မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းများစာရင်းတွင် ရီးယဲယ်နှင့်ဘာစီလိုနာတို့ ထိပ်ဆုံး၌ရပ်တည်

Go down

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းများစာရင်းတွင် ရီးယဲယ်နှင့်ဘာစီလိုနာတို့ ထိပ်ဆုံး၌ရပ်တည် Empty ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းများစာရင်းတွင် ရီးယဲယ်နှင့်ဘာစီလိုနာတို့ ထိပ်ဆုံး၌ရပ်တည်

Post by ThinAung Sun 21 Mar 2010, 21:32

ဈေးကွက်ဆိုင်ရာသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Deloitte မှ ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းများ စာရင်းကို ပြီးခဲ့သည့်အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ရာ လာလီဂါကလပ်များဖြစ်သည့် ရီးယဲယ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ရီးယဲယ်အသင်းသည် Deloitte ၏ အချမ်းသာဆုံးကလပ်စာရင်းတွင် ထိပ်ဆုံးနေရာ၌ ၅ နှစ်ဆက် တိုက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်ရာသီတွင် ချန်ပီယံလိဂ်ဖလားအပါအ၀င် ဖလား ၆ လုံးရရှိခဲ့သည့် ဘာစီလိုနာအသင်းက မန်ယူအသင်းကိုကျော်၍ ဒုတိယနေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။ ယင်းကဲ့သို့ စပိန်အသင်းများ ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ခြင်းမှာ ရုပ်သံမှတစ်ဆင့် ၀င်ငွေများစွာရရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

ဂျာမနီကလပ် ဘေယန်မြူးနစ်အသင်းက စတုတ္ထနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ထူးခြားမှုအနေဖြင့် အာဆင်နယ်အသင်းက ရုရှားဘီလျံနာသူဋ္ဌေး အေဘရာမိုဗစ်ခ်ျပိုင်ဆိုင်သည့် ချယ်လ်ဆီးအသင်းကိုကျော်ကာ အဆင့် ၅ နေရာရရှိခဲ့သည်။ အဘူဒါဘီသူဋ္ဌေးများ ပိုင်ဆိုင်မှုဖြင့် အသင်းကြီးဖြစ်လာသည့် မန်စီးတီးအသင်းကလည်း အဆင့် ၁၉ နေရာသို့ ရောက်ရှိလာခဲ့သည်။

Deloitte မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အချမ်းသာဆုံးအသင်းစာရင်း

အသင်း ပိုင်ဆိုင်မှု(ပေါင်) ယခင်အဆင့်

ရီးယဲယ် ၃၄၁ .၉ သန်း ၁
ဘာစီလိုနာ ၃၁၁ .၇ သန်း ၃
မန်ယူ ၂၇၈ .၅ သန်း ၂
ဘေယန်မြူးနစ် ၂၄၆ .၆ သန်း ၎
အာဆင်နယ် ၂၂၄ .၀ သန်း ၆
ချယ်လ်ဆီး ၂၀၆ .၄ သန်း ၅
လီဗာပူးလ် ၁၈၄ .၈ သန်း ၈
၈ျူဗင်တပ်စ် ၁၇၃ .၁ သန်း ၁၁
ThinAung
ThinAung
အုပ်ချုပ်သူ
အုပ်ချုပ်သူ

Gender : Male Posts : 43
Join date : 2010-03-21
Age : 35
Location : မေတ္တာညွန့်၊တာမွေ၊ရန်ကုန်

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum