မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

“နှမ်းတစ်လုံးနှင့် ဆီမဖြစ်”

2 posters

Go down

“နှမ်းတစ်လုံးနှင့် ဆီမဖြစ်” Empty “နှမ်းတစ်လုံးနှင့် ဆီမဖြစ်”

Post by kyaw linn Sun 11 Apr 2010, 22:41

“နှမ်းတစ်လုံးနှင့် ဆီမဖြစ်” ဟူသောစကားကို လူတိုင်းကြားဖူးကြပေလိမ့်မည်။ အချို့သောသူများကလည်း “နှမ်းတစ်စေ့နှင့် ဆီမဖြစ်” ဟုဆိုကြသည်။ မည်သို့ပင် ဆိုကြစေကာမူ ဆိုလိုရင်း အဓိပ္ပါယ်ကား အတူတူပင်။ နှမ်းတစ်လုံးနှင့် ဆီမဖြစ် ဟုဆိုသော်လည်း ဆီဖြစ်လာရန် နှမ်းစေ့/နှမ်းလုံးများစွာလိုအပ်ပါသည်။ နှမ်းစေ့/နှမ်းလုံးများ စုစည်းရာမှ ဆီဖြစ်လာရပေသည်။ ဤသို့ဆိုလျှင် “နှမ်းစေ့တိုင်း ဆီဖြစ်ပါသလား” ဟုမေးစရာရှိလာသည်။ နှမ်းစေ့တိုင်းဆီမဖြစ်ပါ။ အချို့သောနှမ်းစေ့များက ပိန်သည်။ ဖျင်းသည်။ ထိုသို့ ပိန်ဖျင်းသော (နှမ်းစေ့မည်သော်လည်း နှမ်းစေ့မပီသော- နှမ်းစေ့အရည်အချင်း မပြည့်ဝသော-) နှမ်းစေ့များ ဆီဖြစ်မလာနိုင်ပါ။ ဆီဖြစ်နိုင်သော (မျိုးစေ့အောင်မြင်သော) နှမ်းစေ့များ စုစည်းပါမှ ဆီဖြစ်လာနိုင်ပါသည်၊။

ယခု- မနောဖြူသည့် မိဘမဲ့ ကလေးငယ်များကို တတ်နိုင်သလောက် ထောက်ပံ့ချင်သည်။ တတ်စွမ်းသလောက်ကူညီချင်သည်။ သူတို့ ကျွမ်းကျင်ရာ media မှ blog တင်၍ မိဘမဲ့ ကလေးငယ်များ၏ ဘ၀ကို အများသိအောင် ပြောပြနေသည်။ မိဘမဲ့ကလေးငယ်များ၏ ဘ၀ကို လှပစေချင်သည်။ သူတို့လေးတွေရဲ့ အနာဂတ်ကို လင်းလက်တောက်ပြောင် စေချင်သည်။ ထိုကြောင့် သူ တို့ တတ်နိုင်သလောက် ထောက်ပံ၍၊ သူတို့လက်လှမ်းမီသလောက် လက်ဆင့်ကမ်းသည်။ သူ တို့ တတ်သိကျွမ်းကျင်သော ပညာဖြင့် ကူညီနေခြင်းဖြစ်သည်။ မိဘမဲ့ ကလေးများကူညီစောင့်ရှောက်ရေးကဲ့ သို့ ကူညီမည့်သူများ (စေတနာရှင်/ အလှူရှင်များ) များစွာလိုအပ်ပါသည်။ မိဘမဲ့ ကလေးများစောင့် ရှောက်ရေးအဖွဲ့ သည် ချမ်းသာကြွယ်ဝသူများ ဖြစ်ဟန်မတူ။ သူတို့ တွေတတ်နိုင်သလောက် လှူသည်။ ကြွယ်ဝချမ်းသာမှ ထောက်ပံကူညီမည်ဟု ဆိုလျှင် မချမ်းသာ မပြည့်စုံ မကြွယ်ဝသေးလေသမျှ မလှူနိုင်တော့ပြီလော။ လောဘ၏ သဘာဝကိုက ရလေ လိုလေပင်။ ရောင့်ရဲ တင်းတိမ်ခြင်းမရှိပြီ။ တစ်ဦးတစ်ယောက်တည်းမစွမ်းနိုင်သော် စုပေါင်း ကူညီကြပါမှ (၀ိုင်းဝန်းလှုဒါန်း ကြပါမှ) မိဘမဲ့ကလေးငယ်များဘ၀ လှပပါလိမ့်မည်။ သူတို့လေးတွေရဲ့ အနာဂတ် လင်းလက်တောက်ပနိုင်ပါလိမ့်မည်။

“နှမ်းတစ်လုံးနှင့် ဆီမဖြစ်” ဟု ဆိုသော်လည်း နှမ်းစေ့များစွာ စုစည်းရာမှ ဆီဖြစ်လာပါ သည်။ ဆီဖြစ်လာဖို့ နှမ်းစေ့များစွာလိုအပ်ပါသည်။ နှမ်းစေ့တိုင်း ဆီမဖြစ်နိုင်ပါ။ ထပ်၍ဆိုရသော် အပိန်အဖျင်းနှမ်းစေ့များ ဆီမဖြစ်နိုင်ပါ။ မျိုးစေ့အောင်သော နှမ်းစေ့များ စုစည်းပါမှ ဆီဖြစ်လာပါမည်။
မနောဖြူသည့် မျိုးစေ့အောင်သော (နှမ်းစေ့အရည်အချင်းမီသော) နှမ်းစေ့တစ်စေ့ဖြစ် ကြောင်း သက်သေပြနေပါသည်။ ကျနုပ်တို့ကရော မည်သို့သော နှမ်းစေ့များ ဖြစ်နေကြပါသနည်း?။ ပိန်ဖျင်းသောနှမ်းစေ့လား?။ သို့မဟုတ်- မျိုးစေ့အောင်မြင်သော နှမ်းစေ့လား?။ ဆီတစ်စက်ဖြစ်လာရန်အတွက်စုစည်းသောနှမ်းစေ့များသည် ဆီဖြစ်စေနိုင်သောနှမ်းစေ့များ (မျိုးစေ့အောင်သောနှမ်းစေ့များ) ဖြစ်ဖို့လိုပါသည်။ ။


refer;သီရိလင်္ကာမှပညာတော်သင်ဦးဇင်းတစ်ပါးမှရေးသားပေးပို့ သည်(chitsu197@gmail.com)
kyaw linn
kyaw linn
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 26
Join date : 2010-03-26
Age : 48
Location : china

Back to top Go down

“နှမ်းတစ်လုံးနှင့် ဆီမဖြစ်” Empty Re: “နှမ်းတစ်လုံးနှင့် ဆီမဖြစ်”

Post by yinyinlai Sat 05 Jun 2010, 20:19

အင်း ကိုကျော်လင်းက ကျွန်မကို စဉ်းစားစရာတွေ ဂေါင်းထဲ ထည့်ပေးလိုက်ပြီကိုး
avatar
yinyinlai
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Female Posts : 14
Join date : 2010-03-28
Age : 39
Location : ရန်ကုန်

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum