကျန်းမာရေးတွင် ပန်းနာရင်ကျပ်ထခြင်း၊ မျက်စိကွယ်ခြင်း၊
ပါးစပ်ရွဲ့ခြင်းများဖြစ်တတ်ပြီး မဖြစ်ပါက တစ်ခုခုလွဲနေပြီဟု ယူဆနိုင်သည်။
ပညာရေးတွင် ရှေ့ဆုံးရောက်နေသော ကြာသပတေး သားသမီးများသည် စာမေးပွဲခန်းထဲတွင်
ရှေ့ဆုံးခုံတွင် ထိုင်ရသဖြင့်
ခိုးချမရခြင်း၊ ရှေ့လူက
သင့်ကိုမပြခြင်းတို့ကြောင့် စာမေးပွဲကို ရှေ့ဆုံးမှကျနိုင်သည်။ အစစအရာရာ
အောင်မြင်စေရန် တစ်ခုသော ကြာသပတေးနေ့တွင် ပဲပြုတ်သည်တစ်ယောက်ကို ဖန်ပုလင်း
တစ်လုံးဖြင့် ပက်ပက်စက်စက်ရိုက်ရင်း "ဗိုင်းတာမ - ပဲများချင်ဦး" ဟု
အော်ဟစ်ပါ။


"သ" နှင့် "ဟ" ပါသော သောကြာသားသမီးများ "သိပ်ဟန်" နေပြီဟု ထင်လျှင်
လုံးဝမှားသွားလိမ့်မည်။ "သေဟဲ့" ဟု အော်ကာ ကိုယ့်နဖူးကိုယ် ပြန်ရိုက်ရမည့်
ကိန်းများသာ စီတန်း
တွေ့နေရမည်။ သမိန်ပေါသွပ်ဖတ်ပြီး သူရဲကောင်းဟု ထင်နေသူကို
သမက်ဖမ်းမိသဖြင့် သမီးဖြစ်သူ
ဒုက္ခရောက်တတ်သည်။ သံဝေဂရစရာများ
ဆက်တိုက်ကြုံနေတတ်သဖြင့် သံဃာတော်များကို ဆည်းကပ်သည့်တိုင်အောင်
သိပ်နောက်ကျသွားပြီ ဖြစ်သည်။
ကျန်းမာရေးတွင် သွေးထွက်သံယိုဖြစ်စရာ မရှိသော်လည်း
သေးထွက်သံစူးဖြစ်တတ်သည်။ စီးပွားရေး
လုပ်ငန်းများတွင် ဟိတ်ဟန်နှင့်
နေနိုင်ရန်ကြိုးစားသော်လည်း သေချင်စော်နံအောင် သိက္ခာကျကိန်းများ ထင်ရှားစွာ
မြင်နေရသဖြင့် သတိထားပါ။ ပညာရေးတွင်လည်း သောကများစရာများသာရှိနေသဖြင့်
သိပ်မကြိုးစားပါနှင့်။ ယတြာအနေဖြင့်
သဲကို သံပုရာရည်စမ်းပြီး သုံးရက်ဆက်တိုက်
သုတ်စားပါ။


* *စနေသားသမီးများ ကံဇာတာ
စန်းထချိန်ပင် ဖြစ်သည်။ နိုင်ငံရေးသမားများ
ထောင်ကကျွေးထားသဖြင့် ထမင်းစရိတ်သက်သာနိုင်သည်။ တပ်မတော်၏ စေတနာအမှန်ကို
နားလည်သူများ တော်လှန်ရေး
လုပ်ကြလတ္တံ့။ ဇာတာကောင်းချိန်ကြောင့်
ဓါတ်လိုက်သော်လည်း မသေဘဲ ရူးသွားနိုင်ရုံလောက်သာ ရှိသည်။ စီးပွားရေးတွင်
ဓားပြတိုက်စားခြင်း၊ ဒရဝမ်လုပ်ခြင်း၊
တောင်းစားခြင်းများ အထူးပင်ဖြစ်ထွန်းမည်။
ကျန်းမာရေးတွင် နူရုံထက်ပိုမဖြစ်လောက်ပေ။ ပညာရေးတွင်မူ
အနည်းငယ်အားနည်းနေပြီး
ထက်မြက်သူများပင် ထင်သလောက် မဖြစ်ဘဲ တဖုံးဖုံးကျနေဦးမည်ဖြစ်သည်။
နှလုံးသားရေးရာတွင် လှေနံ နှစ်ဘက်နင်းမှုကြောင့် နှစ်လောင်းပြိုင်
အသတ်ခံရနိုင်သဖြင့် သတိပြုပါ။ ယတြာချေလိုသူများ အနေဖြင့် နားရွက်နှစ်ဘက်တွင်
နာရီတစ်လုံးစီချိတ်ပြီး နတ်စင်အနီးတွင် နှစ်ရက်ခန့် မအိပ်ဘဲ မတ်မတ်ရပ်နေပါ။

ရယ်ရတယ်နော်
avatar
Guest
Guest


Back to top Go down

ပီတိချို၏ဟာသလေးများ Empty ကောင်းမွန်တဲ.ဟာသလေးတွေပါ

Post by kyarlay Sun 13 Jun 2010, 20:42

ဟာသကောင်းကောင်း လေးတွေဆက်တင်ပေးပါဦး စောင်.ဖတ်ပေးပါ.မယ် ဟီး ဟီး ရှက်တယ်2
avatar
kyarlay
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-05-28

Back to top Go down

ပီတိချို၏ဟာသလေးများ Empty Re: ပီတိချို၏ဟာသလေးများ

Post by Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum