လိုအပ်နေသည့် ကွက်လပ်လေး
2 posters
Page 1 of 1
လိုအပ်နေသည့် ကွက်လပ်လေး
ကျွန်တော့်ဖြစ်ချင်သည့်ဘဝ
လိုချင်သည့်ကမ္ဘာ
ခနခနမက်ခဲ့ရသည့်အိပ်မက်.
ဘယ်တော့မှ မပြည့်စုံဘူးဆိုသည့်တိုင်
ကျွန်တော်ကြိုးစားနေဦးမှာ အဖေ
တစ်ချိန်မှာ
ကျွန်တော်တို့ ဆုံဆည်းရမှာပါ
ဖေဖေရယ်..............................။
ဒီကောင်လေးက အဖေမရှိ အမေကြီးနဲ့..နေနေရတဲ့..အခြေအမြစ်မရှိလေးပါ။
လူတွေ အားလုံးက ကျွန်တော်ကို ဒီအတိုင်းသတ်မှတ်ထားသည်။ ကျွန်တော့်ဘ၀ကို ကျွန်တော် ပြန်စဉ်းစားကြည့်သည်။
လူတွေပြောလည်း ပြောချင်စရာ ကျွန်တော်ဘ၀က မွေးလာကတည်းက ဖခင်ဆိုတာ ဘာမှန်းမသိ။ ဘယ်လိုမျိုးဆိုတာသိဖို့ဝေလာဝေး...
လူ့လောကကို ရောက်ပြီး စကားသံဆိုတာ ထွက်လာကတည်းက ကျွန်တော်နှုတ်ဖျားက အဖေ ဆိုတာမျိုး တစ်ခါမှ မခေါ်ဖူးခဲ့ချေ။
ခေါ်စရာလည်းမရှိ...။ ခေါ်စရာလည်း မလိုဟု မေမေ ကခနခနပြောသည်.။
ကျွန်တော်ကျောင်းမနေခင်..၃ နှစ် ၄ နှစ်လောက်မှာ မေမေ ကို မေးကြည့်ဖူးသည်။ ဖေဖေ ဘယ်မှာလဲ.၊ ကျွန်တော်အဖေက ဘယ်လိုပုံစံလဲ..
မေမေ အဖြေသည်က နင့် အဖေ သေပြီ......။ ထပ်ခါ ထပ်ခါ သူမေးမိသည်. ပြန်ရခဲ့သည့်အဖြေက..ထိုတစ်မျိုးထဲ
နင့် အဖေ သေပြီ..............
ဒါပေမဲ့ကျွန်တော် ဘ၀ကို ရဲရင့်စွာရင်ဆိုင်နိုင်အောင် မေမေ အစွမ်းကုန်ကြိုးစားပေးခဲ့သည်။ ငယ်စဉ်ဘ၀အတွက် လိုအပ်ချက် ဟူသည် မြူတစ်မှုန်မရှိခဲ့..
အားလုံးပြည့်စုံခဲ့ခြင်းမဟုတ်ရင်တောင်..သူများအောက်မကျအောင် မေမေ ထားပေးနိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော်လိုအပ်နေသည့်အရာတစ်ခုကိုတော့
မေမေ ဘယ်တုန်းကမှ ဖြည့်ဆည်းမပေးခဲ့.။ အစားထိုးပေးဖို့လည်း မကြိုးစားခဲ့ပါဘူး။ မေမေက ကျွန်တော်လိုအပ်ချက် လိုအပ်နေသည်ကို သိတာပဲလား...လစ်လျူရှုခဲ့ခြင်းလား
ဘယ်လိုပဲဖြစ်ဖြစ်လေ.....ကျွန်တော်တကယ်ကို လိုအပ်နေသည့်က.
အဖေတစ်ယောက်ရဲ့ အားပေးစကား၊ အဖေတစ်ယောက်ရဲ့ ခွန်အားးးးးးးးးးး၊
မဖြစ်နိုင်တော့ပါဘူး..ဒိဘ၀အတွက်တော့ ကျွန်တော်နှုတ်ဖျားက.အဖေ ဆိုပြီး ဘယ်တော့မှ ခေါ်ရလိမ့်မည်မဟုတ်ပေ။ ခေါ်စရာမရှိအောင်လည်း မေမေ ကရှင်းပြခဲ့ပြီးသားပဲ...။ ဘယ်အချိန်မေးလိုက် မေးလိုက် မေမေ နှုတ်ဖျားက အဖြေသည် မပြောင်းလဲခဲ့.။ ရက်မှ လ၊ လမှနှစ် ဥတုရာသီတွေသာအလီလီပြောင်းသွားခဲ့သည်..မေမေ အဖြေသည်က မပြောင်းလဲခဲ့...ထိုအတိုင်းသာဖြစ်သည်..
နင့် အဖေ သေပြီ..............
သြော်...ကျွန်တော်ဘ၀ လူတကာက မိမစုံဖမစုံ ဆိုပြီး နှိမ်ချင်ကျသည်။ အနိုင်ကျင့်ချင်ကျသည်။ တစ်ခါတစ်လေတော့လည်း..သူများတွေမိသားစုလေးလို
အဖေရယ် အမေရယ်နဲ့..ပျော်ပျော်ပါးပါးကြီးနေပစ်လိုက်ချင်သည်.။ တကယ်ကို ကျွန်တော်အတွက်လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခု ဘယ်တော့များမှပြည့်စုံလိမ့်မလဲ...အကြိမ်ကြိမ်တွေးမိသည်. အဖေကိုတွေ့ချင်သည်။ သူငယ်ချင်း မိသားစုတွေလေ.အဖေ ရေ ဆိုပြီး အားရပါးရ ခေါ်ကာစကားတွေအများကြီးပြောချင်သည်။ မကျေနပ်တာတွေ ရင်ဖွင့်ချင်သည်။ မုန့်ဖိုးတောင်းချင်သည်။ ဒါပေမဲ့ ဘယ်တော့များမှ ကျွန်တော်တို့ ဆုံဆည်းရမှာလဲ အဖေ............
ကျွန်တော် တကယ် စိတ်မနာပါဘူး၊ စိတ်မပျက်မိပါဘူးးးအားမငယ်အောင်လည်း မေမေက ဖြည့်ဆည်းပေးထားပါတယ် အဖေ..
ဒါပေမဲ့ ကျွန်တော်အတွက် တကယ်လိုအပ်နေတာ..အဖေတစ်ယောက်ရဲ့ မေတ္တာ၊ အဖေတစ်ယောက်ရဲ့ ထိန်းချုပ်မှု၊ အဖေတစ်ယောက်ရဲ့
ဂရုဏာဒေါသတွေပါ အဖေ....
ကျွန်တော့်အတွက် တကယ်ကို လိုအပ်ပါတယ်.. ကျွန်တော် အကြိမ်ကြိမ် စဉ်းစားမိတယ်..ဘယ်လိုအကြောင်းမျိုးတွေက ကျွန်တော်တို့မိသားစုလေးကို ပျက်စီးစေတာလဲ..အဖေ..ကျွန်တော်ခေါင်းတွေပူပြီး လူကသာပင်ပန်းမောဟိုက်လာတယ် ကျွန်တော်လိုချင်တဲ့
အဖြေကိုမရခဲ့ပါဘူးးးးးးးးးးးးးးးးးးးးး
အဖေ သားအခု ဆို ၁၀ တန်းလည်းအောင်ပြီ... မေမေ ကျေးဇူးတွေကြောင့် သားအခုဆို လူ့လောကကို ရဲရဲတင်းတင်း ရင်ဆိုင်နိုင်နေပြီ..
ဒါပေမဲ့အဖေ..ရယ် ..ဖခင်တစ်ယောက်ရဲ့ ထိန်းချုပ်မှုမရှိပဲ သားရပ်တည်ရတဲ့လူ့လောက က ဘယ်လောက်ပင်ပန်းတယ်ဆို
ကြုံဖူးတဲ့ လူမှ သိတာပါ အဖေ..ဒါပေမဲ့ သားစိတ်မနာပါဘူး၊ မနာကြည်းပါဘူး အဖေ..
တကယ်တော့ ဘာတွေကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အဖေပါ ကျွန်တော်ရဲ့ တစ်ယောက်တည်းသောအဖေပါပဲ.....
အဖေရေ.....သားတစ်ခါတစ်လေ အဲ့လိုအော်ခေါ်လိုက်ချင်တယ်..ဒါပေမဲ့ အဖေဘယ်မှာလဲ..ဘယ်နေရာမှာ ရှိမလဲ.
သားအခုထိ မသိရသေးပါဘူး အဖေ၊သိဖို့လည်း ကြိုစားခဲ့ပါတယ်.ဒါပေမဲ့ အဖေအကြောင်း၊ အဖေသတင်း သား အစအန တောင် မသိခဲ့ရပါဘူး
အဖေရယ်..သား မမုန်းပါဘူးးးးးးးးးးးးးး
ကိုယ့်အဖေက ဖြူလား၊မဲလား၊ပုလား၊ရှည်လား ဆိုတာ သားအခုထိ မသိခဲ့ရပါဘူးအဖေ။ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့..အမြဲတမ်း ကံဆိုးတွေကို
သာ ပိုင်ဆိုင်ခဲ့ရတဲ့သားးးးးးးးးး.. အခုထိ ကံဆိုးနေတုန်းပဲအဖေ....
အဖေဘယ်မှာလဲ...တစ်ခါတစ်လေတော့ လောကကြီးကို စိတ်နာမိတယ် အဖေရယ်...ဘာလို့များ သားတို့မိသားစုလေးကို ရက်ရက်စက်စက်ဖျက်ဆီးခဲ့ရတာလဲ...
အဖေရေ..သားအခုဆို လူကြီးဆိုပြီး သတ်မှတ်ရလောက်အောင်ကို အသိဥာဏ်တွေရှိနေပါပြီ၊ အလုပ်အကိုင်တွေလည်းရှိနေပါပြီ။
အဆိုးအကောင်း ဆုံးဖြတ်နိုင်တဲ့ ဦးနှောက် ကိုလည်းပိုင်ဆိုင်နေပါပြီ..ဒါပေမဲ့ သားအတွက်ကတော့ အဖေမေတ္တာ၊ အဖေဂရုဏာတွေ
လိုအပ်နေတုန်းပါအဖေ....
သားကြိုးစားမယ်..။ တစ်နေ့မှာ ဖေဖေရယ်၊ မေမေရယ် သားရယ်..ဓါတ်ပုံလေး တစ်ပုံတော့ တွဲရိုက်ချင်ပါသေးတယ်
ကျွန်တော်ရဲ့ အိပ်မက် ၊ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေ တစ်နေ့တော့ ပြည့်လာမှာပါအဖေ..
အဲ့အချိန် ရောက်ဖို့ အဲ့အချိန်အတွက် သားကြိုးစားနေပါတယ် အဖေ....
တစ်ခုတော့ တောင်းဆိုပါရစေ အဖေရယ်......သားတို့ မဆုံတွေသေးပဲနဲ့ လောကကြီးကနေ အပြီးပိုင်မထွက်သားပါစေနဲ့လို့....................
အဖေရယ်...ကျွန်တော် ခံစားချက်တွေကို မျိုသိပ်နိုင်စွမ်းမရှိလို့ အခုလိုဖွင့်ဟလိုက်တာပါ...
ဘယ်ဆီဘယ်ဝယ်မှာ မှန်းမသိတဲ့ ကျွန်တော်ရဲ့ အဖေ...
သိနိုင်ကြားနိုင်ပါစေ.............လို့ ဆုတောင်းရင်းးးးးးးးးးးးးးးးး

Re: လိုအပ်နေသည့် ကွက်လပ်လေး
စိတ်မကောင်းလိုက်တာရှင်
သူငယ်ချင်းရဲ့ အဖေလည်း လူ့လောကမှာ ရှိပြီးတော့ အမြန်ဆုံး မိသားစုသုံးယောက် ပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်

yinyinlai- လေ့လာသူအဆင့်
- Gender : Posts : 14
Join date : 2010-03-28
Age : 40
Location : ရန်ကုန်
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum