မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

တိုတိုထွာထွာဟာသများ

Go down

တိုတိုထွာထွာဟာသများ Empty တိုတိုထွာထွာဟာသများ

Post by ThinAung Mon 22 Mar 2010, 08:26

ချိန်းမိသည့်ဝန်တာ

ဒေါက်တာ-ကျုပ်နာမည် ဂျော့ပါ၊ ကျုပ် ဒေါက်တာနဲ့တွေ့ဖို့ လွန်ခဲ့တဲ့
၅-လလုံးလုံး ကြိုးစားခဲ့တယ်လေ။ အခုတွေ့ဖို့ အချိန်းအချက်
လုပ်နိုင်ပါသလား။

ဒေါက်တာက-မတ်မတ်ထိုင်လိုက်သည်။

ဒီမယ်-မစ္စတာဂျော့ အရင်က ကျွန်တော်ပြောခဲ့ပြီးပြီပဲဗျာ၊ ကျွန်တော့်
သူနာပြု ဆရာမလေး၊ ဒါမှမဟုတ် အတွင်းရေးမှူးမလေးနဲ့ အရင်ချိန်းလိုက်ပါလို့။

မစ္စတာဂျော့-လေးလေးပင်ပင်ကြီး ထိုင်ချလိုက်၏။

ချိန်းပါတယ် ဒေါက်တာ ချိန်းပါတယ်၊ နှစ်ယောက်စလုံးနဲ့ တလလုံးချိန်းပါတယ်၊
သိပ်ပျော်စရာကောင်းတာပဲ ဒေါက်တာရယ်၊ အခုတော့ ဒေါက်တာနဲ့တွေ့ဖို့
တကယ်လိုအပ်နေပြီလေ။


ရှုး..တိုးတိုး

( ဒေါက်တာ ) ။ ။ လူ့ခန္ဓာကိုယ်ထဲမှာ အရိုးပေါင်း ၁၀၀၀-ကျော်ရှိတယ် ဆိုတာ
ခင်ဗျားသိတယ် မဟုတ်လား။

( လူနာ ) ။ ။ ဟာ-ဒေါက်တာရယ် တိုးတိုး ပြောစမ်းပါဗျာ။ ကျွန်တော့်ခွေး
အပြင်ဘက်မှာ ရှိနေတယ်ဗျ။

တို့လဲ လမ်းပဲလျှောက်တော့မယ်

ကျွန်တော်နဲ့ ကျွန်တော့မိတ်ဆွေတဦးတို့ အစ္စရေးနိုင်ငံသို့ အလည်အပတ်
ရောက်ရှိနေကြစဉ်က ဖြစ်ပါသည်၊ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်
ဂယ်လီလီပင်လယ်အတွင်း အပျော်လှေစီးကြရန် စဉ်းစားမိခဲ့ကြပါသည်၊

သို့ရာတွင် မော်တော်ဘုတ်ပိုင်ရှင်က မော်တော်ဘုတ်ငှါးခကို မတန်မဆ ဆိုနေပါသည်၊
သို့ဖြစ်၍ ကျွန်တော့မိတ်ဆွေက ခင်ဗျားကျွန်တော်တို့ကို
ကျီစားနေတာလားဗျာ-ဟု ပြန်ပြောပါသည်၊
ထိုအခါ မော်တော်ဘုတ်ပိုင်ရှင်က ခင်ဗျားတို့က ပေါ့သေးသေး မထင်နဲ့၊
ဒီရေပြင်ဟာ ခရစ်တော်ကိုယ်တိုင် လမ်းလျှောက်ခဲ့တဲ့ ရေပြင်ဗျ-ဟု ဆိုပါသည်။

ကျွန်တော့မိတ်ဆွေက ဒါ-ဘာဆန်းလဲ၊ မော်တော်ဘုတ်ငှါးခက
ဒီလောက်ဈေးကြီးနေတဲ့ဥစ္စာ-ဟု ပြန်ပြောလိုက်ပါသည်။


သတိထားပါ

စက်ရုံတွေဆိုတာ ပင်ကိုအားဖြင့်ကိုက အန္တရာယ်ရှိတဲ့နေရာတွေ ဖြစ်တယ်-ဆိုတဲ့အဆိုကို
ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါဒေသမှာရှိတဲ့ စက်ရုံတရုံရဲ့
သတိပေးဆိုင်းဘုတ်တခုက ထောက်ခံနေပါတယ်၊ ထိုသတိပေးဆိုင်းဘုတ်တွင်
အောက်ပါအတိုင်း သတိပေးထားပါသည်-

အမျိုးသမီးငယ်များသို့ သတိပေးချက်-
အကယ်၍ သင်သည် ချောင်ချိရော့ရဲသော အ၀တ်များကို ၀တ်ဆင်ထားပါက စက်ရုံထဲတွင်
ငြိပါမသွားစေရန် စက်ပစ္စည်းကိရိယာများကို ဂရုပြုသတိထားပါ၊
အကယ်၍ သင်သည် တင်းကျပ်သောအ၀တ်များကို ၀တ်ဆင်ထားပါက စက်ပြင်ဆရာများကို သတိထားပါ။
ThinAung
ThinAung
အုပ်ချုပ်သူ
အုပ်ချုပ်သူ

Gender : Male Posts : 43
Join date : 2010-03-21
Age : 35
Location : မေတ္တာညွန့်၊တာမွေ၊ရန်ကုန်

Back to top Go down

တိုတိုထွာထွာဟာသများ Empty Re: တိုတိုထွာထွာဟာသများ

Post by Guest Mon 22 Mar 2010, 10:22

။ ဟာ-ဒေါက်တာရယ် တိုးတိုး ပြောစမ်းပါဗျာ။ ကျွန်တော့်ခွေး
အပြင်ဘက်မှာ ရှိနေတယ်ဗျ။
ဟုတ်သားပဲနော်....ဒေါက်တာကလူနာမှာအရိုး(၁၀၀၀)ရှိတယ်ပြောတော့အိမ်ရောက်ရင်သူ့ခွေးကအရိုးတောင်းတော့မှာမို့လို့နေမှာပေါ့.....ဟီၤးဟီၤးဟ :bounce: :bounce: :bounce:
avatar
Guest
Guest


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum