မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း.....

Go down

အမှတ်အသားပြုထားမည် window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း.....

Post by Guest on Sat 24 Apr 2010, 02:33

ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.

၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။

၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။

၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။

၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration
ကိုသွားလိုက်ပါ။

၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double
click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။

၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို
double click ပေးပြီဝင်လိုက်ပါ။

၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
ဝင်လိုက်ပါ။

၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
ထပ်ပေါ်လာပါလိမ့်မယ်။

၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

Guest
Guest


Back to top Go down

အမှတ်အသားပြုထားမည် Re: window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း.....

Post by doublehouse on Mon 26 Apr 2010, 18:01

ညီတော်လုပ်ကြည့်လိုက်ဦးမယ်...တူနယ်ချင်းတွေခဏခဏလာကလိလွန်းလုပ်ထားမှဖြစ်မယ်အဲ့လို.. ဟီး ဟီး

doublehouse
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Posts : 16
Join date : 2010-04-25

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum