မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ်

Go down

ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ် Empty ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ်

Post by yarzar86 Wed 16 Mar 2011, 10:03

သူငယ်ချင်းအားလုံး မင်္ဂလာပါ … ဒါကတော့ ကျွန်တော့ရဲ့ ဒုတိယမြှောက် ကြိုးစားခြင်းဖြစ်ပါတယ်။ ပထမ ပို့စ် တစ်ပုဒ် တင်လိုက်ပါတယ်။ အိုင်တီဆိုဒ် မဟုတ်တာဘဲလား စိတ်ဝင်စားမှု နဲကျတာဘဲလား မသိဘူး ဘာကွန့်မန့်မှလဲ မရသလို ကြည့်ရှုသူ အရမ်းနဲတာကိုလဲ ၀မ်းနဲစွာ တွေ့ ရပါတယ်။ ဟီးးးးး ဒေရှင်နရီနဲ့ ပက်သက်ပြီး ထပ်ပြီး ဖော်ပြပါရစေ … ကျွန်တော့ အကိုကြီး Who Am I ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ အောက်မှာ စပြီး လေ့လာနိုင်ပါတယ် … အရေးကြီးတဲ့ ပို့စ် တစ်ခုဖြစ်တဲ့အတွက် ဘာမှ မပြင်ဆင်ဘဲ ဒီအတိုင်းလေး ဖော်ပြပေးလိုက်ပါတယ် …
ယခုမိတ်ဆက်ပေးချင်တာကတော့ အင်မတန် ပေါ့ပါးပြီး အသုံးတည့်စေမည့် အိပ်ဆောင် အဘိဓါန် (ခုခေတ်မှာတော့ အိပ်ဆောင်မဟုတ်တော့ဘဲ Thumb drive / Flash drive ထဲ ထည့်ဆောင်သွားနိုင်သော) Portable ကိုယ်ပိုင် အဘိဓါန်လေး တစ်ခုပါဘဲ။

ဒီဟာလေး ရေးဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းလေးတွေကို အနည်းငယ် တင်ပြလိုပါတယ်။ ပထမ အချက်အနေနဲ့ ကျနော့် ကိုမိုးလုံးပြည့်လျှံ ဆိုတဲ့ ညီလေးတစ်ယောက်က မေးလာပါတယ်။ သူ့မိတ်ဆွေ ဂျပန်က လူတစ်ယောက်က သူစုစည်းထားတဲ့ ဂျပန်စာလုံးတွေကို ကိုယ်ပိုင် အဘိဓါန်လေး တစ်ခုလုပ်ပြီး သိမ်းချင်ပါတယ်လို့ ဆိုလာပါတယ်။ အယ်ဒါနဲ့ ကျွန်တော်လည်း UI ကိုတော့ ရေးပေးမယ် Data တွေတော့ ကိုယ့်ပါကို ထည့်ပြီး ပြည့်စုံသွားရင် ပြည်လည်မျှဝေ ပေးပါလို့  ပြောခဲ့ပါတယ်။ ပြီးတာနဲ့ ကျနော် UI ကို စရေးပါတယ်။ အယ်အချိန် မှာ ဒီပို့စ်လေးကို သွားဖတ်မိတယ်။ အယ်ဒါနဲ့ အင်စတောလုပ်ပြီး စမ်းကြည့်လိုက်တော့ ဘီတာ ဗားရှင်း ဖြစ်တဲ့အတွက် အားနည်းချက်လေးတွေကို တွေ့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာစာတိုးတက်မှုအတွက်တော့ ဂုဏ်ယူစရာပဲလေ။ အယ်ဒီထဲကမှ Database file ကို ကျနော် လေ့လာမိပြီး ပြန်လည်ပြင်ဆင်မှုလေးတွေ လုပ်နိုင်ခဲ့ပါတယ် (Modified လုပ်တယ်ပေါ့)။ ဒါကြောင့် ကျနော် ဒီနေရာမှာ Myanmar NLP Team ကို Special credit ပေးပါတယ်။ အယ်ဒီ Database file လေးကို ပြန်လည် Modified လိုက်တဲ့အခါမှာ အင်္ဂလိပ် စားလုံးပေါင်း ၁ သောင်းခွဲ ကျော်ကျော် ရရှိပါတယ်။ အယ်ဒါနဲ့  ကျနော်လည်း ခုလို ကိုယ်ပိုင် အဘိဓါန် ဆိုတာလေးကို ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ အောက်က နမူနာ ပုံလေးတွေကို လေ့လာကြည့်ပါ ။ အားလုံးကို မြန်မာ ၃ ယူနီကုဒ်နဲ့ ရေးထားတာ ဖြစ်တဲ့အတွက် သေချာတာကတော့ ဇော်ဂျီဖောင့်က ဒီနေရာမှာ အသုံးမ၀င်ပါဘူး။

ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ် 4

ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ် 3

ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ် 5

ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ် 6

နမူနာပုံလေးတွေ အရတော့ အားလုံး မြန်မာလို ဖြစ်တဲ့အတွက် နားမလည်နိုင်စရာ မရှိဘူးလို့ ထင်ပါတယ်။ လက်ရှိမှာ ဒီကိုယ်ပိုင် အဘိဓါန်အနေနဲ့ အင်္ဂလိပ် စာလုံး ၁ သောင်းခွဲစာ ကို ရှာဖွေနိုင်ပါတယ် ၊ ပြင်ဆင်နိုင်ပါတယ် ၊ အသစ်များကို ထပ်မံ ဖြည့်စွက်နိုင်ပါတယ် ။ အင်္ဂလိပ်စာလုံးမှ မဟုတ်ပါဘူး တရုတ် ၊ ဂျပန် ကိုရီးယား ၊ ရုရှား ၊ ကုလား စသည်များကို မိမိ သိသမျှ ဖြည့်စွက်ထားနိုင်တဲ့ မိမိကိုယ်ပိုင် အဘိဓါန်ဘဲ ဖြစ်ပါတယ် ။ Microsoft Access Database ကို အသုံးပြုထားတဲ့အတွက် စာလုံးပေါင်း ၆၅၅၃၆ အထိ ဖြည့်စွက်နိုင်ပါတယ်။ တကယ်လို့ အသုံးပြုသူအနေနဲ့ စုဆောင်းထားတဲ့ စာလုံးတွေက ၆ သောင်း ခွဲမက များပြားနေတယ်ဆိုရင်လည်း ကျနော့ကို ပြောပါ အယ်ဒီထက် ပိုပြီး ဖြည့်စွက်နိုင်တဲ့ အနေအထား ဖြစ်အောင် စီစဉ်ပေးပါ့မယ်။

System Requirements
၁။.Net Framework 2.0 and above
၂။ မြန်မာလိုတွေ အားလုံး ပေါ်နေဖို့ အတွက်တော့
Windows XP >> Desktop >> Right Click >> Properties>> Appearance Tab >> click the Advanced button
Vista, Windows 7 >>Desktop >> Right Click >> Personalize>> Window color >> Advanced appearance settings
အယ်ဒီမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip

စတာတွေကို အကုန် မြန်မာ၃ ပြောင်းပေးထားဖို့တော့ လိုပါမယ် …

၃။ Microsoft Access 97/2000/2003 or above စက်ထဲမှာ ရှိနေရပါမယ်။
ကိုယ်ပိုင်ဒေရှင်နရီလေး လုပ်မယ် Ksp
Download Links
Dl From MediaFire
Download from Ziddhu
Download from MMITD

မှတ်ချက်အနေနဲ့ rar file ကို မဖြည်ဘဲ သုံးမယ်ဆိုရင် ရှာဖွေလို့ပဲ ရမှာ ဖြစ်ပါတယ်။ အသစ်သွင်းတာတို့ ၊ ပြင်ဆင်တာတို့ ၊ ပယ်ဖျက်တာတို့ကို သုံးဖို့ အတွက်တော့ ဖြည်ပြီးမှာ သုံးပါ။ rar ဖိုင်ထဲမှာ GUI(Graphical User Interface) ဖြစ်တဲ့ Dictionary.exe နဲ့ Database file ဖြစ်တဲ့ Dictionary.mdb ၂ ဖိုင်သာ ပါရှိပါတယ်။
Dictionary.mdb ရဲ့ File name တွေကို သွားမပြောင်းမိစေပါနဲ့ ၊
Dictionary.exe နဲ့ Dictionary.mdb နှစ်ခုစလုံး Folder တစ်ခုထဲမှာ ရှိနေပါစေ။
လေးစားစွာဖြင့် Who Am I
စာကြွင်း … ဇော်ဂျီ ဖြင့် ပြန်လည် ရေးသားထားသောကြောင့် တစ်ချို့ စာလုံးများ ကျန်ရစ်နေခဲ့ပါလျှင် ကျွန်တော့ အပြစ်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Ps … http://forum.mmitd.com/
ဒီပို့လေးကို သိမ်းထားလိုလျှင် အောက်မှာ ဒေါင်းပါ။
http://panchitthu.files.wordpress.com/2011/03/read-me.pdf
ကို ကလစ်ပြီးဒေါင်းပါ ( Or )
http://www.mediafire.com/?bxncmzykfig19p9
အဆင်ပြေ ပျော်ရွှင်ကျပါစေ ...
yarzar86
yarzar86
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 2
Join date : 2011-02-03
Age : 37
Location : Shwebo

http://panchitthu.wordpress.com/

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum