မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


နောက်ဆုံးအချိန်မတိုင်မှီ

View previous topic View next topic Go down

အမှတ်အသားပြုထားမည် နောက်ဆုံးအချိန်မတိုင်မှီ

Post by kyaw linn on Tue 30 Mar 2010, 11:42

အခန်းကတော့ သီးသန့် အခန်းလေးပင်။ သို့ သော် ထိုအခန်းထဲဝင်လိုက်သည်နှင့်
အနံ့ စိမ်းများက ဆီးကြိုနေလေသည်။ ဆေးရုံနံ့ ။ ဘယ်လောက်ပဲ သန်
့ရှင်းရေးလုပ်လုပ် ဆေးရုံနံ့ ဆိုသည့် ပင်ကိုယ်အနံ့ က ပျောက်ပျက်မသွား။
ပိုးသတ်ဆေးပင် ဆေးအနံ့ မဟုတ်လား။ သည်အခန်းကျဉ်းလေးထဲရှိ သံကုတင်ပေါ်တွင်
သူ့ ကို ပက်လက်အနေအထားဖြင့် လှမ်းတွေ့ လိုက်ရသည်။ အသက်ကို
ကြိုးစားရှုနေရသော သူ၏ မှိန်ဖျော့ဖျော့ အဆင်းသဏ္ဍာန်ကိုလည်း
ကျွန်တော်လှမ်းမြင် သတိထားမိပြန်သည်။

သူမျက်လုံးတွေ မှိတ်ထားသည်။ ပါးစပ်က တတွတ်တွတ်နှင့် သူဘာတွေ
ရွတ်နေပါလိမ့်။ ကုတင်ဘေးမှ ဧည့်ကုလားထိုင်ကို ဆွဲယူရွေ့လိုက်သံကြားမှ
သူမျက်စိဖွင့်ကြည့်သည်။ ဖြည်းဖြည်းကလေး သူမျက်လုံးဖွင့်လာပုံမှာ
ရိပ်သာဝင်သည့် ယောဂီများ၏ လှုပ်ရှားမှုကဲ့သို့ ။

ကျွန်တော် သူ့ မျက်လုံးထဲ လှမ်းကြည့်လိုက်သည်။ သူ့ မျက်လုံးတွေသည်
အင်အားမရှိတော့။ ၀ါကျင့်ကျင့် မှိုင်းတိုင်းတိုင်း။ သူ့ မျက်လုံးပေါ်က
အရိပ်တွေမှ တဆင့် သူ့ စိတ်ထဲသို့  ကျွန်တော် မှန်းဆကြည့်မိသည်။ သူ့ တွင်
စိတ်ဓာတ်ခွန်အားတွေ လျော့ကျပျောက်ဆုံးနေပြီပဲ။

"သူငယ်ချင်း ငါ့ကို လာကြည့်တယ်နော်" ဆိုသော သူ့ အသံကလေးသည်
တိုးဖျော့လွန်းလှသည်။ ကျွန်တော် သူ့ ကို ဘယ်လိုအားပေးရပါ့မလဲ။ သူ
့ကိုအားပေးမည့် စကားလုံးများကို ကျွန်တော် ကြိုးစားရှာဖွေနေရသည်။

ကျွန်တော့် သူငယ်ချင်းသည် နောက်ဆုံးအခြေအနေသို့  ရောက်နေလေပြီ။ ဤသည်ကို
သူ့ ခန္ဓာကိုယ်အစိတ်အပိုင်းများက သက်သေခံနေပေပြီ။ အဆုတ်ကင်ဆာ။ သူသည်
သိပ်မကြာသော အချိန်တွင် ကျွန်တော်တို့ ကို လက်ပြ နှုတ်ဆက်ကာ လောကကြီးထဲမှ
ထွက်ခွာသွားပေတော့မည်။ သူသည် လောကကြီးထဲက ဘာကိုယူ၍ ထွက်သွားမည်နည်း။
ကျွန်တော်ကကော သူ့ ကို ဘာတွေပေးလိုက်နိုင်မည်နည်း။

တောက်..တောက်...တောက် နှင့် တဖြတ်ဖြတ်လှုပ်ရှားနေသော သူ့ ပုံရိပ်တွေကို
ကျွန်တော်ပြန်မြင်ယောင်မိသည်။ ငယ်သွေးနုစို၍ တက်ကြွနေသော သူ့ ပုံသဏ္ဍာန်
တက်ကြွထက်မြက်သလောက် အလုပ်တွေ အများကြီးလုပ်ခဲ့သူ။ လုပ်နိုင်သလောက်လည်း
သူများကို တစ်ဖက်သတ် ပြောဆိုရဲတဲ့သူ။ သူနှင့် မဆုံလိုက်နှင့်
ဆုံလိုက်တိုင်းသူ့ မှာအလုပ်နှင့် သူ့ စိတ်အဆက်အသွယ်ပြတ်သွားသည်ဟူ၍မရှိ။
အလုပ်လောဘကြီးသလောက်လည်း အစားအသောက်လည်း လောဘကြီးသည်။ တစ်နည်းအားဖြင့်
အစားစည်းကမ်းမရှိ။ စိတ်လှုပ်ရှားလာလေတိုင်း အလုပ်ပိလာလေတိုင်း သူ
့နှာခေါင်းနှင့် ပါးစပ်တို့ မှာ စီးကရက် မီးခိုးငွေ့ တထောင်းထောင်းနှင့်။

သူလှုပ်ရှားလုပ်ကိုင်နေရသော ပတ်ဝန်းကျင်နှင့် သူ့ စိတ်သဟဇာတဖြစ်သည်လား...။
မဖြစ်သည်လား...၊ သူ့ ကိုယ်သူ မသိ။ ကျွန်တော်က သူ့ ကို လောဘမကြီးရန်နှင့်
အလုပ်ကို သတိနှင့် လုပ်တတ်သည့်အကျင့် မွေးမြူရန် ပြောဆို သတိပေးသော်လည်း

သူနားမ၀င်ခဲ့။

"ငယ်တုန်း လုပ်နိုင်တုန်းရှာရတယ်ကွ၊ စံကြီးရ"

"လုပ်ပါ။ မလုပ်နဲ့ လို့ မပြောပါဘူး။ ငါတို့ လည်း လုပ်နေတာပါပဲကွာ။
ဒါပေမယ့် အလုပ်ကို ဇောနဲ့ လုပ်တာနဲ့  သတိနဲ့ လုပ်တာနဲ့  ရေရှည်မှာ
ကွာတယ်ကွ"

"ဆိုစမ်းပါဦး၊ မင်းစကားက"

"လူ့ ဘ၀ရောက်လာပြီးမှ အလုပ်ဆိုတာကတော့ မလွဲမသွေလုပ်ရမှာပေါ့။ ဒါပေမယ့်
လောဘတကြီးဇောနဲ့ လုပ်ရင် ကိုယ့်ကိုယ်မှာ ထိခိုက်တတ်တယ်ကွ။
အင်ဂျင်ကောင်းတိုင်း ကားကို မောင်းနေရင် ကြာရင် ဒီအင်ဂျင်
မြန်မြန်ကျသွားတော့မှာပေါ့။ သတိနဲ့  ချိန်ဆပြီးလုပ်ရင် ရေရှည်ခံတာကို
ငါပြောတာပါ"

"မင်းကြားဖူးသလား၊ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲလာတတ်တယ်။
နှစ်ကြိမ်မလာဘူးဆိုတာလေ၊ အခု ငါ့မှာ အခွင့်အရေးရောက်နေတုန်း
သူပြန်မထွက်သွားခင် ကမန်းကတန်းလုပ်ရမှာ အခွင့်အရေးထွက်သွားပြီးမှ
အေးအေးဆေးဆေးနားတာပေါ့။ အခုလောလောဆယ် ငွေရဘို့  အရေးကြီးတယ်လေ။ လောကမှာ
ငွေသာအဓိကကွ"

ကျွန်တော် မပြောသာတော့။ ထိုအချိန်က သူ့ လုပ်ငန်းတွေ အောင်မြင်နေဆဲ
အချိန်မို့ လည်း ကျွန်တော် စကားနိုင်မလုရဲတော့။ ယခုတော့ သူသည်
သူပြောသည့်အတိုင်း အေးအေးဆေးဆေးတော့ နားနေရပါသည်။ သို့ သော်
ဆေးရုံပေါ်မှာ၊ သူ့ မမြာဘ၀ရဲ့ နောက်ဆုံးအခြေအနေတွေကို

မသက်မသာရင်ဆိုင်ရင်းက...။

"ငွေရဘို့ အတွက် ကျန်းမာရေးအထိခိုက်ခံပြီး အလုပ်တွေ လုပ်တယ်ဆိုရင်

အဲဒီရှာထားသမျှငွေ အထိအခိုက်ခံပြီးတော့ပဲ ကိုယ့် ကျန်းမာရေးကို ပြန်ကုရလိမ့်မယ်"

ဆရာတော်ဦးဇောတိက(ပျဉ်းမနား)၏ တရားစကားသံကို ကျွန်တော်ပြန်သတိရမိသည်။

"လူတွေဟာ သေခါးနီးကျမှ ကပ်ပြီး သံဝေဂရကြတယ်။ အချိန်နှောင်းသွားပြီ၊
မရတော့ဘူး။ ဒါကြောင့် သေခါနီးကျမှ ကပ်ပြီတော့ သံဝေဂမရကြပါနဲ့ ၊
စောစောစီးစီး သံဝေဂရကြပါ။ စောစောစီးစီးကြိုကြိုတင်တင်
လုပ်သင့်တဲ့အလုပ်တွေကိုလုပ်ပါ။ လူ့ ဘ၀ကိုရတာ အသိဥာဏ်ရဘို့ ပါ။ ဘ၀ရဲ့ 
အနှစ်သာရဟာ အသိဥာဏ်ပါ။ အသိဥာဏ်ဆိုတာမှာ တရားအသိဥာဏ်က အဓိကပါ။
ဒီအသိဥာဏ်ကိုမှ မရလိုက်ရင် တစ်သက်လုံးရှာလာတာ သုံးလာတာ သေခါနီး
ဘာကျန်သလဲ။ ဘာမှ အဖတ်မတင်ဘူးနော်။ တစ်ခုမှ ယူသွားလို့ မရဘူး။
သွားကြားထိုးတံ တစ်ချောင်းတောင် ယူသွားလို့ မရဘူး။

အဲဒါကြောင့် အခုအချိန်ရှိတုန်း အချိန်မဖြုန်းနဲ့ ၊ စားဝတ်နေရေးအတွက်
လုပ်နေရင်း ကြားထဲမှာ ရသမျှအချိန်လေးနည်းနည်း ဖြစ်ဖြစ်ရအောင်ယူပြီး
တရားအားထုတ်ပါ။ ဆယ်မိနစ်ရရင် ဆယ်မိနစ်အားထုတ်ပါ။ ငါးမိနစ်
လေးဆယ့်ငါးကြိမ်ဆိုရင် နည်းတာ မဟုတ်ဘူး။ တရားအားထုတ်လာရင် တရားအားထုတ်ဖို
့အချိန်ကို ယူတတ်လာပါလိမ့်မယ်။ ဒီစကားကိုပြောတာ အကြိမ်များလာတော့ တချို့ 

တပည့်တွေက လုပ်ကြည့်ပြီးတော့ ပြောလာတယ်.....

"တပည့်တော်တို့ က အရင်တုန်းက တရားအားထုတ်ဖို့  အချိန်မရှိဘူးလို့ 
ထင်နေခဲ့တာ။ ယခုတော့ ရသလောက်အားထုတ်အကျင့်ကို လုပ်လိုက်တော့
အချိန်ရလာတယ်" တဲ့။ အရးမကြီးတဲ့ ကိစ္စနဲ့  အပြင်ထွက်တာမျိုးမလုပ်တော့ဘူး။
အရေးမကြီးတဲ့ အပျင်းပြေဖတ်တဲ့စာတွေ မဖတ်တော့ဘူး။ အရေးမကြီးတဲ့
ရေဒီယိုနားထောင်တာ၊ တီဗွီကြည့်တာ၊ ဗီဒီယိုကြည့်တာ မလုပ်တော့ဘူး။

ဒါတွေ လျော့လိုက်တာနဲ့ ပဲ တရားအားထုတ်ဖို့ အချိန် တစ်နေ့ နှစ်နာရီ
သုံးနာရီလောက် ရနေတယ်တဲ့။ ဒီကြားထဲမှာလည်း သွားရင်းလာရင်
လုပ်ရင်းကိုင်ရင်း သတိကို ကပ်ထားပါတယ်တဲ့။ အဲဒီလို မရမက ရသလောက်ယူပါ။

We eat to live, we don't live to eat.

အသက်ရှင်ဖို့  စားရတာပါ။ စားဖို့ အတွက် အသက်ရှင်နေတာ မဟုတ်ပါဘူး။

စားဝတ်နေရေးက ခန္ဓာဝန်ထမ်းပါ။

မလုပ်မဖြစ်ဘူး။ လုပ်ရမယ်။ ဒါပေမယ့် လူ့ ဘ၀ရတာဟာ အသိဥာဏ်ရဖို့ ပါ။

အဲဒီအသိဥာဏ်ရဖို့  ကြိုးစားကြပါ.."

ကျွန်တော့် နားထဲတွင် အကြိမ်ကြိမ်ကြားယောင်နေသော ဆရာတော်ဦးဇောတိက(ပျဉ်းမနား)

၏ တရားစကားသံများကို သူငယ်ချင်းဖြစ်သူအား ကျွန်တော်ပြောပြချင်သည်။



သို့ သော်...

ခဏကြာတော့ ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမနှစ်ဦး အခန်းထဲဝင်လာသည်။
စမ်းသပ်သည်။ သူငယ်ချင်းဖြစ်သူလည်း အကြီးအကျယ်အမောဖောက်နေလေပြီ။ အလုပ်သမား
နှစ်ဦး ၀င်လာသည်။ လူနာတင်တွန်းလှည်းပေါ်သို့  သူငယ်ချင်းဖြစ်သူကို ပွေ
့တင်နေကြသည်။ ပြီးတော့ အခန်းထဲမှ ထွက်ခွာသွားကြသည်။ သူငယ်ချင်းဖြစ်သူသည်
လူနာတင်တွန်းလှည်းပေါ်တွင် ပက်လက်အနေအထားဖြင့် ပါသွားပေပြီ။ ကျွန်တော်က
အခန်းထဲတွင် ကျန်နေသေးသော သူနာပြု ဆရာမကို မေးကြည့်မိသည်။
သူခေါင်းခါပြသည်။ မရတော့ဘူးဆိုသည့်သဘော။ ပြီးတော့ သူငယ်ချင်း၏
လူနာမှတ်တမ်းကဒ်ပြားကို ယူကာ အခန်းထဲမှ ထွက်သွားတော့သည်။

ကျွန်တော်သည် သူငယ်ချင်း၏ နောက်ဆုံးအချိန်မှာ ဘာမျှ
ပြောခွင့်မရလိုက်တော့။ ထိုထက်ဆိုးသည်ကားခဏကြာလျှင် သူ့ ဇနီး၊ သူ
့သားသမီးတွေ ရောက်လာလိမ့်ဦးမည်။ သူအပန်းခံရှာခဲ့သော သူ့ ဘ၀နှင့်
ရင်နှီးခဲ့ရသော ငွေတို့ ဖြင့် ၀ယ်ယူထားသည့် နောက်ဆုံးပေါ်
ကားသစ်ကြီးကိုစီးပြီး ဆေးရုံထဲဝင်လာမည့် သူ့ သားသမီးများ၊ သူ့ စိတ်ကို သူ
သိမသွားနိုင်သည့် အခြေအနေရောက်အောင် သူ့ ဘ၀ သူ့ အချိန်ကို ပေးဆပ်ရင်းမှ
ရလာသောငွေဖြင့် ၀ယ်ယူကာ ခန္ဓာကိုယ်နေရာအနှံ့  ရတနာတွေ သီးညွှတ်နေအောင်
ဝတ်ဆင်ထားသော သူ့ ဇနီးသည်စသည်တို့ နှင့် မျက်နှာချင်းဆိုင်တွေ့ သည့်အခါ
ကျွန်တော်ဘယ်လို စကားပြောရမလဲဆိုတာ စဉ်းစားနေရင်း...။





(စာရေးသူ - မြသန်းစံ)

kyaw linn
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 26
Join date : 2010-03-26
Age : 40
Location : china

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum