မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

အမြင်အာရုံ၏ လှည့်စားမှု

Go down

အမြင်အာရုံ၏ လှည့်စားမှု Empty အမြင်အာရုံ၏ လှည့်စားမှု

Post by Guest Sun 01 Aug 2010, 16:58

အမြင်အာရုံ၏ လှည့်စားမှု (၁)
စံပုံစံတစ်ခုကို မြင်နေရမယ်။ စံပုံစံ၏ ထင်ရှားသည့်အရောင်က အနက်ဆိုရင် စံပုံစံပေါ်မှာ အစိပ်အကျဲညီတဲ့ အဖြူရောင်အစက်တွေ ချထားပါစေ..။ မျက်စိက မြင်တဲ့ အဖြူကို အနက်လို့ ဦးဏှောက်က ကြိုးစား ဘာသာပြန်ချင်တယ်။ တကယ်တမ်း အားလုံး အဖြူစက်တွေပါ။


အမြင်အာရုံ၏ လှည့်စားမှု (၂)
အရိပ်ကျနေတယ်လို့ ခံစားရရင် မျက်စိက ကူညီပြီး လင်းကြည့်ပေးချင်တယ်။ ပုံမှာ အရိပ်ထဲက လိမ္မော်ရောင်က ပိုတောက်နေသလိုပဲ။
တကယ်တမ်းမှာ လိမ္မော်ရောင် နှစ်ကွက်စလုံး အရောင်တူညီပါသည်။
ဒီနေရာလေးကိုနှိပ်ကြည့် ပါ

အမြင်အာရုံ၏ လှည့်စားမှု (၃)
အရာဝတ္ထုတစ်ခု လည်နေတယ်လို့ မျက်စိကခံစားရရင် တကယ်လည်လည် မလည်လည် ဦးဏှောက်က လိုက်လှည့်ပေးတတ်တယ်။
ပုံကို တည့်တည့်ကြည့်ပြီး ဦးခေါင်းကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ အဝိုင်းနှစ်ခု လားရာအသီးသီးဆီသို့ လည်နေတာ မြင်ရပါတယ်။
တကယ်တမ်းမှာ ငြိမ်နေသော ပုံသေတစ်ပုံသာ ဖြစ်ပါတယ်။
ဒီနေရာလေးကိုနှိပ်ကြည့် ပါ


အမြင်အာရုံ၏ လှည့်စားမှု (၄)
အကြီးအသေးကို ပတ်ဝန်းကျင်အရာဝတ္ထုတွေနဲ့ နှိုင်းယှဉ်ပြီး ခွဲခြားတတ်ပါတယ်။ မျက်စေ့က တင်ပြလာတဲ့ လိမ္မော်ရောင် အစက်နှစ်စက်ကို ဦးဏှောက်က ပတ်ဝန်းကျင်က အရာနဲ့ တိုင်းထွာလိုက်တာ ဘယ်အစက်က ပိုကြီးသွားလဲ သိသာပါတယ်။ တကယ်တမ်းမှာ အစက်၂စက်လုံး အရွယ်တူ ဖြစ်ပါတယ်။


အမြင်အာရုံ၏ လှည့်စားမှု (၅)
ဖြောင့်တန်း၊ ကွေ့ကောက်မှု့ကိုလည်း ပတ်ဝန်းကျင်အရာဝတ္ထုတွေနဲ့ နှိုင်းယှဉ်ပြီး ခွဲခြားတတ်ပါတယ်။ မျက်စေ့က တင်ပြလာတဲ့ ပုံမှာ ဒေါင်လိုက် အတုံးတွေ စီထားတာ မတူပါ။ ဒါကို ဦးဏှောက်က ဆက်ဘာသာပြန်လိုက်တာ ရေပြင်ညီလိုင်းတွေ ဘယ်လို မြင်သွားလဲ သိသာပါတယ်။ တကယ်တမ်းမှာ ရေပြင်ညီလိုင်းတွေ ပြိုင်လျက် အကွောအဝေးတူ ဖြစ်ပါတယ်။


အမြင်အာရုံ၏ လှည့်စားမှု (၆)
ဖြောင့်တန်းသော လိုင်းတွေ နဲ့ ဆက်စပ်နေတယ်ဆိုရင် ဦးဏှောက်က အရှိ အရှိအတိုင်း မမြင်ပဲ ထပ်မံ ပုံဖော်ဘို့ ကြိုးစားပါတယ်။ ဒီအခါမှာ မြင်ကွင်းဟာ ရုပ်လုံးကြွတစ်ခုအဖြစ် မြင်ယောင်လာစေပါတယ်။ တကယ်တမ်းမှာ အကွက်ပါ ကျောက်ပြားများ ခင်းထားသော ကြမ်းပြင်တစ်ခုသာ ဖြစ်ပါတယ်။



(source here)


အမြင်အာရုံ၏ လှည့်စားမှု (၇)
သုံးခွလား? နှစ်ခွလား?
_illusion_blivet.gif
ဘယ်လိုတြိဂံလဲ?
_illusion_imptriangle.gif

အမြင်အာရုံ၏ လှည့်စားမှု (၈)
သေချာကြည့်ရင် ပုံကအသေပဲ။ ဒါပေမယ့် ပုံထဲမှာပါတဲ့ အဖြူပွင့်နဲ့ အနီပွင့်ကို လှိုင်းလို့ ဦးဏှောက်က ဘာသာပြန်လိုက်တယ်။
သေချာကြည့်ရင် မြင်ပါတယ်။
_illusion_sakuras2b.gif

အမြင်အာရုံ၏ လှည့်စားမှု (၉)
ပဲစေ့လေးတွေ ထောင်ထားတာ တစ်ချို့ကပိန်ပိန် တစ်ချို့က ဝဝ။ ဒါကို ဦးဏှောက်က ဆလင်ဒါလို လည်နေတယ်လို့ ဘာသာပြန်လိုက်တယ်။
_illusion_spinner2.gif

အမြင်အာရုံ၏ လှည့်စားမှု (၁၀)
ပဲစေ့လေးတွေကို ကပ်လျက်တစ်လုံးနဲ့တစ်လုံး ၃၀ဒီကရီစီ လွှဲပီးနေရာချထားတာ။ ဘာမှ မထူးဆန်းဘူး။ ဒါကို ဦးဏှောက်က ဘယ်လို ဘာသာပြန်လိုက်ပါသလဲ။ ဒါ ကျနော် အကြိုက်ဆုံး illusion ပဲ။ လူတိုင်း ဆွဲကြည့်လို့ ရတယ်။ ပဲစေ့လေးတစ်ပုံသာဆွဲတတ်ရင်ပေါ့။
_illusion_spinner3.gif

အမြင်အာရုံ၏ လှည့်စားမှု (၁၁)
ပုံအသေပဲနော်။ တနေရာတည်း စိုက်ကြည့်ကြည့်။ ကြိုက်သလောက် ကြာအေင်ကြည့် ပုံအသေပဲ။ လူ့ဦးဏှောက်ကိုက ရုပ်ကြွအဖြစ် သရုပ်ဖော်ချင်နေတာ။
ဒါ့ကြောင့်လဲ အခုခေတ် သရီးဒီရုပ်ရှင်တွေ ပေါ်လာတာပေါ့နော်။ ဒါနဲ့ ပြောရဦးမယ်။ သရီးဒီကားတွေကို သရီးဒီမျက်မှန် ကောင်းကောင်းရှိမှ ကြည့်ဗျိုး။ တလုတ်က လာတဲ့ ပလတ်စတစ် မျက်မှန်တွေနဲ့ စက္ကူကော်ကပ်မျက်မှန်တွေနဲ့ မကြည့်နဲ့။ ကိုယ့်မျက်လုံးကိုယ် နှမြောရင်ပေါ့။
avatar
Guest
Guest


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum