မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


ဖတဆိုးလေး

View previous topic View next topic Go down

အမှတ်အသားပြုထားမည် ဖတဆိုးလေး

Post by Guest on Sun 11 Apr 2010, 05:39

ဘ၀တွေက ခါးလိုက်တာ . . .
မြို့ပတ်ရထားပေါ်က အိမ်သာနံရံကိုမှီ
ခြေနှစ်ချောင်းး ခိုင်ခိုင်ရပ်နိုင်ဖို့
သစ်ကိုင်းခြောက်လို ပိန်ခြောက်ခြောက်လက်လေးနှစ်ဖက်က
သံချေးအထပ်ထပ်နဲ့ ရထားအိမ်သာအပြင်ဘက်က သံတန်းလေး ကို အားပြုစုပ်ကိုင် . . .
သူမရဲ့ မျက်လုံးအိမ်တွေက နီရဲရဲခြောက်သွေ့သွေ့
မိုးကောင်းကင်ထက်ကို မော့ကြည့်နေတယ်။
ငှက်တလေးတွေရဲ့ လွတ်လပ်မှုကို အားကျနေတာလား။
အဆုံးအဆမဲ့ လွင့်မျောရဦးမယ့် ဘဝ
ဘယ်ပုံမျောလို့၊ ဘယ်ကမ်းကပ်မယ်။
ဘယ်သောင်ကို ဘယ်လိုရှောင်ပြီး
ဘယ်ဝဲကို ဘယ်လိုရှဲမလဲ။
မျှော့်လင့်ချက် ကင်းမဲ့စွာနဲ့ အားငယ်နေတာလား
အူဝဲ. . . အူဝဲ
ဟော. . .
ခြင်းထဲမှာ ထည့်သိပ်ထားတဲ့ကလေး
အာဟာရပျက်ပြီး ပိန်လှီလှီလေးပါ။
အာကိုခြစ်ပြီး ငိုသံထွက်လာတယ်။
မိခင် ရဲ့ ရင်နှစ်မွှာ နို့မထွက်တာ
သူမှမသိတာ
ဆာလောင်ချိန်အတွက် အချက်ပေးသံဟာ သူ့အတွက် ငိုသံပဲလေ။
ဘာမှန်းသူမသိပေမယ့် ခြစ်ခြစ်တောက်ပူနေတဲ့သူ့နှဖူးဆီက အာရုံသိကလည်း သူငိုစေတဲ့ အကြောင်းတစ်ရပ်ပေါ့။

သားရေ . . .
မငိုနဲ့နော် . . .
ရင်တွင်းက ဝေဒနာက လည်ချောင်းဝက အသံတွေကို
တစ်ဆို့စေခဲ့။ အမေပြောပြတော့ရော မင်းနားလည်နိုင်မှာလား

ဘော် . . . ဘူ . . .
ဟော . . . ဘူတာရုံတစ်ခုရောက်တော့မယ်။
ဆင်းနေခဲ့မလား၊ ဆက်လိုက်သွားမလား။
နောက်တစ်ခါ တွေးရပြန်ပြီ
ဆင်းနေခဲ့ဖို့ ဘယ်မှာလဲ ခိုနားရာ
ဆက်လိုက်သွားဖို့ရော ဘယ်မှာလဲ နားခိုရာ
ဘ၀တွေကခါးလိုက်တာ. . .

ဒီအချိန်ဆို မင်းအဖေကို သူတို့ သင်္ဂြိုဟ်လိုက်ကြပြီထင်ရဲ့
ဘ၀ရဲ့ ဒဏ်ရာဒဏ်ချက်တွေကြားထဲမှာ
သွေးအလူးလူး...
ဒဏ်ရာဗရပွနဲ့ သူရပ်တည်နိုင်စွမ်းမရှိတော့ဘူး။
အလောင်းကို ဆေးရုံလှူလိုက်တာက
လူလိုသေခွင့်ရှိဦးမယ်လေ..

ဘာပဲပြောပြော သူကတော့
ဘ၀အမောတွေထဲကနေ ခဏတဖြုတ်နားခိုခွင့်ရသွားပြီ။
တို့သားအမိမှာသာ . . .

သားလေးရေ
ဆာလောင်မွတ်သိပ်နေပြီလား
နာကျင်မောဟိုက်နေပြီလား
ဘ၀တွေက ခါးလိုက်တာ . . .
ငါတို့ သားအမိကြမှ ဆိုးလိုက်တဲ့ကြမ္မာ

အိုဘာပဲဖြစ်ဖြစ်
ညဉ့်အနက်ဆုံးအချိန်ပြီးရင်တော့
ရောင်နီလာမှာပေါ့။
ငါ့သားအတွက် အမေအားတင်းလိုက်ပြီ
ပစ္စည်းမဲ့လူတန်းစား မာနနဲ့ ရင်တွင်းအပူကို
ခဏငြိမ်းရင်း . . .
ဒီဘူတာတော့ ခဏဆင်းရမယ်
ရေခဲရေတစ်ခွက်
တောင်းသောက်လို့ ရတန်ကောင်းပါရဲ့။

Guest
Guest


Back to top Go down

အမှတ်အသားပြုထားမည် Re: ဖတဆိုးလေး

Post by သက်နိုင်ထူး on Thu 20 May 2010, 14:52

ပစ္စည်းမဲ့ လူတန်းစားဆိုတဲ့ စာလုံးလေးပါနေတော့ အရိပ်အယောင် မကင်းဘူးထင်ပါတယ်။
ကျန်တာအားလုံးကြိုက်ပါတယ်။ ဟဲဟဲ ဟဲဟဲ

သက်နိုင်ထူး
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 3
Join date : 2010-05-20

Back to top Go down

အမှတ်အသားပြုထားမည် Re: ဖတဆိုးလေး

Post by Star9 on Thu 20 May 2010, 20:28

အားပေးသွားပါတယ် ဖိုးထူးရေ ..... ကိုယ်တိုင်ရေးထားတာလား ပြန်မျှဝေတာလားဟင် ...

ဘာပဲဖြစ်ဖြစ် သားအမိနှစ်ယောက်ရဲ့ပူပန်မှုကို ကူးစက်ခံစားမိပါတယ် ...

Star9
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Female Posts : 10
Join date : 2010-05-18
Age : 31
Location : Singapore

http://marchstar9.blogspot.com/

Back to top Go down

အမှတ်အသားပြုထားမည် Re: ဖတဆိုးလေး

Post by ခင်မေခ on Tue 25 May 2010, 21:03

တကယ်သနားဖို့ကောင်းပါတယ်
ရင်ထဲမှာနင့်နေအောင်ခံစားရပါတယ်

ခင်မေခ
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 1
Join date : 2010-05-23

Back to top Go down

အမှတ်အသားပြုထားမည် Re: ဖတဆိုးလေး

Post by Guest on Tue 25 May 2010, 21:20

သက်နိုင်ထူး wrote:ပစ္စည်းမဲ့ လူတန်းစားဆိုတဲ့ စာလုံးလေးပါနေတော့ အရိပ်အယောင် မကင်းဘူးထင်ပါတယ်။
ကျန်တာအားလုံးကြိုက်ပါတယ်။ ဟဲဟဲ ဟဲဟဲ

မဟုတ်ပါဘူးဗျာ
ချမ်းသာနေရင် အဲ့ လိုဒုက္ခကိုတွေ့ ဖို့ ဆိုတာသိပ်မသေချာပါဘူး
မတွေ့ဖို့ များပါတယ်
အဲ့ ဒါကြောင့် ဆင်းရဲလွန်းတဲ့ သူကို ပစ္စည်းမဲ့ လူတန်းစားလို့ 
နာမ်စားသုံးပြီးပြောလိုက်တာပါ
ဘာကိုမှရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူးနော်


သံသယကင်းရှင်းနိုင်ပါစေ
phohtoo(OCG)
OrphanCareGroupဖိုရမ်မိသားစု

Guest
Guest


Back to top Go down

အမှတ်အသားပြုထားမည် Re: ဖတဆိုးလေး

Post by Guest on Tue 25 May 2010, 21:21

Star9 wrote:အားပေးသွားပါတယ် ဖိုးထူးရေ ..... ကိုယ်တိုင်ရေးထားတာလား ပြန်မျှဝေတာလားဟင် ...

ဘာပဲဖြစ်ဖြစ် သားအမိနှစ်ယောက်ရဲ့ပူပန်မှုကို ကူးစက်ခံစားမိပါတယ် ...

အမရေ ပြန်လည်မျှဝေထားတာပါဗျာ

Guest
Guest


Back to top Go down

အမှတ်အသားပြုထားမည် ထူးထူးရေကိုကိုလာပြီဟေ.

Post by kyarlay on Mon 14 Jun 2010, 10:44

ကောင်းပါတယ်ဒီလိုပဲပြောရမှာပေါ.ကိုယ်မှမရေးတတ်တာဟီး....... ဘ၀သရုပ်ဖော်ဆိုတာတတ်နိုင်ရင်အဲဒီနေရာမှာကိုယ်တိုင်ခံစားနိုင်ရတယ်တနည်းမုဒ်ပေါ.
ဒါမှဖတ်သူရင်ထဲမှာထိထိရှရှခံစားနိုင်မှာစာရေးဆရာတော်တော်များများအရက်သမားဖြစ်တာအဲဒီကစတာပဲမု(ဒ်)
အသွင်းလွန်သွားတာလေဝေဖန်တယ်မထင်နဲ.နော်ရမ်းတုတ်တာ ဟီး ဟီး ဟီး ဟီး


Last edited by phohtoo(OCG) on Mon 14 Jun 2010, 14:39; edited 1 time in total (Reason for editing : စာကြောင်းရှည်နေသဖြင့်  ၀င်ရောက်ပြင်ဆင်ပေးလိုက်ပါတယ်)

kyarlay
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-05-28

Back to top Go down

အမှတ်အသားပြုထားမည် Re: ဖတဆိုးလေး

Post by Sponsored content Today at 08:48


Sponsored content


Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum