မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


ဖေဖေမေမေ

Go down

အမှတ်အသားပြုထားမည် ဖေဖေမေမေ

Post by Guest on Thu 08 Apr 2010, 15:27

သားကိုချစ်သော

ဖေဖေ နဲ့ မေမေ သို့

Ø ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်နဲ့

လူရယ်မမယ် ခလေးငယ်မို့

ငိုယိုအော်ဟစ် ကုပ်ခြစ်ကန်ကျောက်

ထင်သလိုပြု ရင်ကိုထုလည်း

စိတ်ထားမငြို ချစ်အားပိုလို့

ဖေ မေ့ ရင်သွေး ငါ့ရွှေသွေးတဲ့

လူလားမမြောက်ခင် သားကိုချစ်တဲ့ ဖေဖေ နဲ့မေမေ …

Ø အသိတစ်ချို့ မသိတချို့နဲ့

အတွေးမကြွယ် ကျောင်းသားအရွယ်မို့

လမ်းမှားမရောက် လမ်းမှန်လျှောက်အောင်

ပညာတတ်ရေး မျှော်ကာတွေးရင်း

အလျှင်းမငြီးငြူ အများတန်းတူ

လိုတာကိုထောက် မြေတောင်မြှေက်လို့

ပညာတတ်ကြီး ငါ့သားကြီးတဲ့

အားမာန်အပြည့်နဲ့ သားကိုချစ်တဲ့ ဖေဖေ နဲ့မေမေ …

Ø ဘဝအသိ ဝမ်းရေးသတိနဲ့

လောကအလယ် ဥစ္စာဝယ်ဖို့

မိဘအရိပ်အောက် ခဏထွက်ခွါ

ဝေးကွာနေလည်း သားမောင်အတွက်ပဲ

နေရေး စားရေး ကျန်းမာရေး…အစ

စိုးထိပ်ပူပန် တွေးနေတတ်ပြန်သတဲ့

အရွယ်သုံးပါး ပြောင်းလဲသွားလည်း

သားရဲ့ဘဝပြည့်စုံနေရင် ငါ့တို့ အားအင်တဲ့

အတုမရှိ မေတ္တာများနဲ့ သားကိုချစ်တဲ့ ဖေဖေ နဲ့ မေမေ .....

Guest
Guest


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum