မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျမ်းကိုးစာရင်း

2 posters

Go down

ကျမ်းကိုးစာရင်း Empty ကျမ်းကိုးစာရင်း

Post by ThinAung Mon 22 Mar 2010, 08:32

သမ္မန်သမားတစ်ယောက်သည် ကူးတို့ဆိပ်မှာ ခရီးသည်ကို မျှော်နေသည်။ ခဏအကြာတွင် သားသားနားနား ၀တ်စားပြီး လက်ဆွဲ အိတ် တစ်လုံးဆွဲထားသော လူတစ်ယောက်ရောက်လာသည်။ တစ်ဖက်ကမ်းသို့ ပို့ပေးဖို့ ငှါးရမ်းသည်။ သမ္မန်ထွက်ခွာစတွင် ထိုသူကမေး၏။

” မင်း.. အင်္ဂလိပ်စာ တတ်သလား ”

သမ္မန်သမားက.. ” ရက်စ် နဲ့ နိုး ကလွဲရင် ဘာမှမတတ်ဘူး ခင်ဗျာ ”

ခရီးသည်က ခေါင်းကို ခါရမ်းလိုက်ပြီး .. ” အင်း.. ခုခောတ်မှာ အင်္ဂလိပ်စာ မတတ်ရင် လူဖြစ်ရှုံးတာဘဲကွ ”

မြစ်လည်သို့ ရောက်သောအချိန်မှာပင် ကောင်းကင်တစ်ပြင်လုံး အုံ့မှိုင်းပြီး နီရဲလာတာ တွေ့ရ၏။

သမ္မန်သမားက ” မုန်တိုင်းတိုက်တော့မယ်ဗျ “

ခရီးသည်လည်း ထိတ်လန့်တကြား.. ” ဒုက္ခပါဘဲ.. ငါရေမကူးတတ်ဘူးကွ။ ဘယ်လိုလုပ်ကြမလည်း ”

သမ္မန်သမားက ကောင်းကင်ကို မော့ကြည့်ပြီး.. ” လေမုန်တိုင်းက အင်္ဂလိပ်လို မတတ်တော့လည်း ခက်သားကလားဗျ ” ဟု ရေရွတ်လိုက်သည်။

~~~~~~0-0~~~~~~

ယုထ္ထိဗေဒသမား တစ်ယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ် ၄၈ ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့ပါ။ ထိုအခါ သူသည် မှတ်တိုင်သို့ဆိုက်လာသော အမှတ် ၄၇ကားကို တက်စီးလိုက်သည်။ လမ်းဆုံ မှတ်တိုင်မှာ ဆင်းပြီး အမှတ် ၁ ကားကို ပြောင်းစီး သည်။၄၇ နှင့် ၁ ပေါင်းတော့ ၄၈ ဖြစ်သွားတာပေါ့ဟု သူက သတ်မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ ရောက်သွားလေသည်။

~~~~~~0-0~~~~~~

စာပေသမား တစ်ယောက်သည် ကားတစ်စီးငှါးပြီး ခရီးထွက်လာခဲ့သည်။ ထမင်းစားချိန် ရောက်သောအခါ မြို့ငယ်တစ်မြို့ငယ်ရှိ ထမင်းဆိုင် တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး ဒရိုင်ဘာက ..

” ထမင်းစားကြရအောင်ဆရာ။ ဒီဆိုင်က ဟင်းတွေ သိပ်ကောင်းတယ် ”

စာပေသမားက ဆိုင်ကိုလှမ်းကြည့်ပြီး ခေါင်းခါလိုက်သည်။

” ဆိုင်းဘုတ်ကို ကြည့်စမ်း၊ ထမင်းဆိုတဲ့စာလုံးကို ‘ ထဆင်ထူး ‘ နဲ့ ‘ မ ‘ ကို နှစ်လုံးဆင့် ရေးထားတယ်။ သတ်ပုံမှားနေတယ် ”

ဟု မနှစ်မြို့ဟန်ဖြင့်ပြောသည်။ ထိုအခါ ဒရိုင်ဘာက ..

” ဆရာက ထမင်းစားမှာလား.. သတ်ပုံစားမှာလား ” ဟု ပြန်မေးလိုက်လေသည်။

~~~~~~0-0~~~~~~

ပညာရှိကြီးက စာအုပ်ပုံကို လက်ညှိုးထိုးပြလိုက်ပြီး..” ဟောဒီ စာအုပ်တွေဟာ ငါ့အတွေးအခေါ်တွေဘဲ ” ဟု ဆို၏ ။

” အဲ့ဒီ အတွေးအခေါ်တွေပေါင်းလိုက်ရင် အချိန်တစ်ဆယ်လောက်တော့ ရှိမယ်နော် ဆရာကြီး” ဟု ဘော်တယ် ကုလားက ပြန်ပြောလိုက်၏။

~~~~~~0-0~~~~~~

သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်ရင်းငေးမောနေသော အလုပ်လက်မဲ့ တစ်ယောက်အနားသို့ ဘောဂဗေဒပညာရှင် တစ်ယောက် ရောက်ရှိလာ၏။

သူက.. ” မင်း အလုပ်တစ်ခုကို ကြိုးကြိုးစားစား လုပ်သင့်တယ်။ ဒါမှ အသက်ကြီးတဲ့အခါ ဇိမ်နဲ့နေနိုင်မှာပေါ့ ” ဟု အကြံပေး ညွှန်ကြားသည်။ ထိုအခါ အလုပ်လက်မဲ့က ပြန်ပြောသည်။

” ဒါဆို ဘာလုပ်နေစရာ လိုတော့လို့လည်းဗျာ။ အခုလည်း ကျွန်တော် ဇိမ်နဲ့ထိုင်နေတာပဲ “

~~~~~~0-0~~~~~~
သချာင်္သမား တစ်ယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သ သတင်းကို ဖတ်ကြည့်သည်။

” ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ငါးဆယ်” ဟု ခန့်မှန်းချက် ပေးထားသည်။ ထို့ကြောင့် သူသည် မိုးကာအကျီ င်္ဝတ်ပြီး နေကာမျက်မှန် တတ်လျှက် ထွက်သွားလေသည်။

~~~~~~0-0~~~~~~

” ယောကျာင်္းတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်း ဆုံးရှုံးရတဲ့ အထိဖြစ်သွားတတ်တယ် ” ဟု ရှေ့နေတစ်ယောက်က ပြောသောအခါ ဆရာဝန်တစ်ယောက်က..

” မိန်းမတွေ အမှားကြီး မှားပြီဆိုရင်တော့ အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။

မင်းလူ ရဲ့ နှလုံးသား ၃၈၀/၅၄ ၀တ္ထုတိုပေါင်းချုပ် စာအုပ်လေးထဲမှ ကူးယူဖော်ပြခြင်းပါ။
ThinAung
ThinAung
အုပ်ချုပ်သူ
အုပ်ချုပ်သူ

Gender : Male Posts : 43
Join date : 2010-03-21
Age : 35
Location : မေတ္တာညွန့်၊တာမွေ၊ရန်ကုန်

Back to top Go down

ကျမ်းကိုးစာရင်း Empty ကောင်းမွန်တဲ.ဟာသလေးတွေပါ

Post by kyarlay Tue 15 Jun 2010, 13:27

ညီလေးရေ ဟာသလေးတွေတင်ပါဦး
စောင်.ဖတ်ပါရစေ အားပေးနေမယ်ဟေ.
avatar
kyarlay
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-05-28

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum