ဗိုလန်တီယာ....အတွေ့အကြုံတစ်ခု..
2 posters
မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့ :: လုပ်ငန်းခွင်အတွေ့ အကြုံလေးများ :: အလုပ်ခွင်မှ ပျော်ရွှင်စရာလေးများ
Page 1 of 1
ဗိုလန်တီယာ....အတွေ့အကြုံတစ်ခု..
နန်းဇင် လွန်ခဲ့တဲ့ တစ်နှစ်က မှတ်မှတ်ရရ.....တရုတ်ပြည်ကလာတဲ့.. အဖွဲ့တစ်ခုမှာ
သမိုင်းလမ်းဆုံက မျက်စိဆေးရုံမှာ ဓါန လုပ်ကြတယ်လေ.
တရုတ်ပြည်က ဆရာဝန်များနဲ့ မြန်မာပြည်မှ ဆရာဝန်များစုပေါင်းခွဲစိတ်အလှူပေါ့.။
သက်ကြီးရွယ်အို ကျားမမရွေးန န်းဇင်တို့ လူငယ်အဖွဲ့ကနေ... လိုအပ်တာကို ပြုစုရတယ်လေ
ခွဲစိတ်ခန်းက ထွက်လာရင် ဘယ်လိုနေ. ဘယ်လိုထိုင်.. ဘယ်လိုဆေးသောက် အစရှိသဖြင့်ပေါ့..
သူတို့ကို နာရီဝက်ခန့်အနားပေးပီး ဆေးတိုက် အစာပြေကျွေးစတာတွေကို လုပ်ပေးရတယ်
တချို့ဆို စေတနာရှင်အဖွဲ့ကို ကျေးဇူးတင်လွန်းလို့ဆိုပီး ထိုင်ကန်တော့တဲ့သူတွေလည်း ရှိတယ်..
အမျိုးမျိုးသောလူတွေနဲ့ ကြုံရ ဆုံရတယ်..
မနက် ၆ နာ ရီကနေ တစ်ခါတစ်လေ..ည ၈ သို့ ၉ နာရီထိနေရတတ်တယ်..
တစ်ခါက သုံး။ရက်..
နောက် တစ်လကြာတော့ သုံးရက် ခွဲစိတ်တာကို ကူညီကြတယ်.
သူတို့ခွဲစိတ်ပီး ပြန်လာပီးတော့ စမ်းသပ်တဲ့ပီးတဲ့အချိန် ပြန်လာပြီး ကျေးဇူးတင်ပါတယ်ဆိုပီး ငိုပြောတာလည်း ရှိသလို.. ပျော်ရွှင်တဲ့ အပြုံးတွေနဲ့ လာနှုတ်ဆက်တာလည်း ရှိတယ်..
အဲ့လို အပြုံးမျိုးနဲ့ နန်းဇင်တို့ ပင်ပန်းသမျှတွေ ပျောက်ကုန်တဲ့ ခံစားမှု.. ပျော်ရွှင်မှုကိုလည်း ခံဖူးတယ်..
နောက် အဲ့အဖွဲ့နဲ့ဘဲ လှီုင်သာယာက ဆင်းရဲတဲ့အိမ်တွေကိုသွားပီး ကွင်းဆင်းသေးတယ်.
သနားဖို့အတော်ကောင်းတယ်.
ဆင်းရဲတဲ့အိမ်ကို ပြင်ပေးတယ်.
ရောဂါအရမ်းမကောင်းတဲ့သူကို ဆေးရုံကို ကုသပေးတယ်.
တကယ်တကယ့်ကို ပျော်ဖို့ကောင်းတဲ့အလုပ်ပါ
အဲ့အချိန်က ပီတိမျိုး မကြာခင် ပြန်ခံစားရတော့မှာပါလားဆိုတဲ့အသိကြောင့်
အခု ပျော်နေမိတယ်..
သယ်ရင်းတို့ကိုလည်း မျှဝေလိုက်ပါတယ်..
ကျေးဇူးတင်ပါတယ်.။

Re: ဗိုလန်တီယာ....အတွေ့အကြုံတစ်ခု..
ကျနော်လည်းလာရောက်မုဒိတာပွားသွားပါတယ်ဗျာ
ကျနော်ကိုယ်တိုင်းအတွေ့ကြုံလေးမရှိတော့မပြောပြနိုင်ဘူးပေါ့..ဟီးဟီး

Nyi Thawe- လေ့လာသူအဆင့်
- Gender : Posts : 10
Join date : 2011-08-19
Age : 33
မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့ :: လုပ်ငန်းခွင်အတွေ့ အကြုံလေးများ :: အလုပ်ခွင်မှ ပျော်ရွှင်စရာလေးများ
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|