မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

အာရှ နိုင်ငံများရဲ့ အတုယူဖွယ်ရာ ဥယျာဉ် မှတ်တမ်းများ

Go down

အာရှ နိုင်ငံများရဲ့ အတုယူဖွယ်ရာ ဥယျာဉ် မှတ်တမ်းများ Empty အာရှ နိုင်ငံများရဲ့ အတုယူဖွယ်ရာ ဥယျာဉ် မှတ်တမ်းများ

Post by bunny Mon 16 Aug 2010, 12:10

ဒီတစ်ခါ ငွေလရောင်မှ ကမ္ဘာ့အကောင်းဆုံးဖျော်ဖြေရေး
ဥယာဉ် ( 12 ) ခုကို သူငယ်ချင်းများသိရှိစေရန် ဝေမျှပေးလိုက်ပါတယ်။


1- ယူနီဗာဆယ်စတူဒီယို ( စင်္ကာပူ )


2010ပြည့်နှစ် ဖေဖော်ဝါရီလတွင်မှ ပြီးစီးခဲ့သော အဆိုပါဥယာဉ်သည် ပင်မအကြောင်းအရာတစ်ခုအပေါ် အခြေခံကာ ဖန်တီးထား သည့် စင်္ကာပူနိုင်ငံ၏ ပထမဆုံးဥယာဉ်ဖြစ်သည်။ အဆိုပါဥယာဉ်သို့ နှစ်စဉ်ပြည်တွင်းမှ ဧည့်သည် 0.46 သန်းနှင့် ပြည်ဧည့်သည် 0.97 သန်း လာရောက်လည်ပတ်လိမ့်မည်ဟု မျှော်လင့်ထားသည်။ဥယာဉ်တစ်ခုလုံ

းတွင် စီးစရာများနှင့် ပြသထားမှု့များသည် Battestar Galactica ၊ Shrek ၊ Madagascar ၊ Jurassic Park နှင့် The Mummy ကဲ့သို့သော ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ် များပေါ်တွင် အခြေခံထားသည်။


2-အဲဗားလန်းဒ် ( တောင်ကိုရီးယား )




မှတ်တမ်းများအရ 2006 ခုနှစ်တွင် ကိုရီးယားခြောက်ဦးလျှင် တစ်ဦးနှုန်း ( လူပေါင်း 0.82သန်းခန့် )

၎င်းဥယျာဉ်သို့ လာရောက် လည်ပတ်ကြောင်း သိရသည်။ ယင်းသည် လုံးဝပြည့်စုံသော

ဖျော်ဖြေရေးဥယျာဉ်ဖြစ်ပြီး တိရိစ္ဆာန်ရုံတစ်ခုနှင့် ရေအောက်ဥယျာဉ် တစ်ခုတို့ပါဝင်ပြီး ဆမ်ဆောင်းကုမ္ပဏ

ီ ငှာနခွဲကဦးစီး ဖွင့်လှစ်လျှက်ရှိသည်။အဆိုပါဥယျာဉ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး

ရိုလာကိုစတာရှိသည်။ နွေဦးရာသီရက်များတွင် အဆိုပါ ဥယျာဉ်၌ ပန်းပြပွဲပြုလုပ်ပြီး ဆောင်းရာသီတွင်

တောင်ကုန်း ရေခဲလျှောစီးမှု့ ပြုလုပ်၍ရသည်။


3-အိုးရှန်းပါ့ခ် ( ဟောင်ကောင် )


ဟောင်ကောင်ကျွန်း တောင်ဘက်ခြမ်းတွင်ရှိသည်။ အိုးရှန်းပါ့ခ်တွင် ပင်ဒါဝက်ဝံအကြီးစားလေးကောင်ရှိပြီး

ရေသတ္တ၀ါ ပြတိုက် တစ်ခု ၊ တစ်နာရီ 48 မိုင်နှုန်းဖြင့်သွားသော မြန်နှုန်းမြင့် ရိုလာကိုစတာတစ်ခုနှင့်

ခြောက်ခြားဖွယ် အိမ်များကို စီစဉ်တည်ဆောက် ထားမှု့တို့ရှိသည်။တိတ်ဆိတ်မှု့ကို နှစ်သက်

သောတရုတ်(ပြည်မ)မှ ဧည့်သည်များနှင့် ဟောင်ကောင်မှ ကလေးများက အဆိုပါ ဥယျာဉ်ကို

အလွန်သဘောကျသည်။


4-ဟက်ပီးဗယ်လီ ( တရုတ် )


ရှန်စန်းမြို့တွင် ရှိသော အဆိုပါဥယျာဉ်သည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး Theme park ဖြစ်ပြီး 1998

ခုနှစ်တွင်ဖွင့်လှစ် ခဲ့သည်။ ယင်းတွင် မာလာယဉ်ကျေးမှု့ ဆိုင်ရာ ရေအောက်ပြတိုက်တစ်ခု ၊ စပိန်ရိုးရာ

ပွဲခင်းတစ်ခု ၊ ရွှေမိုင်းတွင်း ပုံစံတစ်ခုနှင့် တောအုပ်တစ်ခုတို့ပါဝင်သည်။ 2008ခုနှစ်တွင် ဧည့်သည်ပေါင်း

25သန်း လာရောက်လည်ပတ်ခဲ့သည်။


5-စီးဝါးဂိုးကို့စ် ( ကွင်းစလန် )




မျိုးသုဉ်းလုပြီဖြစ်သော လင်းပိုင်အကောင် 30 ရှိသည်။ ထို့ပြင် ၀န်ရိုးစွန်းဝက်ဝံများရှိသည့် သြစတေးလျနိုင်ငံ၏ တစ်ခုတည်းသော ဥယျာဉ်လဲဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များသည် လှေ၏အောက်ခြေတွင် တပ်ဆင်ထားသော မှန်လုံအိမ်မှနေ၍ ငါးမန်းများကို
ကြည့်နိုင်သည်။


6-ဆန်းဝေးလာဂွန်း ( ပီတာလင်ဂျာယာ-မလေးရှား )


အိန္ဒိယ၏ အနောက်ဘက် ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်ရှိ ကျယ်ပြန့်သောတောအုပ်နှင့် ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိ သည်။ အဆိုပါဥယျာဉ် အတွင်း ရှားပါးသော ငှက်များအားလုံးနှင့် အပင်များရှိသည်။ ကမ္ဘာလှည့်ခရီးသည်များသည် အဆိုပါ ကျွန်းသို့ ကူတို့ သင်္ဘောဖြင့် လာရသည်။ ရိုလာကိုစတာ အမျိုးမျိုး ရှိသည့်အပြင် ရေပြင်တွင်စီးနိုင်သော ယာဉ်အမျိုးမျိုးလည်း ရှိသည်။

8-ဒစ္စနေလန်းဒ် ( တိုကျို - ဂျပန် )


နှစ်စဉ် ဧည့်သည်ပေါင်း 26 သန်းတို့ လာရောက်လည်ပတ်သော တိုကျို ဒစ္စနေလန်းဒ်သည် အာရှတိုက်တွင် အခန်းနားဆုံး
Theme park ဟု ယူဆထားသည်။ တိုကျိုမြို့လည်ခေါင်မှနေ၍ ကမ္ဘာလှည့်ခရီးသည်များသည် ရထားဖြင့် လာရောက်လည်ပတ် ကြသည်။ ပန်းခြံအတွင်း မစ်ကီမောက်စ် နှင့် ဒေါ်နယ်ဒက်ခ်ကဲ့သို့သော ဒစ္စနေကာတွန်းများမှ ဇာတ်ကောင်းများကဲ့သို့ ၀တ်ဆင် ထားသော ၀န်ထမ်းများမှ ဧည့်သည်များအား ကြိုဆိုဧည့်ခံကြသည်။

9-ဒူနီယာ ဖန်တက်စီ ( ဂျကာတာ - အင်ဒိုနီးရှား )


အဆိုပါ ဥယျာဉ်သည် လူဦးရေအထူထပ်ဆုံးနေရာတွင် ရှိသည်။ ယခုနှစ်တွင် ဆင်လမ်းလျှောက်ပွဲတစ်ရပ်နှင့် လေထီးခုန်ချမှု့ တစ်ရပ်ကို အစီအစဉ်သစ် အဖြစ် ထည့်သွင်းလာသည်။

10-လက်ကန်ဒေနမ် ဗန်ဟီယန် ( ဟိုချီမင်းစီးတီး - ဗီယက်နမ် )


အဆိုပါ ဥယျာဉ်တွင် ရွှေရောင်ကျောင်းတော်တစ်ခု ၊ ရေအောက်ဥယျာဉ်တစ်ခု ၊ တိရိစ္ဆာန်ရုံတစ်ခုနှင့် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး လူလုပ်တောင်တစ်ခု တို့ရှိသည်။ ၀င်ကြေးမှာလဲ အလွန်သက်သာပြီး အမေ၇ိကန် နှစ်ဒေါ်လာသာကျသင့်သည်ဟု သိရသည်။

11-ဆင်းမ်ပါ့ခ်စီးတီး ( ဘန်ကောက်- ထိုင်း )


လယ်ကွင်းများကို အပန်းဖြေဥယျာဉ်အဖြစ် ပြောင်းလဲထားခြင်းဖြစ်သည် ။ရိုလာကိုစတာများအပြင် ထိုင်းရိုးရာအနှိပ်ခန်းများပါဝင်သော ရေပူစမ်းတစ်ခု တောတွင်း လှည့်လည်၍ လှေစီးနိုင်သောရေလမ်းခရီးတို့ကို ဖန်တီးထားသည်။ ဘန်ကောက်မြို့၏ ရှုမောဖွယ်အလှကို ခံစားနိုင်သော မျှော်စင်တစ်ခုလည်း ရှိသည်။ 2009 ခုနှစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှန်တမ်း၌ ကမ္ဘာ့အကြီးဆုံး ရေလှိုင်းစီးကန်သည် အဆိုပါဥယျာဉ်တွင် ရှိကြောင်းဖော်ပြထားသည်။

12-ဂျန်ဖူဆန် ဖန်စီဝါး( တရုတ်-ထိုင်ပေ )


တရုတ် ( ထိုင်ပေ )၏ အကြီးဆုံး ဖျော်ဖြေရေးပန်းခြံဖြစ်ပြီး အာရှတိုက်၏ တစ်ခုတည်းသော ကြမ်းခင်းမပါသည့်

ရိုလာကိုစတာ ရှိသည်။ အမြင့်ဆုံးကူတို့ ယာဉ်များရှိသည်။ လက်ဖက်ရည်နှင့် ကော်ဖီတိုက်ပြီး ကာရာအိုကေပါ

ဆိုနိုင်သည့် ပြတိုက်များရှိသည်။

နွားကျောင်းသားလေး



မူရင်း ဟက်ကာ
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum