မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ

Go down

မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ Empty မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ

Post by bunny Sat 14 Aug 2010, 19:45

အသက်ငွေ့လေးရဲ့
ခံစားချက်တစ်ရပ်ကို
ဘယ်သူ " Gallery "လုပ်ဖူးသလဲ.ဘာလဲ .


ကိုယ်ချစ်တဲ့သူနဲ့ ပက်သတ်တဲ့အကြောင်းတွေ ဒီမှာ "Gallery"လုပ်ရအောင်..
ကျွန်တော့်ရဲ့ "Gallery"က..ဒီလို..

ရုတ်တရက် ပြိုတဲ့"မိုး"က အလွမ်းတေးတစ်ပုဒ်လိုလို.. ဟီးးးးး
တယောဆရာကြီး ဦးတင်ရီရဲ့ တမ်းတခြင်း တေးသွားတစ်ပိုဒ်လိုလို..
ဘာမှမဟုတ်သလိုလို နဲ့ ငါ့ရင်ဘတ်ထဲ အထိ ခံစားလိုက်ရတာ..

တစ်ချိန်က ကျွန်တော်ဟာ ပန်းတိုင်ကြီးကိုင်ပြီး ပန်းမဝင် နိုင်ခဲ့တော့.
အမှောင်အတိပြီးတဲ့ လမိုက်ညတွေရယ်၊
ကြယ်တွေမစုံတဲ့ ကောင်းကင်ရဲ့ ညတွေရယ်၊
သည်းထန်စွာ ငိုကြွေးတတ်တဲ့ "မိုး"ရဲ့အငြိုးအတေးကြီးတဲ့ ညတွေရယ်၊
နှင်းမြူတွေကြားက ညဥ့်ငှက်တို့ရဲ့ ညဉ်းငြူသံတွေရယ်နဲ့..
ကျွန်တော်.....အကျွမ်းတဝင် ဖြစ်လာခဲ့တယ်။

ပျင်းရိ ညဉ်းငွေ့ဖွယ် ကောင်းတဲ့၊ ပူလောင် ခြောက်သွေ့ဖွယ်ကောင်းတဲ့
ကျန်ရှိနေသေးတဲ့ ဘဝအပိုင်းအခြားတွေကို
ပန်းချီဆရာလိုလို၊ ကဗျာဆရာလိုလိုနဲ့
ကျွန်တော်တစ်ကိုယ်တည်း နာရီလက်တံတွေကိုခိုစီး...
အလွမ်းတွေကိုညဉ်းရင်း လိုက်လာခဲ့တယ် ဟင်းဟင်း ဟင်းဟင်း

မြူနှင်းတွေဝေနေတဲ့ တောင်ကြီးရဲ့ဆောင်းတစ်ညမှာပေါ့
ကျွန်တော့်ကိုယ် ကျွန်တော် ကဗျာဆရာအဖြစ် သက်မှတ်ခဲ့တယ်..
အဲဒီ့ညမှာပဲ အလွမ်းကဗျာရှည်တစ်ပုဒ်ရေးဖို့ ချစ်သူကတိုက်
ဘီယာ ဘီယာ တွန်းခဲ့တယ်

ဒီလိုနဲ့ လူမသိ၊သူမသိ ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ယောက်ရဲ့
ရင်ဘတ်ထဲမှာ အမည်မဲ့  ပန်းချီကားတွေ ထပ်လို့...
ကဗျာ အပိုင်းအစတွေ ပြန့်ကျဲလို့..

အဆုံးမသတ်နိုင်သေးတဲ့ အလွမ်းအတိပြီးတဲ့ ဂန္တဝင် ကဗျာတစ်ပုဒ်အတွက်..
ကျွန်တော့်နှလုံးသားက နာကျင်စွာ လှုပ်ရှားလို့....နေတုန်း..

မကြာသေးခင်က ပန်းချီပြပွဲလေးတစ်ခု ကျင်းပလိုက်သေးတယ်..
ကျွန်တော့်ရဲ့ ရင်ဘတ်ကြီးကို ဖွင့်လို့ပေါ့...
ဒါပေမယ့်..ဆိုင်းဘုတ်တစ်ခုတော့ အဝင်ဝမှာ ချိတ်ထားခဲ့တယ်..

" မဆိုင်သူမဝင်ရ ၊ ရင်ခုန်သံတိုက်စစ်မည် " တဲ့
ဒီလိုနဲ့...
လူမစည်းကားပေမယ့်...
ကျွန်တော်တစ်ယောက်တည်း...နဲ့
အလွမ်းတွေ...စည်ကားစွာ ပြီးဆုံးသွားခဲ့တယ်။

ဒါနဲ့ပြပွဲလေးရဲ့ နာမည်က

" Anniversary Day " တဲ့
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ Empty Re: မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ

Post by bunny Sat 14 Aug 2010, 19:52

အလွမ်း မြို့ရိုး မှ ကျောက်စာ


ဟန်ဆောင်ယဉ်ကျေးမှူတွေသာ
ကမ္ဘာကနေ့ရက်တွေမှာ
အစကတည်း မရှိခဲ့ရင်
သူမ , ကျွန်တော့်ကို
လှည့်စားတတ်ခဲ့မည်
မဟုတ်ပါ။

bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ Empty Re: မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ

Post by bunny Sat 14 Aug 2010, 19:55

မှန်ကန်ပါတယ်ဆိုတဲ့ကောင်းကင်ကြီးတောင်
ရာသီဥတု ၊ အခြေအနေ အချိန်အခါ လိုက်ပြီး
ပြောင်းလဲတတ်သေးတာပဲ
အပြာရောင် နောက်ခံပန်းချီကားကြီးကတော့
ထါဝရ မှန်ကန်တဲ့သစ္စာတရားပေါ့ ...

ကျွန်တော့်ရင်ထဲမှာလည်း
ကောင်းကင်တစ်ခု ပိုင်ဆိုင်ပါတယ်
" ies " ပေါင်း မရတဲ့ တစ်ခုတည်းသော ကောင်းကင်လေးပေါ့..
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ Empty Re: မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ

Post by bunny Sat 14 Aug 2010, 20:01

မည်သို့ပင်ဖြစ်စေ
လှည့်စားမှူတိုင်း၏ နောက်ကွယ်တွင်
လှည့်စားသူ၏ စိတ်တစ်ခု တွယ်ငြိလာတတ်စမြဲပါ
ထိုစိတ်တစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့လျှင်
သင်သည်အောင်မြင်ခြင်း၏ လမ်းစကို
ိရှာဖွေတွေ့ရှိခြင်းပင် ဖြစ်ပေလိမ့်မည်
ကျွန်တော်လည်း ထိုစိတ်တစ်ခုကို လိုက်လံ ဖမ်းဆုပ်ရင်း
လမ်းလွဲလို့ လမ်းခွဲရောက်ခဲ့ရတာပါ ။
bunny
bunny
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 21
Join date : 2010-08-14
Age : 38
Location : mandalay

Back to top Go down

မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ Empty Re: မိမိခံစားချက်တစ်ရပ်ကို ဘယ်သူ gallery လုပ်ဖူးကြသလဲ

Post by Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum