မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

သင့်အလှကို အားဖြည့်ပေးမယ့် အချက်(၁၀)ချက်

Go down

သင့်အလှကို အားဖြည့်ပေးမယ့် အချက်(၁၀)ချက် Empty သင့်အလှကို အားဖြည့်ပေးမယ့် အချက်(၁၀)ချက်

Post by KOZIN Sat 20 Aug 2011, 14:44


၁-သန့်စင်ပါ...

အနည်းဆုံး မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် မျက်နှာသန့်စင်ပေးသင့်ပါတယ်။ မျက်နှာသစ်ချိန်ကို စက္ကန့် (၃၀) မှ (၆၀) အထိ အချိန်ယူ ပြီး အဆီနဲ့ အညစ်အကြေးများအားလုံးကို သန့်စင်အောင် ပြုလုပ်ပေးပါ။

၂-အသားအရေ ချောမွေ့မှု့ကို ရယူပါ...

ဆဲလ်သေတွေကို ဖယ်ရှားပါ။ နှာခေါင်းဘေးပတ်လည်နဲ့ တံတောင်ဆစ် ၊ ဒူးခေါင်းတို့လို ကြမ်းတမ်း တဲ့နေရာတွေကို သေချာ ဂရုစိုက် ပေးပါ။ Moisturizer ကို ကောင်းကောင်းစုပ်ယူနိုင်ပြီး အသားအရေ အသစ်တစ်ဖန်ချောမွေ့အောင် စွမ်းဆောင်နိုင်စွမ်းရှိပါစေ။


၃-နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ...

အိပ်ချိန် (ရ)နာရီ ဒါမှမဟုတ် (၉)နာရီ ရှိခြင်းက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်း စေနိုင်ပြီးအသားအရေအတွက်ရော ကျန်းမာရေး အတွက်ပါ အကျိုးရှိစေပါတယ်။ အနားယူမှု့ မရှိခြင်းက အရေပြားအသစ် ဖြစ်ပေါ်နှုန်းကို လျှော့ကျစေ ပြီး နွမ်းလျတဲ့သွင်ပြင် ပေါ်စေပါတယ်။ ၀က်ခြံဖြစ်ပေါ်ခြင်းနဲ့လဲ တစ်နည်းတစ်ဖုံ ပတ်သတ်လို့နေပါတယ်။ အိပ်ရေး ၀၀ မအိပ်ခြင်းဟာအသားအရေ ပြသနာတွေကို ဖြစ်ပေါ်စေတဲ့ ဆိုက်တိုကိုင်စ်တွေကို (၄၀% မှ ၆၀%) ထိ တိုးပွား စေပါ တယ်။

၎-အစားအသောက် ရွေးချယ်မှု့ မှန်ကန်ပါစေ...

ကြည်လင်တဲ့အသားအရေ ပိုင်ဆိုင်ဖို့ သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက် ၊ Omega-3 ၊ ဗီတာမင်နဲ့ Antioxidant ကြွယ်ဝ တဲ့ အစားအစာတွေကို စားပေးရပါမယ်။ နို့်ထွက်ပစ္စည်း ၊ သကြားနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို မစားသုံးဘဲ ဟင်းသီးဟင်းရွက် ၊ သံလွင်ဆီ ၊ မပြည့်ဝဆီနဲ့ အစေ့အဆန်တို့ကို စားသုံးမယ်ဆိုရင် နေရောင်ကြောင့် အသားအရေ အရေးကြောင်းဖြစ်ပေါ်ခြင်းကို အထူးကာကွယ်ပေးနိုင်ပါတယ်။

၅-လှုပ်လှုပ်ရှားရှားနေပါ...

လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှု့ကို တိုးမြှင့်ပေးပြီး အရေပြားမျက်နှာပြင်တွေကို သွေးရောင်လွှမ်း စေပါ တယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ၀က်ခြံတွေကို ထွက်ပေါ်စေတဲ့ DHEA နဲ့ DHT ကဲ့သို့သော ဟော်မုန်းများ ထုတ် လုပ် ခြင်းကို ကုသပေးနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆိပ်အတောက်တွေကို ချွေးတွေနဲ့အတူ ဖယ်ရှား သန့်စင်ပေးပါတယ်။ ဒီတော့ i Pod လေးကိုနားမှာတပ်ပြီး ကျန်းမာလှပတဲ့အသားအရေအတွက် မိနစ် (၂၀) လောက် ခပ်မြန်မြန်လေး လမ်းလျှောက်ကြည့်ပါအုံး။

၆-ရနံ့တွေကို ခံစားပါ...

သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ခံစားမှု့ကို ဖော်ပြပေးနိုင်တဲ့ ရနံ့မျိုးကို ရွေးချယ်ပါ။ လက်ကောက်ဝတ်တစ်ဖက်ကို
ရေမွှေးစွတ်ပြီး အခြားတစ်ဖတ်နဲ့ ထိပေးပါ ။ရေမွှေးဝယ်ဖို့ Shopping ထွက်တယ်ဆိုရင် ညနေပိုင်းမှသာ သွားပါ။ နေ့ တစ်နေ့ရဲ့ နောက်အကျဆုံးအချိန်တွေမှာ ရနံ့ခံအာရုံက ပိုပြီးစူးရှတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားတဲ့အတွက် ကြောင့်ပါ။

၇-ကာကွယ်မှု့ ရယူပါ...

Sunscreen က UVA မှပါလာတဲ့ Free Radicals (၅၅%) ကိုသာ ထိန်းထားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် နေရောင်အောက်မသွားခင် Sunscreen ကိုသာမက Antioxidant ကိုလည်းသုံးပေးသင့်ပါတယ်။ Skin care အသုံး ပြုပြီး မိတ်ကပ်မလိမ်းခင်မှာ Sunscreen ကိုသုံးခြင်းက ချွေးပေါက်ကျယ်ခြင်းနဲ့ အမည်းစက်ဖြစ်ပေါ်ခြင်းကို ကာ ကွယ်ပေးနိုင်ပါတယ်။

၈-အလှဆုံးအသွင်ပြင်ရအောင် ဖန်တီးပါ...

သင့်ရဲ့ မျက်ခွံမှာ Eye-shadow လေးတင်ပြီး မျက်တောင်ကော့ပေးလိုက်ရုံနဲ့ မျက်ဝန်းကို ပေါ်လွင်လှပလာစေပါတယ်။
ရွှေရောင်ဖျော့ဖျော့ Shadow က နွေးထွေးတဲ့အလှကို ဖြစ်ပေါ်စေပြီး အလင်းရောင်ထဲမှာဆိုရင် တောက်ပစွာ လှပ နေစေပါတယ်။ မျက်ခွံအပေါ်ကို အဖြူရောင် Shimmer လေးနဲ့ ဖြည့်စွက်ပြီး တောက်ပတဲ့ နုတ်ခမ်းနီအရောင်ကို
ရွေး ချယ်လိုက်တဲ့အခါ ကြည့်ကောင်းတဲ့ သွင်ပြင်ကို ရရှိလာပါတယ်။

၉-အလိုက်ဖက်ဆုံး မိတ်ကပ် Foundation ကိုရွေးချယ်ပါ...

အသားအရောင်နဲ့ မကိုက်ညီတဲ့ Foundation က လူကိုကြည့်ရဆိုးစေပါတယ်။ နေ့ဘက်အလင်းရောင်အောက်မှာ မေးရိုးတစ်လျှောက်ကို Foundation စမ်းသပ်လိမ်းခြယ်သင့်ပါတယ်။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားနဲ့ သင့်တော် မယ့် Foundation ကိုရွေးချယ်ဖို့လည်း လိုပါတယ်။

၁၀-လက်ကိုင်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ...

သင့်ရဲ့ညာဘက်မေးရိုး တစ်လျှောက်မှာ ခါတိုင်းထက်အဖုအပိမ့်တွေ ပိုမိုထွက်နေပါသလား။ ဒါဟာ သင့်ဖုန်းမှာရှိတဲ့ ဗက်တီးရီးယားပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင့်မှာရှိတာက iPhone သို့မဟုတ် Touch screen အမျိုးအစားဆိုရင် Cleaning kit ၀ယ်ယူပြီး သန့်ရှင်းလိုက်ရုံပါပဲ။ တခြားဖုန်း အမျိုးအစားဆိုရင်တော့ ဂွမ်းစလေးကို အရက်ပြန် အနည်း ငယ်စွတ်ပြီး ဖုန်းကိုသန့်ရှင်းပေးပါ...

KOZIN
KOZIN
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 10
Join date : 2011-08-13

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum