မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

Dell Error တွေအကြောင်းနှင့်ဖြေရှင်းနည်း(၃)

Go down

Dell Error တွေအကြောင်းနှင့်ဖြေရှင်းနည်း(၃) Empty Dell Error တွေအကြောင်းနှင့်ဖြေရှင်းနည်း(၃)

Post by ThinAung Mon 22 Mar 2010, 10:32

3.Kernel32.dll-"Invalid page fault in Module Kernel32.dll"

ဒီ Error ကတော့ Explorer ကြောင့်ဖြစ်တဲ့ Error ပါ။ ၎င်း Error ဖြစ်ပြီဆိုရင်တော့ Error Message က အောက်ပါအတိုင်း

ပြပါတယ်။

Dell Error တွေအကြောင်းနှင့်ဖြေရှင်းနည်း(၃) Dy37tl


Kernel32.dll Error ကလည်း Program တစ်ခုကို Run တဲ့အချိန် ၊ ပိတ်တဲ့ အချိန်၊ ဖွင့်တဲ့ အချိန်တွေမှာ

ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီ Error Message ဟာ သူကိုယ်တိုင်ပဲ အမျိုးမျိုး ပြောင်းလဲလေ့ရှိပါတယ်။

Kenrnel32.dll File ဟာ Windows ရဲ့ Memory Management ထဲမှာပါရှိပါတယ်။ Windows စတင်တဲ့အခါမှာ

Kernel32.dll ကို Protected Memory Space ထဲကို Load လုပ်ပါတယ်။ အဲဒါကြောင့် အခြား Program တွေက သူတို့ရဲ့

Operation တွေကို Run ဖို့ အတွက် Memury ထဲမှာ နေရာ အတူတူအသုံးပြုဖို့ Attempt လုပ်လို့မရပါဘူး။ အဲဒီလို

အခြေအနေတွေမှာမှ အခြား Program တွေက နေရာ အတူတူ(Same Place) မှာ Access လုပ်ဖို့ကြိုးစားတဲ့ အချိန်တွေမှာ

ဒီလို Error မျိုးဖြစ်ပေါ်တာပါ။


ဖြေရှင်းနည်း

1. ထုံးစံအတိုင်း Computer ကို Restart ချပါ။ အဆင်ပြေရင်လည်း ပြေသွားပါလိမ့်မယ်။

2. Software Program တစ်ခုထဲကိုပဲ အသုံးပြုတဲ့ အခါမှာဖြစ်တာဆို ရင်တော့ ၎င်း Program ကို Reinstall ပြန်လုပ်ပါ။

3. Corrupted thumbs.dll File ကြောင့်လည်းဖြစ်တတ်တာကြောင့် Corrupted dll File တွေကိုလည်း Repair

လုပ်ပေးရပါမယ်။

4. DELL File ကို Desktop ပေါ်မှာ သိမ်းထားသလား။ အကယ်၍ Desktop ပေါ်မှာသိမ်းထားတယ် ဆိုရင် Remove

လုပ်လိုက်ပါ။ အဲဒီလို ဖြစ်ခြင်းကလည်း Kernel32.dll Errors ဖြစ်ပေါ်တတ်လို့ပါ။

5. Virus ကြောင့်လည်း Kernel32.dll Error ဖြစ်တတ်တာကြောင့် Virus Scan ကိုလည်း Run ပေးရပါမယ်။

6. Kernel32.dll Error နဲ့ဆက်စပ်နေတဲ့ Hardware တွေအတွက် Driver တွေကို Update လုပ်ပေးရပါမယ်။ ဥပမာ

Print ထုတ်စဉ်အတွင်း ဒီ Error တတ်ခဲ့တာဆို၇င်တော့ ၎င်း Printer အတွက် Printer Driver တို့၊ အခြား Video Card

Dirver တို့ကိုလည်း Update လုပ်ပေးရပါမယ်။

7. တခါတရံမှာ အချို့ Computer တွေမှာ Hardware Acceleration ကို Full Acceleration ထည့်ထားတဲ့

အတွက်လည်း Problem က ဖြစ်တတ်ပါတယ်။ ဒါကြောင့် Video Card မှာ Hardware acceleration

ကိုလျော့ပေးရပါမယ်။ ၎င်းအပြင် မိမိ Computer မှာ CPU က Overclocked ဖြစ်နေရင်လည်း Kernel32.dll Error

ဖြစ်လေ့ရှိပါတယ်။

8. Kernel32.dll Error Message က Computer Memory ရဲ့ Hardware Failure ပုံစံမျိုးကြောင့်ပြနေတယ်

ဆိုရင်တော့ Memory ကို အစားထိုးပြီး စမ်းကြည့်ပါ။

9. နောက်ဆုံးမှ မရဘူးဆိုရင်တော့ Windows ကို Repair လုပ်၊ ဒါမှမရရင်တော့ Clean Installation

သာလုပ်လိုက်ပါတော့။

http://www.zawlinyouth.net/ မှကူးယူဖော်ပြပါသည်။
ThinAung
ThinAung
အုပ်ချုပ်သူ
အုပ်ချုပ်သူ

Gender : Male Posts : 43
Join date : 2010-03-21
Age : 35
Location : မေတ္တာညွန့်၊တာမွေ၊ရန်ကုန်

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum