မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏

မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
Would you like to react to this message? Create an account in a few clicks or log in to continue.

့ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ

2 posters

Go down

့ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ Empty့  အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ

Post by kyaw linn Wed 31 Mar 2010, 19:21

အသိုက်မဲ့ မာန


လမ်းခုလတ်တွင်
ထင်းရှူးကိုင်းပြတ်
ချိုးဖြတ်ပင်စည်
လေနီမွှေနောက်
ပင်အောက်ကပ်ခို
ဖြစ်သလိုပဲ

မိုးစက်အပ်ဖျား
လျှပ်လက်မြားဒဏ်
လူးလိမ့်ခံလိုက်
တောင်ပံရိုက်ခတ်
ပင်လယ်ဖြစ်စဉ်
လှိုင်းခေါင်းမြင်မိ
ခွန်စိုက်ချည့်နဲ့
နွမ်းယဲ့မူးမော
သောကတနင့်
နားခွင့်မကြုံ

ရက်စက်ပြီလေ
လွင်ပြင်ရေခဲ
တောမှာလည်း . . . နှင်း
တောင်မှာ . . . နှင်း . . . နှင်း
မြေ၀ပ်ကျင်းထဲ
ဖော်ကွဲငှက်ငယ်
ဒဏ်ရာသင့်ရက်များ

တမ်းတချင်မိ
တရှိုက်မက်မက်
အသိုက်နှင့်နေ
အဆွေခင်ပွန်း
ချစ်ကြင်လွန်းသမျှ
ကာလငယ်တစ်ခု
ပူမှုတစ်သက်
ပေးရက်လေသလား

လောကဓံတရား . . . တဲ့လားရှင်
အချစ်ကမ်းပါးပျက်ပြို
နားခိုရန်အတွက်
ရင်ခွင်ဝေးငှက်
သွေး . . . အစက်စက်
ဆွေးရတက်ပွေလည်း

နေ . . . နေရပြီ
လေဆန်ခရီး
တစ်ကိုယ်တည်းပ
မာနအတောင်
အရောင်မွဲလည်း
သခင့်ကိုယ်စား
အင်အားစုစည်း
ခရီးဆက်လက်
ငါ့မျိုးဆက်သစ်အတွက်ပေါ့ကွယ်
အထောင်တစ်ဝက်နဲ့ ဖြစ်ပါစေ . . . .



(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ.။)
kyaw linn
kyaw linn
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 26
Join date : 2010-03-26
Age : 48
Location : china

Back to top Go down

့ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ Empty Re:့  အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ

Post by yinyinlai Tue 17 Aug 2010, 20:06

ကဗျာကောင်းလေးပါ
လာရောက် ဖတ်ရှု့သွားပါကြောင်း
နောက်လည်း ကဗျာကောင်းလေးတွေကို မျှောင်လင့်စောင့်စားနေပါကြောင်း...
avatar
yinyinlai
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Female Posts : 14
Join date : 2010-03-28
Age : 39
Location : ရန်ကုန်

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum