မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

ပီတိချို၏အတွးစာစုများ

Go down

ပီတိချို၏အတွးစာစုများ Empty ပီတိချို၏အတွးစာစုများ

Post by Guest Thu 10 Jun 2010, 16:38

၂၀တန်အချိန်လေး


လူတစ်ယောက်


အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့ အိမ်ကိုပြန်လာတယ်။
ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ် သူ့သားလေးက အိမ်ပေါက်ဝမှာ
သူပြန်အလာကို စောင့်နေတာ တွေ့ရတယ်။
သား - “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် - “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား - “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် - “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ” ဖအေဖြစ်သူက
ဒေါသနဲ့ မေးလိုက်တယ်။
သား - “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ
အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် - “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။
နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက ငွေချေးပြီး ဘာမဟုတ်တဲ့
အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့ ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင်
အခုချက်ချင်း မင်းအခန်းထဲမှာ ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ
ကြီးလား မကြီးဘူးလား သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို
အပင်ပန်းခံ လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက် အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး အခန်းတံခါးကို
ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို
စဉ်းစားမိလေ၊ ဒေါသထွက်လေ ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ
တောင်းချင်တာကိုများ ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ
ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု ဒီငွေတစ်ဆယ် တောင်းတာ
သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။
ဒါနဲ့ သူ့သား အခန်းထဲကို တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ” အဖေကြီးက
ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့ စိတ်မရှည်နိုင်ပဲ သားကို
အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်တယ်။ “အိုး၊
ကျေးဇူးတင်လိုက်တာ ဖေဖေရာ” အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို သူ့ခေါင်းအုံးအောက်ကနေ
ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့ ဒေါသတွေက
ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို
မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ” သူ့အဖေက
ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို သား ဝယ်လို့
ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော ပြန်လာခဲ့ပါနော်။ သားလေ၊ ဖေဖေနဲ့
အတူတူ ညစာ စားချင်လို့ပါ”

ဒီပုံပြင်လေးကို သင်ချစ်ခင်တဲ့ တစ်ယောက်ယောက်ကို မျှဝေပေးပါ။ ပိုကောင်းတာက
ငွေနှစ်ဆယ်တန်တဲ့ သင့်ရဲ့ အချိန် တစ်နာရီကို သင် ချစ်တဲ့ သူတွေအတွက်
မျှဝေပေးလိုက်ပါ။
ဒီပုံပြင်လေးက အလုပ်တာဝန်တွေ အမြဲ ဖိစီးပြီး မအားမလပ် ဖြစ်နေကြတဲ့
ကျွန်တော်တို့ အားလုံးအတွက် သိမ်မွေ့တဲ့ သတိပေးမှုလေး တစ်ခုပါ။
ကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့၊ ချစ်ခင်မြတ်နိုးတဲ့ သူတွေအတွက် ပေးရမဲ့ အဖိုးတန်
အချိန်တွေ ကျွန်တော်တို့ လက်ထဲကနေ ချွတ်ချော်ကျပြီး ပျောက်ဆုံးမသွားအောင်
ဂရုစိုက်ရမှာပါ။
တကယ်လို့များ ကျွန်တော်တို့ မနက်ဖြန်လိုမှာ သေဆုံးသွားပြီ ဆိုပါစို့။
ကျွန်တော်တို့ အခုအလုပ်လုပ်ပေးနေတဲ့ ကုမဏီက ရက်မကြာခင်မှာပဲ တစ်ခြား
လူတစ်ယောက်ကို အစားထိုး ခန့်လိုက်မှာပါပဲ။
ဒါပေမဲ့ ချန်ရစ် ခံခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု နဲ့ သူငယ်ချင်းတွေ အတွက်ကတော့
အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ခံစားကြရပါ့မယ်

မိတ်ဆွေရေ ဒီပုံပြင်လေးကိုမိတ်ဆွေချစ်တဲ့လူကိုပြောပြပြီး

မိတ်ဆွေချစ်တဲ့လူကိုနှစ်ဆယ်တန်အချိန်

လေးကိုအလကားပေးလိုက်ပါလားနော်။
avatar
Guest
Guest


Back to top Go down

ပီတိချို၏အတွးစာစုများ Empty Re: ပီတိချို၏အတွးစာစုများ

Post by Guest Thu 10 Jun 2010, 16:57

အေးစက်မူထိန်ချန်မူတွေနဲ့ချစ်သူကိုမထိခိုက်ပါစေနဲ့


တစ်နေ့မှာကောင်လေးတစ်ယောက်က
ကောင်မလေးတစ်ယောက်ကိုချစ်မိသွား
ခဲ့တယ်၊ ကောင်မလေးလည်းကောင်လေးကိုပြန်ချစ်မိတာပေါ့။ နှစ်ယောက်သားအချစ်ကိုရူးရူးမူးမူးကိုးကွယ်ခဲ့ကြတယ်လေ။နေ့တွေအားလုံးကလည်းလှပလို့။ပထမဦးဆုံးကောင်လေးရဲ့အနမ်းနဲ့ကောင်မလေးရဲ့နှုတ်ခမ်းဖျားတို့ထိတွေ့တဲ့အချိန်ခဏအတွင်းမှာဘဲ ကောင်မလေးက "ငါသူ့တစ်ယောက်တည်းကိုဘဲတစ်သက်လုံးချစ်မြတ်နိုးသွားမယ်" လို့
ကိုယ့်စိတ်ထဲမှာကိုယ်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်တယ်။ ဒါပေမဲ့ ကောင်လေးဘက်ကသူ့ကိုတစ်ယောက်တည်းပစ်သွားမှာစိတ်ပူတာနဲ့ ကောင်လေးကိုမေးလိုက်တယ်
"နင်ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲဟင်?" ကောင်လေးက ကောင်မလေးရဲ့ နှာတံလေးကိုဖွဖွလေးကိုင်လှုပ်ပြီးပြောတယ် "နင်ငါ့ကိုဘယ်အချိန်ထိချစ်စေချင်တာလဲ?" ကောင်မလေးက သေသေချာချာစဉ်းစားပြီး ပြန်ပြောတယ်
"တစ်သက်လုံးပေါ့၊ဒီဘ၀မှာနင်ဘယ်မိန်းကလေးကိုမှချစ်ခွင့်မရှိတော့ဘူးနော်"
ကောင်လေးကရီပြီး "အင်း" ကောင်မလေးကကောင်လေးကိုကြည့်ပြီး "မရဘူး၊
ငါနင့်ကိုမယုံဘူး၊ငါတို့လက်သန်းချိတ်ပြီး ကတိပြုကြမယ်၊ နင်သစ္စာဖောက်လို့ကတော့
ငါနင့်ကိုသတ်ပစ်လိုက်မှာ" ကောင်မလေးကအဲ့လိုပြောတော့ ကောင်လေးကလည်း
သေသေချာချာကတိပေးခဲ့တယ် "တကယ်လို့တစ်နေ့ငါနင့်ကိုသစ္စာဖောက်မိခဲ့ရင် ငါ့ကိုနင်သတ်လိုက်ပါဟာ" ဒါနဲ့ကောင်မလေးလည်းစိတ်ချသွားခဲ့တယ်လေ။ဒီလိုနဲ့ဘဲသူတို့ဟာ ချစ်ကောင်းကင်ကြီးအောက်မှာ အတူတူထီးတစ်ချောင်းနဲ့
ပျော်ပျော်ရွှင်ရွှင်နေလာကြတာ (၃)နှစ်တိတိကြာခဲ့တယ်။
တစ်ယောက်ကိုတစ်ယောက်လည်းရူးရူးမူးမူးကြီးကိုချစ်ကြတာပေါ့။ ဒါပေမဲ့ ကံကြမ္မာကိုဘယ်သူမှမခန့်မှန်းနိုင်ဘူးလေ။ ဆိုးရွားတဲ့ ကံကြမ္မာတွေက အပြန်အလှန်အရမ်းချစ်မြတ်နိုးတဲ့သူတို့ ချစ်သူနှစ်ဦးကို ခွဲခွာပစ်ဖို့အကြောင်းဖန်လာတယ်။ ကောင်လေးဟာ ဘုမသိဘမသိနဲ့
ကောင်မလေးကိုရှောင်လာတယ်၊
ဆက်ဆံမှုတွေကလည်းအရမ်းကိုအေးစက်လာတယ်။ ဒါကိုကောင်မလေးက ရိပ်မိတာပေါ့။ ဒါနဲ့ကောင်လေးနဲ့ဆုံတိုင်း အမြဲတမ်းတမေးမေးနဲ့ မေးနေခဲ့တယ်၊
ကောင်လေးကလည်းလုံးဝကိုဘာမှမပြောခဲ့ဘူး။ တစ်ညနေမှာတော့.... ကောင်လေးဟာ မိန်းမတစ်ယောက်ကိုအိမ်ကိုခေါ်လာတယ်.. အရမ်းကျက်သရေရှိပြီး၊ အရမ်းကိုချောမောလှပတဲ့
မိန်းမတစ်ဦးကိုပေါ့။ ဒါကိုကောင်မလေးက ကိုယ့်ကိုကိုပြန်ညာပြီး သိရက်နဲ့ကို
ကောင်လေးကိုမေးလိုက်တယ်" ဒါနင့်သူငယ်ချင်းလား?" အေးတိအေးစက်နဲ့ကောင်လေးက
"ဟုတ်တယ်
ဒါ့ထက်လည်းပိုတယ်..သူကငါ့ချစ်သူဘဲ" ကောင်မလေးကအဲ့စကားကို အသည်းထဲနစ်နေအောင်နာကျင်ရင်း၊ကောင်လေးရှေ့မှာ ဆက်ဟန်ဆောင်ခဲ့တယ်။
ထိုင်နေရာကနေဘယ်မှမထဘဲ..ကောင်လေးမျက်နှာကိုလည်း မော့မကြည့်ရဲခဲ့ဘူး။ သူ့မျက်ရည်တွေ မတားဆီးမထိန်းချုပ်နိုင်ဘဲ ထွက်ကျလာမှာကိုစိုးလို့လေ။
ကောင်မလေးကသူဝမ်းနည်းပြီးငိုနေတဲ့မျက်နှာကိုကောင်လေးကိုမမြင်စေချင်ဘူး။
ဘာကြောင့်လည်းဆိုတော့ ကောင်မလေးက ကောင်လေးကိုယုံနေဆဲ...ချစ်နေဆဲ၊
သူတို့နှစ်ဦးထားခဲ့ဖူးတဲ့ကတိစကားတွေကိုယုံကြည့်နေဆဲမို့လို့ပေါ့။ အဲ့အချိန်မှာ
ကောင်လေးကအေးတိအေးစက်နဲ့ကောင်မလေးကို"ဒီနေ့ညတော့ နင်ဒီမှာဘဲနေလိုက်၊မနက်ဖြန်မနက်စောစော နင်ဒီအိမ်ပေါ်မှာနေစရာမလိုတော့ဘူး၊နင်တခြားနေရာကိုပြောင်းပေး..ဒီညတော့
ငါတို့နှစ်ယောက်ဟိုတယ်မှာသွားအိပ်မယ်ဆိုပြီး တခြားမိန်းမရဲ့လက်ကိုဆွဲပြီးထွက်သွားတယ်" အိမ်တံခါးဝကိုရောက်ခါနီးမှာ ကောင်မလေးက
"ခဏလေး...အစ်မခဏလောက်အပြင်ထွက်သွားပေးနိုင်မလား၊ ကျွန်မသူနဲ့နှစ်ယောက်တည်းပြောချင်တယ်" အဲ့မိန်းမကလည်း ခေါင်းငြိမ့်ပြီးထွက်သွားပေးတယ်။ ကောင်လေးကကောင်မလေးကိုကျောခိုင်းရင်း
အချိန်တွေအတော်ကြာတဲ့အထိတိတ်ဆိတ်နေခဲ့တယ်..တစ်ယောက်မှလည်းစကားကို
စမပြောကြဘူး။


"ဘာကြောင့်လဲ" ကောင်မလေးက သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုကိုပထမဦးဆုံးစကားလုံးနဲ့ ဖြိုခွင်းလိုက်တယ်။ ကောင်လေးက အေးစက်နေတဲ့မျက်နှာနဲ့ "ငါသူ့ကိုချစ်တယ်၊ အကြောင်းပြချက်မလိုဘူး" ကောင်မလေးကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ်။ ကောင်မလေးကိုလည်း
ဖြေရှင်းချက်မပေးခဲ့ဘူး၊ ကတိစကားကိုတည်ဖို့အတွက်ကြိုးစားခွင့်လေးတောင်မပေးခဲ့ဘူး။
အဲဒီမှာ ကောင်မလေးငိုတယ်၊ အသည်းထဲရင်ထဲထိအောင်နာကျင်လွန်းတဲ့ ချစ်သူရဲ့အေးစက်တဲ့မျက်နှာနဲ့စကားလုံးတွေကို သေလောက်အောင်ကြေကွဲရင်းနဲ့ငိုနေတယ်။ ဒါပေမဲ့ ကောင်မလေးက ကိုယ့်ကိုကို ပြန်ပြောပြတယ်"
ငါမျက်ရည်ကျလို့မဖြစ်ဘူး..."
ဒါပေမဲ့ ကြေကွဲခြင်းမျက်ရည်စက်လေးတွေက အတိုင်းအဆမဲ့ အကန့်အသတ်မရှိ
ကျနေဆဲပဲလေ။ဒီလိုနဲ့ တစ်လလောက်ကြာပြီးနောက်မှာ...
ကောင်မလေးကကောင်လေးကိုပြန်တွေ့တဲ့နေ့မှာ ဆေးရုံမှာဖြစ်နေတယ်လေ။ အရင်တုန်းကနဲ့မတူတော့တာက ကောင်လေးက
အသားအရေတွေမွဲခြောက်ပြီး၊ပိန်ချုံးနေတဲ့မျက်နှာဖြစ်နေလို့ပေါ့။ ကောင်မလေးကလည်း
အသည်းကွဲခဲ့တဲ့ဒဏ်ကြောင့် ပိန်ညောင်နေပြီလေ။
အဲ့အချိန်မှာကောင်မလေးစဉ်းစားမိတယ် "ဘာဖြစ်လို့ ကောင်လေးက ဆေးရုံရောက်နေရတာလဲ" လို့ပေါ့၊
အတွေးတွေများစွာနဲ့ခေါင်းစားနေခဲ့တယ်လေ။ ကောင်မလေးကကောင်လေးကိုခုချိန်ထိ
ရူးရူးမူးမူးချစ်နေတုန်းပဲကိုး။ ကောင်လေးခွဲသွားတဲ့နေ့ကစပြီး
ကောင်လေးကိုလွမ်းမောရင်း၊တမ်းတရင်း၊စိတ်ပူနေရတာလေ။ ဒါကြောင့်လည်း ကောင်လေးရဲ့အခန်းကိုတိတ်တဆိတ်လိုက်သွားခဲ့တယ်။ အခန်းထဲမှာ " လူနာဟာ သူနဲ့သင့်တော်တဲ့ နှလုံးကိုရှာမတွေ့ရင် ဆက်ပြီးအသက်ရှင်ဖို့မဖြစ်နိုင်တော့ပါဘူး၊
အစားထိုးနှလုံးကုသမှုမရှိရင်တော့ သူ့ကိုလက်လွတ်ရမှာပဲ" လို့ဆရာဝန်ပြောနေတဲ့စကားကိုကြားလိုက်ရတဲ့ ကောင်မလေးဟာ အဲ့အချိန်တခဏမှာဘဲ
အရာအားလုံးကိုမေ့သွားတယ်၊ အခန်းဝမှာမတ်တပ်ရပ်ပြီး
ချောက်ခြားသွားတယ်..နောက်..ကောင်မလေးငိုတယ်။ ကောင်မလေးဟာ ထိန်းမရတော့တဲ့
မျက်ရည်စက်တွေကို စိတ်ရှိလက်ရှိ ထုတ်ပစ်လိုက်တယ်။ ကောင်မလေးဟာ
ကောင်လေးအတွက်နောက်တစ်ခါမျက်ရည်ကျရတာပေါ့။ ဒါပေမဲ့ ဒီတစ်ခါက ကောင်လေးအသည်းခွဲသွားတုန်းကထက်ကိုပိုနာကျင်ခံစားရခက်နေတယ်။ ဒါပေမဲ့ တခဏအကြာမှာဘဲ
ကောင်မလေးဟာ အငိုချက်ခြင်းရပ်သွားပြီး၊
တစ်ခုခုကိုခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်တယ်။ ပြီးတော့ ဆရာဝန်ရုံးခန်းကိုသွားပြီး စာရွက်တစ်ရွက်ပေါ်မှာစာလုံးတွေကို ဆေးရောင်ခြယ်ခဲ့တယ်။
နောက်ပြီး.. ကောင်လေးရဲ့နောက်မိန်းမဆိုတဲ့သူဆီကိုဖုန်းဆက်ပြီး "ကျွန်မရှင့်ကိုတစ်ခုတောင်းဆိုချင်လို့... ကျွန်မသူနဲ့တစ်ခေါက်လောက်တွေ့ချင်တယ်"...."ဖြစ်နိုင်မလားဟင်" အဲ့မိန်းမကလည်း "ဖြစ်ပါတယ်..နင်သူ့ကိုဘယ်မှာချိန်းမလို့လဲ ပြောလေ..ငါစီစဉ်ပေးမယ်" ဒါနဲ့ကောင်မလေးကလည်း၊ သူ့ကိုပြောလိုက်ပါ
"ငါတို့ပထဦးဆုံးချစ်သူဖြစ်တဲ့နေရာလေးကိုလာခဲ့ပါလို့" အဲ့မိန်းမကိုမှာပြီး
ဖုန်းချလိုက်တယ်၊ ပြီးတာနဲ့ သူတို့နှစ်ဦးပထမဦးဆုံး
ထိုင်ခဲ့ဖူးတဲ့ပန်းခြံထဲကခုံတန်းလျားလေးကို အပြေးအလွှားသွားခဲ့တယ်။ ဖုန်း မက်ဇ့်ဆေ့
ရရချင်း ကောင်လေးလည်း ပန်းခြံကိုအပြေးအလွှားသွားခဲ့တယ်.. ဒါပေမဲ့ သူတို့မတွေ့လိုက်ပါဘူး။ ကောင်မလေးကကောင်လေးကို ပုန်းနေခဲ့လို့ပေါ့။
အချိန်တော်တော်ကြာတဲ့အထိကောင်လေးဟာကောင်မလေးကိုစောင့်ခဲ့တယ်..ကောင်မလေးမလာတော့ဘူးထင်ပြီး
ကောင်လေးလည်းပြန်သွားခဲ့တယ်၊ ကောင်လေးရဲ့ နောက်ကျောပြင်ကိုကြည့်ရင်း
ကွယ်ရာမှာ
မျက်ရည်ဝဲနေခဲ့တဲ့ ကောင်မလေးကိုဘယ်သူကမြင်ပြီးသနားမှာတဲ့လဲ။ ကောင်မလေးလည်းငိုရင်း
"ငါဒီလိုမဖြစ်ရဘူး" ဆိုတဲ့စကားတစ်ခွန်းနဲ့မျက်ရည်ကိုသုတ်ပြီး ပန်းခြံနောက်ဘက်ကနေထွက်သွားခဲ့တယ်လေ.......နောက်တစ်ပတ်အကြာမှာ..ကောင်လေးက
ခွဲစိတ်ချက်အောင်မြင်တဲ့အတွက်အူမြူးပြီးပြေးထွက်လာတယ်။ ကောင်လေးလည်း "ငါပထမဦးဆုံးလုပ်မဲ့အလုပ်က ကောင်မလေးကိုရှာမယ်၊ သူ့ကို
ဖြစ်ကြောင်းကုန်စင်ပြောပြမယ်..ပြီးရင် ငါတို့နှစ်ယောက်အရင်လိုဘဲချစ်ချစ်ခင်ခင်ပြန်နေကျမယ်" ဆိုတဲ့အတွေးနဲ့ပျော်မြူးလို့ပေါ့.ဘေးနားက သူ့အစ်မကလည်းသူ့မောင်လေးကိုကြည့်ပြီး အပြုံးမျက်နှာတွေဝေလို့လေ သူ့စိတ်ထဲမှာတော့ "မောင်လေးရယ်..
မင်းချစ်သူကမင်းကိုခွင့်လွတ်မှာပါ၊မင်းတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်သက်ထက်ဆုံးတိုင်နေရမှာပါ"
လို့ တီးတိုးကျိတ်ပြောရင်း မောင်နှမနှစ်ယောက်ရုံးခန်းကို
ဆေးရုံဆင်းဖို့လာပြောတယ်။
ကောင်လေးလည်း အစားထိုးကုသမှုပြီးကတည်းက ကောင်မလေးဆီ ဖုန်းတဆက်ဆက်နဲ့ပေါ့။
ဒါပေမဲ့
ဖုန်းဆက်တာလည်း အကြိမ်ပေါင်းမနည်းတော့ဘူးလေ..ကောင်မလေးကဖုန်းကိုလုံးဝမကိုင်ဘူး။
သူတို့နှစ်ဦးရုံးခန်းကိုစကားပြောရင်းရောက်သွားတယ်။ ဒီအချိန်မှာ ကောင်လေးကသူ့အစ်မကို "အစ်မသူ
ကျွန်တော့်ကိုစိတ်နာနေပြီထင်တယ်..ကျွန်တော့်ဖုန်းကိုလုံးဝမကိုင်ဘူးဗျာ"
..ကောင်လေးအစ်မက"မဖြစ်နိုင်ပါဘူး မောင်လေးရာ သူနင့်ကိုတော်တော်ချစ်တာ..သူကိစ္စရှိလို့နေမှာပါ ခဏနေမှအစ်မပြန်ဆက်ပေးမယ်လေ
ဟုတ်ပြီလား" အစ်မက မောင်လေးကိုနှစ်သိမ့်ရင်း ဆရာဝန်ကိုကြည့်လိုက်တော့
"ကောင်လေး
မင်းအရမ်းကံကောင်းတာပဲ၊ ပြီးခဲ့တဲ့နှစ်ရက်က ကောင်မလေးတစ်ယောက်
သူ့ကိုသူသေတော့မယ်ဆိုပြီးငါတို့ကို နှလုံးလှူဖို့လာပြောသွားတယ်၊ မနေ့ကဘဲ
သူဆုံးလို့မင်းအသက်ကို သေမင်းဆီကငါတို့လုနိုင်ခဲ့တာကွ.. ပြီးတော့ အဲ့ကောင်မလေးက
နှလုံးကိုမင်းနာမည်အတွက်ဘဲလှူသွားတယ်၊ပြီးရင် မင်းအတွက်စာတစ်စောင်ထားခဲ့တယ်
ရော့မင်းပစ္စည်းတွေ" ဆိုပြီးဆရာဝန်က ကောင်မလေးပေးသွားခဲ့တဲ့စာတစ်စောင်နဲ့
သူတို့ချစ်သူစဖြစ်တဲ့နေ့တုန်းက ကောင်လေးပေးခဲ့တဲ့ အနမ်းပွင့်လေးတွေကို
"အမြဲတမ်းလှပနေမဲ့ အနမ်းပွင့်" ဆိုတဲ့စာသားပါတဲ့ လက်ဆောင်တစ်ခုလေးရယ်ပေါ့။
အဲ့မှာ
ကောင်လေးက ဆရာ အဲ့ကောင်မလေးကဘယ်လိုဆုံးသွားတာလဲ.."ကားမတော်တဆ" တဲ့။ဒါပေမဲ့ အရမ်းနှမြောစရာကောင်းတာဘဲ ကောင်လေးရာ
..အဲ့ကောင်မလေးရဲ့မျက်နှာက
အရုပ်ကလေးလေးလိုဘဲ ချစ်စရာတော်တော်ကောင်းတာ။ သူ့ပုံစံကြည့်ရတာလည်း
အသည်းကွဲပြီး
တစ်ခုခုကိုအရမ်းခံစားရထားတဲ့ပုံစံနဲ့။ ဆရာဝန်ပြောတဲ့စကားကိုကြားကြားချင်းကောင်လေးဟာ
စာအိတ်ကိုဖောက်ပြီး စာရွှက်ကိုတုန်၇ီနေတဲ့လက်နဲ့ ကိုင်လိုက်တယ်၊မျက်ဝန်းတွေ
ပြာဝေနေပြီး၊ ခုန်လွန်းအားကြီးနေတဲ့ နှလုံးတွေကလည်း
ထိန်းချုပ်မရအောင်ကိုဖြစ်နေတယ်။
စာထဲမှာ " အချစ်ရယ်
ငါ့ကိုခွင့်လွတ်ပါ..ငါ့ကိုစိတ်မဆိုးပါနဲ့နော်..ငါနင့်ကိုတကယ့်ကိုချစ်တာပါ၊
ဟိုတစ်နေ့က ပန်းခြံကိုငါသွားခဲ့သေးတယ်၊
ငါတို့မဆုံလိုက်တာဘဲရှိတာပါ..ငါကနင့်အနောက်မှာပဲ.. ငါတို့နှစ်ယောက်ရဲ့ဖြစ်ပျက်ခဲ့တဲ့ အကြောင်းလေးတွေအားလုံးကိုငါ့နှလုံးသားထဲ
ငါ့စိတ်ထဲမှာ စွဲစွဲကြီးထည့်ထားချင်လို့၊ငါဒီလိုလုပ်ရတာက ငါတို့နှစ်ယောက်နောက်ဘ၀မှာအတူတူနေနိုင်ဖို့ မျှော်လင့်ချက်နဲ့လေ..ဒီဘ၀မှာ
ငါတို့နှစ်ယောက်ရဲ့
ကတိသစ္စာကိုနင်ဖောက်ဖျက်ခဲ့ပေမဲ့လည်း..ငါနင့်ကိုစိတ်မပျက်၊စိတ်မဆိုးခဲ့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့
ငါနင့်ကိုအရမ်းကိုချစ်လို့လေ..နင်ငါ့ကိုမချစ်တော့ရင်လည်းနေပါစေ၊ နင်ဟာငါ့အတွက်ကတော့
ငါ့အသည်းနှလုံးထဲကသေချာတဲ့နေရာတစ်ခုမှာ နင့်ကိုအမြဲတမ်းထည့်ထားပြီးသားပါ၊
အဲ့နေရာကိုနင်ကလွဲလို့
ဘယ်သူမှလည်းဝင်ရောက်နိုင်စွမ်းမရှိပါဘူးဟာ..ချစ်သူ..နင်အမြဲတမ်းပျော်ရွှင်ရမယ်နော်..ငါကတော့ငါ့ရဲ့အရာအားလုံးကိုနင့်ကိုပေးခဲ့ပြီ
နင်ဒီဘ၀မှာပျော်အောင်နေရမယ်နော်။ ဒါပေမဲ့ နောက်ဘ၀မှာငါ့ကိုနင့်ရဲ့ချစ်သူအဖြစ်နဲ့ ပျော်ရွှင်မှုတွေပေးပါနော်..ဒီဘ၀တော့ ဒီမျှနဲ့ပဲပေါ့။ ချစ်သူရယ် .. အမြဲတမ်းပျော်ရွှင်ပါစေ...။ကောင်လေးဟာ စာကိုဖတ်ရင်း ရှင်လျက်နဲ့သေနေခဲ့တယ်..မျက်ရည်တွေရေစီးကြောင်းအတိုင်း စီးထွက်လာခဲ့တယ်။ ဆရာဝန်က ကောင်မလေးရဲ့ရုပ်အလောင်းကိုပြရင်း " သူပဲပေါ့ " ။
"မရဘူး...မရဘူး...မရဘူး...နင်မရှိရင်ငါဘယ်လိုပျော်နိုင်မှာလဲ..နင်ငါ့ကိုစကားပြောပါဦး
ချစ်သူရယ် ပြောပါ..ငါ့အမှားပါ၊ ငါမှားတာပါ ငါ့ကိုခွင့်မလွတ်ပါနဲ့..အစကတည်းက
ငါနင့်ကိုပြောပြခဲ့ရမှာအားလုံးကငါ့အမှားတွေပါ..အချစ်ရယ် ငါ့ကိုကြည့်ပါဦး..ငါတောင်းပန်ပါတယ် ငါနင့်ကိုအစကတည်းကသစ္စာမဖောက်ခဲ့ပါဘူး၊
ငါနင့်ကိုဘဲအမြဲတမ်းချစ်နေတာပါ..ချစ်သူရယ် ငါမှားပါတယ် ငါ့ဆီကိုပြန်ပြန်လာပါ..ပြန်လာပါ ချစ်သူရယ်.." ကောင်လေးရဲ့ဘေးနားမှာရပ်ပြီး
ကောင်လေးပြောတာတွေကိုကြားနေခဲ့တဲ့ ကောင်မလေးရဲ့ ၀ိညာဉ်ဟာလည်း ကောင်လေးနဲ့ထပ်တူကြေကွဲပြီး တားဆီးမရတဲ့မျက်ရည်စက်လေးတွေနဲ့
ကောင်းကင်ကြီးပြိုလှဲခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုအတွက် ငိုလို့ပေါ့..
ကောင်မလေးရဲ့ဝိညာဉ်ဟာလည်း ပျော်ရွှင်မှုနဲ့ နောက်ဆုံးပြောလိုက်တာက "တကယ်တော့

နင်လည်းငါ့ကိုချစ်နေတုန်းပါပဲလား..နင်ငါ့ကိုချစ်နေတုန်းပဲနော် ..ငါပျော်လိုက်တာ
ချစ်သူရယ် "...။


ဒီစာလေးကိုဖတ်ပြီး ကိုယ်လည်း ကိုယ့်ဘေးနားကချစ်သူအပေါ်အေးအေးစက်စက်ကြီးမနေဖို့၊ တစ်ယောက်အပေါ်တစ်ယောက်နားလည်မှုနဲ့ ထိန်ချန်မှုကင်းကင်းရှင်းရှင်းနဲ့ပျော်ရွှင်စွာလက်တွဲနိုင်ကြပါစေလို့
avatar
Guest
Guest


Back to top Go down

ပီတိချို၏အတွးစာစုများ Empty Re: ပီတိချို၏အတွးစာစုများ

Post by bunny Sat 14 Aug 2010, 19:46

အဲလိုရေးတတ်ချင်လိုက်တာဗျာ
တကယ်အားကျတယ် အားပေးပါတယ်
ဆက်ရေးပါအုန်း ညီမလေး ပီတိချို
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 39
Location : mandalay

Back to top Go down

ပီတိချို၏အတွးစာစုများ Empty Re: ပီတိချို၏အတွးစာစုများ

Post by Sponsored content


Sponsored content


Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum