မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

3 posters

Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

Post by Guest Sat 10 Apr 2010, 13:08

ဘဝရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလို ရေးပေးထားခဲ့ရင်...
ခုချိန်မှာ ကျွန်တော်ပြန်ထုတ်ကြည့်ဖို့
အဆင်ပြေတာပေါ့ အမေ....

အစကတည်းက မကောင်းခဲ့တော့လဲ
အနှောင်းကျတော့ အလဲလဲ အကွဲကွဲပါ အမေ....
အမေမရှိတော့တဲ့နောက်.....
ကျွန်တော်လျှောက်ခဲ့ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားဝေဝါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုး သက်တန့်တံတားပါ
အမေ...........

အမေသင်ခဲ့ရတဲ့ အမေ့ရဲ့ကျောင်း
ဘဝကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့် ကို အမေ အားမရခဲ့ဘူး မဟုတ်လား..

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့စိတ်ကို အမေဖတ်ခဲ့တာ
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ...

ဒီသားရဲ့ ဒီစိတ်ဓါတ်
ငယ်ထိပ်ကို တက်နေတဲ့
ဒေါသတရားတွေ...
ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ...
နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား...

နားလည်ဖို့ အားမငယ်ဖို့
စိတ်ရှည်ဖို့ သိပ်မတေဖို့
သည်းခံဖို့ နည်းမှန်ဖို့...
.................. .....................
..................... ....................

ရွှေဥတဲ့ ဘဲ..
ရဦးမယ်လို့ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့
လူမိုက်တွေရဲ့အကြောင်း
လူဆိုတဲ့နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကိုမျိုတတ်လေတဲ့
လူ့သဘက်တွေရဲ့အကြောင်း...
ဟိုး ............အမြင့်ကိုရောက်ဖို့အတွက်
မတက်သင့်တဲ့ အချို့သော လှေကားတွေအကြောင်း
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါ အမေ....


သိရဲ့လား အမေ
ရေခံ မြေခံကောင်းပေမယ့်
အမေစိုက်တဲ့မျိုးစေ့က မမှန်ဘူး
ကျွန်တော်ရှင်သန်ချင်ခဲ့တာက ခေါင်းစဉ်တစ်မျိုးနဲ့ ဘဝ အမေရဲ့

ချမ်းမြေ့သာယာတဲ့ဘဝတစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး...
ဟောသည့်မှာ ဝက်မ တစ်အုပ်
သားတစ်သက်ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်း ငါးခင်းပဲရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်တော့ဘူးပေါ့


ဟား..ဟား...ဟား...ဟား...
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်ဘူးတဲ့ တက်ကျမ်းစာအုပ်တွေထဲမှာ
မပါဘူးအမေ....
နွားတွေနဲ့နေရင် ရွံ့စင်တာထက်
ဘာများတိုးတက်မလဲ
အမေ ပေးတဲ့ ဝက်မတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့မရဘူး..
အမေ ပေးမယ့်လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး
ငါးရှာရမလား...
ကြည့်စမ်းပါ့ အမေ
ဒီကောင်က တံငါနားလည်းမနေဘူး
မုဆိုးနားလည်း မနီးဘူး
အနာဂါတ်ကို ဖွင့်ထားတဲ့
အိမ်မက်တံတားကိုလျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ။

တောမှာနေ တောမှာကြီး
ကျွန်တော့ဘဝကို တောမှာတင်မပြီးဘူး
လင်ကွန်းကို အမေသိလား................
သစ်လုံးအိမ်ကို အမေ သိလား............
အိမ်ဖြူတော်ကို အမေသိလား........
ကျွန်တော်ကတော့ သွားမှာပဲ အမေ။

ခွင့်လွှတ် အမေ
အဲ့ဒီတုန်းက အိမ်မက်တွေ
တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့
လွယ်ပိုးထားရတာဆိုတော့
အမေ့ရဲ့ ငိုချင်းတရားတွေကလဲ
ကျွန်တော့နားထဲ ဘယ်ဝင်ပါတော့မလဲ
အမေရယ်...........
အမြင့်ကိုမှန်းတော့
အကျအလဲ ကြမ်းတယ်အမေ
ကျွန်တော်တက်တဲ့ အဲ့ဒီလှေကားမှာ
လက်ရန်းမပါဘူး အမေ


အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ..
နွားသင်းကွဲလေး ကျွန်တော့အတွက်
ချိုမြိန်မယ်ထင်တဲ့
အိမ်မက်တွေလည်း ခါးသက်လို့သွားခဲ့ပြီ အမေ...။

မြို့ကြီးကြီး ပြကြီးကြီးနဲ့
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလိုကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ကုန်ပြီကော အမေ..။

သမုဒ္ဒရာ ဝမ်းတစ်ထွာတဲ့လား အမေ...
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြာဝဠာတောင်မကပါဘူး အမေရယ်....
ငတ်တာကို ရှက်စရာနဲ့လဲစားရတာလဲ အခါခါ
အမေ့ကိုတော့ အားနာပါတယ်....


ပတ်ဝန်းကျင် ကျွန်တော့အနားမှာလဲ
ခေါင်းကျက်ခေါင်းစား အမြီးကျက်အမြီးစားမယ့်သူတွေများလွန်းလို့
အားကုန်ထုတ်ပြီး သွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှမနီးသေးဘူး အမေ...။

" ဒီမယ် ငါ့သား ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
ခုမှ ပြန်ကြားယောင်မိတယ် အမေ..။




ီအမေသင်ခဲ့ရတဲ့ အမေ့ရဲ့ကျောင်း
ဘဝကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့် ကို အမေ အားမရခဲ့ဘူး မဟုတ်လား..


ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ဘဝရဲ့ စာသင်ကျောင်းမှာ
ပျော်အောင်လည်းမနေတတ်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့
အမေ့ရဲ့ ကျောင်းသား
တစ်ကယ်တော့ ကျောင်းပျက်ရက်လည်းများတယ်
မဟုတ်လား အမေ...
ဘဝရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင်....
ခုချိန်မှာ ကျွန်တော့ပြန်ထုတ်ကြည့်လို့ ..
အဆင်ပြေတာပေါ့ အမေ....။

အမေ့ကို သတိရခြင်းများစွာဖြင့်....
avatar
Guest
Guest


Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty (နောက်ဆုံးခရီးလားအမေရယ်)

Post by Guest Sat 10 Apr 2010, 23:13

ဟို..အနောက်တောင်တောတန်းက
ထန်းပင်တွေရဲ့ထိပ်ဖျားမှာ နေလုံးဟာ
တဖြည်းဖြည်းညိုခဲ့ပေါ့....
တောင်သူဓလေ့....ယာမီးငွေ့တွေ
လွင့်တက်လာပေါ့...
ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကိုနှုတ်ဆက်နေကြသလား..
သိမ်းစွန်ငှက်အပြန်လမ်းမှာ ကျီးကန်းတွေ
ကသုတ်ကရိုက်နဲ့ ရွာဘက်ဆီပျံပြေးကြပေါ့...
လမ်းကကြမ်းလိုက်တာအမေ....
တောင်ကမူကျတ်တီးကြား နှစ်တွေများစွာ
ရေတိုက်စားမှုနဲ့ ပျက်လုလုလှည်းလမ်းမပေါ်မှာ
အမေ့ခေါင်းဟာ လှုပ်ရမ်းလှချည့် ဖြည်းဖြည်း ဖြည်းဖြည်း
ဆူးကိုင်းတွေဘေးဖယ်...မျက်နှာကိ
ုခြစ်မိကြဦးမယ်
ကြေးစည်ကိုရိုက်နှက်ကြပေါ့...လှည်းဘီးကိုသူတို့တွန်းကြပေါ့..
အမေ့ခေါင်းဟာ လှည်းပေါ်မှာယိမ်းထိုးလို့...
ရှားစောင်းပင်ပေါ်က ဒေါ့ရင်းဆိုတဲ့..
အကောင်တွေ တကျည်ကျည်မြည်လို့..
အမေ့မြေးကလေးတွေ... အမေ့ရဲ့ဆွေမျိုးသားချင်းတွေ..
အမေ့ကိုခင်မင်သူတွေ...
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့.....
အမေရယ်....................
အမေကတော့ အေးချမ်းရာနေရာတစ်နေရာကို
အရင်ဦးဆုံး သွားခဲ့ပြီးပြီပေါ့နော်....
အမေအေးချမ်းနေပေမယ့် သားရင်ထဲမှာ
မအေးချမ်းနိုင်ခဲ့ပါဘူး.....
avatar
Guest
Guest


Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty Re: ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

Post by Guest Thu 15 Apr 2010, 15:51

မေမေ

မေမေ ….
အနှိုင်းမဲ့ခြင်းတွေနဲ့
မလုံလောက်တဲ့ စကားလုံးတစ်ချို့
အတိုင်းဆမဲ့ မေတ္တာတွေကို
ဦးညွှတ် တမ်းတဆဲပါ ….
မေမေ …

အို…. အို …
(လူလေးရေ အိပ်ပါတော့
လမင်းကြီးလည်း သာရော့ပေါ့ )
သားချော့တေးတွေ သီဆိုနေရင်း
အိပ်စက်ခြင်းတို့ အမေ့နို့စို့ကာ
မေတ္တာရိပ်ထဲ ပုခက်လွဲရင်း
နူးညံခြင်းနဲ့ သိပ်ခဲ့ ချိန်ခါ
ကြင်နာမှုတွေ ရေလို အေးမြ
သိကမကြွယ် ရင်ဝယ်ပိုက်တွေး
တိုက်ကျွေးချော့ကာ ဂရုဏာဆင်
ကျေးဇူးရှင် မေမေ ….
avatar
Guest
Guest


Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty Re: ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

Post by waime Tue 11 May 2010, 15:20

မောင်လေး ရေ....... ကဗျာလေးတွေ က အရမ်းကောင်းတာပဲ......
အားပေးသွားပါတယ် နောက်လဲ ရေးအုံးနော်..... ငိုနေတယ် ငိုနေတယ်
waime
waime
အထူးအသင်းဝင်
အထူးအသင်းဝင်

Gender : Female Posts : 11
Join date : 2010-03-21
Age : 34
Location : yangon

Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty Re: ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

Post by doublehouse Sun 16 May 2010, 18:20

ညီရေ...အမေနဲ့ပက်သက်တဲ့ကဗျာလေးအရမ်းဖတ်လို့ကောင်း
တယ်ကွာ..ခုလိုတင်ပေးတဲ့ညီကိုကျေးဇူးတင်ပါတယ်ကွာ.
နောက်လဲတင်ပေးဦးနော်.. ငိုနေတယ် ငိုနေတယ်
avatar
doublehouse
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 16
Join date : 2010-04-25

Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty ကြွေးဟောင်းဆပ်ခွင့်ပြုပါ

Post by manawphyulay Sun 16 May 2010, 20:17

လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော အမေသာ
အရေးကြီးဆုံးပါ အမေ...
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ အမေရေ...
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
အမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် အမေရယ်...
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ အမေ... တာ့တာ တာ့တာ
avatar
manawphyulay
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 6
Join date : 2010-05-13

Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty Re: ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

Post by Guest Sat 29 May 2010, 15:56

ခုလိုရေးပေးတဲ့ အတွက်မနောဖြူလေး
ကိုအရမ်းကျေးဇူးတင်ပါတယ်နော်
နောက်လည်းဆက်ပြီးတင်ပေးပါနော်

ကျေးဇူးတင်လျှက်
phohtoo(ငြိမ်းချမ်းးထူး)
OCG ဖိုရမ်မိသားစု
avatar
Guest
Guest


Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty အဝေးရောက် မောင်လေးများအတွက် ခံစားရေးဖွဲ့သည်။

Post by manawphyulay Sun 30 May 2010, 10:19

အမေ
ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘ၀နဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။ တာ့တာ တာ့တာ
avatar
manawphyulay
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 6
Join date : 2010-05-13

Back to top Go down

ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး Empty Re: ကျွန်တော် မကြေညှက်ခဲ့သော အမေ့ သင်ရိုး

Post by Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum