မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

bunny ဖတ်မိသမျှ ဟာသလေးများ

2 posters

Go down

bunny ဖတ်မိသမျှ ဟာသလေးများ Empty bunny ဖတ်မိသမျှ ဟာသလေးများ

Post by bunny Mon 16 Aug 2010, 12:29

နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပန အခမ်း အနားဟာ ဧည့်ပရိတ်သတ်များနဲ့ အထူး
စည်ကား နေပါတယ်.. နှလုံးသား ပုံဖော်ထားတဲ့ ပန်းအလှဆင် ပန်းဝိုင်း ကြီးမှ
ဆရာဝန်ကြီးရဲ့ ရုပ်ကလာပ်ကို ဖြတ်သန်း သယ်ဆောင်ပြီး ခမ်းခမ်းနားနား
ဂုဏ်ပြု နှုတ်ဆက်ကာ ပို့ဆောင်လျက် ရှိနေခိုက် ပရိသတ်အတွင်းမှ တီးတိုးရယ်သံ
ထွက်ပေါ် လာပါတယ်.. ရယ်သူရဲ့ ဘေးမှ လူက ရယ်နေသူကို...
"ခင်ဗျား ဘာလို့ ရယ်တာလဲ"
ရယ်နေသူက.....
"နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပနကို ကြည့်ပြီး ကျနော့ဈာပန အကြောင်း
တွေးမိလို့ပါ"
မေးနေသူက...
"ခင်ဗျားက ဘာမို့လို့ လဲ"
ရယ်နေသူ ပြန်ဖြေလိုက်တာကတော့...
" ကျနော်က သားဖွားနဲ့ မီးယပ် အထူးကုပါ.."

ဦးနှောက် အစားထိုး ကုသဖို့ လိုအပ်တဲ့ လူနာက ဦးနှောက် အစားထိုး
ကုသပေးနေတဲ့ ဆေးရုံမှ တာဝန်ရှိ ဆရာဝန်အား ဈေးနှုန်း စုံစမ်းရာ...
ဆရာဝန်က...
"ကောင်းပြီ.. ဒီက ပီအိပ်ခ်ျဒီ ဆရာကြီး ရဲ့ဦးနှောက်က ဒေါ်လာ ၁၀၀၀၀၊ ဟောဒါက
နာဆာ ထိပ်တန်း သိပ္ပံပညာ ရှင်ကြီးရဲ့ ဦးနှောက်က ဒေါ်လာ ၁၅၀၀၀၊ ဒါက
ရဲဝန်ထမ်း တစ်ဦးရဲ့ ဦးနှောက် ဒေါ်လာ ၅၀၀၀၀ ..."
"ဘာဖြစ်လို့ ပါလဲ ဒေါက်တာ"
"သူ့ဦးနှောက်က တစ်ခါမှ မသုံးရသေး လို့ပါဘဲ..."

"ဒေါက်တာ ခင်ဗျား ..ကျွန်တော့်ကို ခွဲစိတ်မှုလုပ်ပြီး သွားရင် ကျွန်တော်
တယော ထိုးနိုင်ပါသလား"...
"ခင်ဗျား ကောင်းကောင်း ထိုးနိုင်ပါလိမ့်မယ်.."
"ကျေးဇူးပါဘဲ ဒေါက်တာ ကျွန်တော် အရင်က တယော မထိုးတတ်ပါဘူး"

"ဒေါက်တာ ခင်ဗျား .. ကျွန်တော် နမိုးနီးယား ဖြစ်နေတယ် ဆိုတာ
သေချာပါသလား.. ကျွန်တော် အရင်က ကြားဖူးတာ ဆရာဝန် တစ်ယောက် က လူနာ
တစ်ယောက်ကို နမိုးနီးယား ဖြစ်တယ်ဆိုပြီး အဲဒီလူ သေတော့ တိုက်ဖွိုက်ရောဂါ
နဲ့ သေသွား ပါတယ်.."
"စိတ်မပူပါနဲ့ .. ကျွန်တော့်ဆီမှာ တော့ အဲဒီလိုမျိုး မရှိပါဘူး
နမိုးနီးယား ဖြစ်နေသူက နမိုးနီးယား နဲ့ဘဲ သေကြပါတယ်.."

လူနာ တစ်ဦး ဟာ အလွန်တရာ ချမ်းအေးတဲ့ ဒဏ်ကို ခံစားနေရတဲ့ အတွက် ဆရာဝန်ဆီ
သွားပြပါတယ်.. ဆရာဝန်က သောက်ဆေး များကို ပေးလိုက်သော်လည်း မသက်သာပေ..
နောက်တစ်နေ့ ဆက်ပြတော့ နောက်ထပ်သောက်ဆေး အချို့ ပေးသော်လည်း ထူးခြားမှု
မရှိလာပေ.. တတိယ နေ့ ဆရာဝန်ဆီ ပြန်လာတော့ ..ဆရာဝန်က
"ခင်ဗျား အိမ်ပြန်ရောက် ရောက်ခြင်း ရေနွေးနဲ့ ရေချိုးလိုက်ပါ..
ပြီးပြီးချင်း အိမ်ပြတင်း ပေါက်တွေကို ဖွင့်လိုက်ပါ.. နောက်တော့ အဲဒီ
ပြတင်းပေါက် နားမှာ ရပ်နေပါ.."
"အဲဒီ လိုနေရင် ကျွန်တော် အအေးမိပြီး နမိုးနီးယား ဖြစ်သွား မှာပေါ့.."
လူနာက ပြန်ပြော လိုက်တော့..
ဆရာဝန် ပြန်ဖြေ လိုက်တာကတော့ ..
"ကျွန်တော် နမိုးနီးယား ကိုတော့ ကောင်းကောင်း ကုတတ်ပါတယ်.."

ဝန်ထမ်း တစ်ဦးဟာ အလုပ်လာရာမှာ နားနှစ်ဖက်စလုံး ပတ်တီး စည်းထားတာကို
အလုပ်ရှင်က တွေ့တော့..
"မင်း ဘာဖြစ်လာတာလဲ.. နားနှစ်ဖက်စလုံး ပတ်တီး စည်းထားတာ ပါလား..."
"ကျွန်တော် မနေ့ညက မီးပူတိုက် နေတုန်း ဖုန်းဝင်လာလို့ မီးပူကို
နားမှာကပ်ပြီး ဖြေမိပါတယ်.."
"ဟုတ်ပြီ ဒါဆို နောက်တစ်ဖက် ကကော ဘာဖြစ်တာလဲ.."
"နောက်တစ်ဖက်က ဆရာဝန်ဆီ ဖုန်းဆက် ခေါ်မိလို့ပါ.."
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

bunny ဖတ်မိသမျှ ဟာသလေးများ Empty မီးပျက်ခြင်း၏ အကျိုးကျေးဇူးများ

Post by bunny Mon 16 Aug 2010, 13:11


ရှူးတိုးတိုး ရှူးတိုးတိုး ရှူးတိုးတိုး
> ၁။ကလေးများကိုပျော်ရွှင်စေခြင်း
(သတိထားပြီးကြည့်ပါညဖက်မီးလာပြီဆိုရငကလေးတွေတဟေးဟေးနဲ့အော်တာကိုသူငယ်ချင်း တို့မြင်ဖူးပါလိမ့်မယ်။မီးလာမှန်တဲ့နိုင်ငံကကလေးတွေဆိုရင်ဒီလိုပျော်ရွှင်မူ့မျိုးကိုရမှာမဟုတ်ပါဘူး)

> ၂။သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာလျှင်ဓါတ်လိုက်၍မသေဆုံးနိုင်ခြင်း

> ၃။ဖယောင်းတိုင်လုပ်ငန်းရှင်များအကျိုးစည်းပွားဖြစ်ထွန်းခြင်း

> ၄။ ပြည်ပမှအထူးသဖြင့်တရုပ်ပြည်မှကုန်သည်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း (မီးချစ်၊ဓါတ်မီး)

> ၅။စတိုးဆိုင်ပိုင်ရှင်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။.

> ၆။မီးစက်မီးပေးသောသူများကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။
(တချို့သိချင်မှသိပါလိမ့်မယ။်မီးစက်မီးပေးတယ်ဆိုတာမီးချောင်းတချောင်းကို၁၀၀၊၁၅၀နုန်းနဲ့အိမ်တွေကိုမီးရောင်းတာကိုပြောတာပါ)
> ၇။လက်ဖက်ရည်ဆိုင်များရောင်းအားကောင်းလာခြင်း

>၈။ကျောင်းသားကျောင်းသူများစာတော်စေနှိုင်ချင်း(ဟုတ်တယ်လေမီးမလာတော့ TV မကြည့်ပဲ စာကြည့်ရတာကို)

> ၉။မီးစက်နှင့်အပိုပစ္စည်းအရောင်းဆိုင်များပြုပြင်သူများဝင်ငွေဖြောင့်စေခြင်း။

>၁၀။စက်သုံးဆီအရောင်းဆိုင်များ၊စက်သုံးဆီမှောင်ခိုရောင်းသူများအားအကျိုးစည်းပွား ဖြစ်ထွန်းစေခြင်း။

> ၁၁။လျှပ်စစ်ဝန်ထမ်းများအားတာဝန်မှသက်သာစေခြင်း။

>၁၂။စက်ရုံအလုပ်ရုံမှဝန်ထမ်းများတခါတရံအလုပ်ပင်ပန်းမှုလျော့ကျစေခြင်း။ (မီးလည်းမလာမီးစက်လည်းပျက်တဲ့အခါမှာပေါ့)

>၁၃။ဗီစီဒီအခွေငှားဆိုင်များဝင်ငွေတိုးစေခြင်း။(ဒီလိုပါ၊အခွေငှားပြီးမီးပျက်နေလို့၂ရက်ခရတာကိုဆိုလိုတာပါ)

>၁၄။အင်ဗာတာအသုံးပြုများသည့်အတွက် battery အေ၇ာင်းဆိုင်များအင်ဗာတာအေ၇ာင်း ဆိုင်များအေ၇ာင်းအ၀ယ်ကောင်းစေခြင်း။

> ၁၅။လျှပ်စစ်ပစ္စည်းပြုပြင်ရေးservic centerများဝင်ငွေကောင်းစေခြင်း။

> ၁၆။ထင်းမီးသွေးအေ၇ာင်းဆိုင်များရောင်းအားကောင်းလာခြင်း။

> ၁၇။ထမင်းဆိုင်များ၊စားသောက်ဆိုင်များများရောင်းအားကောင်းလာခြင်း။

> ၁၈။နွေအခါယက်တောင်ထုတ်လုပ်သူများအရောင်းအ၀ယ်ကောင်းစေခြင်း။

> ၁၉။ကလေးသူငယ်များအားကျန်းမာကြံခိုင်စေခြင်း။
(မီးမလာတော့TVတို့Gameတို့မဆော့ရပဲဘောလုံးကန်တာတို့ကြက်တောင်ရိုက်တာတို့ ပဲဆော့ရလို့ပါ)

> ၂၀။တရားအားထုတ်သောလူကြီးသူမများကိုစိတ်တည်ငြိမ်မှု့ရရှိစေခြင်း။
> (မလာတော့ဘေးပတ်ဝန်းကျင်ကတီဗီသံကက်ဆက်သံတို့မဆူတော့လို့ပါ)


> ဟဲဟဲတကယ်တော့မီးမလာရင်ငါလည်းမနေတတ်တာတော့အမှန်ပါပဲ
> တခုတော့ရှိတယ်တို့ဗမာတွေသတ္တိကအနောက်နိုင်ငံကြီးတွေထက်သာပါတယ်။
> တချိုကနိုင်ငံကလူတွေကမီးပျက်ရင်အထိတ်တလန့်အော်တာကိုရုပ်ရှင်ကားတချို့မှာ တွေဖူးတယ်။
>တို့နိုင်ငံမှမီးပျက်ရင်ကလေးတောင်မအော်ဘူးလေဒါ့ကြောင့်ဗမာတွေသတ္တိရှိတယ်လို့ ပြောတာပေါ့။
> မီးပျက်တာနဲ့ပက်သက်လို့ကဗျာစပ်ထားတာလေးလည်းရှိသေးတယ်။

> ဘဝ
> ဖုန်ထူနေပူ၊ကြွေးကထူသည်
> မီးကလည်းပျက်၊
> ရေလည်းငတ်၍
> ဖုန်းဘေကတတ်
> ငွေရှာခက်လျှက်
> လိုင်းကားကကြပ်
> လမ်းကပျက်ပြီး
> ချစ်သူကမုန်း
> ဖဲကရှုံးနှင့်
> သုံးစားမရတဲ့ဘ၀ပါလားနော်။
>
> သစ္စာ
> နေ့ခင်းခါလမင်းသာ
> ညခင်းခါနေမင်းထွက်ပါလို့
> ငှက်တွေနော်ရေမှာပျော်
> ငါးတွေနော်လေပေါ်ဝဲပြီး
> ဆန်တပြည်သုံးမတ်နဲ့
> ဆီတပုံးသုံးကျပ်ဖြစ်ခါမှ
> မြန်မာပြည်မီးမှန်ပါ့မယ်လုံးဝယုံထား။


> မီးလာပြီ၊မီးလာပြီ

> ပျော်ပျော်နေသေခဲ
> မော်တော်နေရေထဲ
> အိမ်မှာနေအမေဆဲ
> ရန်ကုန်မှနေဗုန်းကွဲ
> နေပြည်တော်နေအသားမည်း
> အမြင့်ဆုံးကိုတတ်
> အချစ်ဆုံးကိုဖက်ပြီးအော်လိုက်မယ်
> မီးလာပြီ၊မီးလာပြီ။
>

ဟီး ဟီး ဟီး



တစ်ကယ်တော့ အချက် ၂၀ ဘယ်ကမလဲ။
(၂၁) မီးမလာသည့်အတွက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊တရုတ်တို့နှင့် ယှဉ်နှိုင်ရန်

လိုအပ်သော လူဦးရေကို တိုးပွားစေခြင်း။

(၂၂) မီးမလာ ရေမတင်နိုင်သည့်အတွက် ရေသယံဇာတကိုထိန်းသိမ်းရာရောက်ြ
ခင်း။
(၂၃) မီးမလာသည့်အတွက် အိုဇုန်းလွှာပေါက်စေသော ဓာတ်ငွေ့ထုတ်လွှင့်သည့်
ရေခဲသေတ္တာနှင့် လေအေးပေးစက်များသုံးစွဲမှုလျော့ကျကာ ကမ္ဘာကြီးကို
ကယ်တင်ရာရောက်ခြင်း။
(၂၄) အသား၊ငါးများကို ရေခဲသေတ္တာအတွင်း ထည့်ထားလို့ မရသည့်အတွက်
လိုအပ်သလောက်ကိုသာ ဖမ်းဆီးဝယ်ခြမ်းစားသုံးသောကြောင့် ဈေးကွက်အတွင်း
သားငါးများ ပေါများလာခြင်း။
(၂၅) လပြည့်ညများတွင် သဘာဝ၏ အရသာကိုခံစားနိုင်ခြင်း။

(၂၆) တစ်ဦးနှင့်တစ်ဦးသိကျွမ်းခင်မင်ရန်အတွက် မီးမည်မျှပျက်ကြောင်းဖြင့်

စကားစနိုင်ခြင်း၊ သဘောထားလုံးဝကွဲလွဲမှုမရှိသောကြောင့်
အလွယ်တကူခင်မင်နိုင်ခြင်း
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

bunny ဖတ်မိသမျှ ဟာသလေးများ Empty Re: bunny ဖတ်မိသမျှ ဟာသလေးများ

Post by bunny Mon 16 Aug 2010, 13:18

ယောက္ခမ နဲ့ မိန်းမ ကို လုပ်ကြံနည်း

ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ
တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခုကိုတွေလိုက်တယ်။
ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ်
အခေါင်းတစ်ခုက ကပ်ပါလာတယ်။
ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက်
လမ်းလျှောက်ရင်းလိုက်လာတယ်။
အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊
ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား
အသာလေးကပ်သွားပြီး.........။
""မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။
ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး
တစ်ခါမှ မကြုံဖူးလို့ပါ။
ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊""

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်...
" ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့...""
""' မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ...""""
" အင်း....ကျွန်တော်မွေးထားတဲ့
ဒီခွေးလေ... ဒီကောင်ကြီးကိုက် လို့ ဆုံး သွားတာပေါ့။...""

""""ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ...""""

"" အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း သူပါခွေးကိုက်ခံရပြီး
ဆုံးသွားတာပါ။""

နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ် ခဏ အကြာမှာ တော့ ကျွန်တော်
စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်......
"""" ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ...""""

"" ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ...""



ဟီး ဟီး ဟီး


bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

bunny ဖတ်မိသမျှ ဟာသလေးများ Empty Re: bunny ဖတ်မိသမျှ ဟာသလေးများ

Post by Guest Fri 20 Aug 2010, 19:59

အကိုရေလာဖတ်သွားပါတယ်နော်
ရီလည်းရီရပါတယ်
ဆက်ရေးပေးပါဦးနော်

ကျေးဇူးတင်လျှက်
avatar
Guest
Guest


Back to top Go down

bunny ဖတ်မိသမျှ ဟာသလေးများ Empty Re: bunny ဖတ်မိသမျှ ဟာသလေးများ

Post by Nyi Thawe Fri 19 Aug 2011, 16:21

ကျနော်လည်းလာရာက်အားပေးသွားတယ်ဗျာ..
ကောင်းပါတယ်...ဆက်ရေးဦးနော်..
Nyi Thawe
Nyi Thawe
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 10
Join date : 2011-08-19
Age : 33

Back to top Go down

bunny ဖတ်မိသမျှ ဟာသလေးများ Empty Re: bunny ဖတ်မိသမျှ ဟာသလေးများ

Post by Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum