မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

View previous topic View next topic Go down

အမှတ်အသားပြုထားမည် သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

Post by kyaw linn on Wed 31 Mar 2010, 20:47

သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

တည်နေရာ

သုခရိပ်မြုံဂေဟာ လေးက ဒဂုံ မြို့သစ် အရှေ့ပိုင်း မှာ တည်ရှိပါတယ်.။

အဲဒီ့အဆောက်အဦးလေးကို ၂၀၀၆ခုနှစ်မှာအုတ်မြစ်ချအခြေတည်ခဲ့တာဖြစ်ပြီး ၊
သုခရိပ်မြုံစတင်စဉ်မှာ ကလေးလေး(၂)ယောက်ကနေစတင်ခဲ့တာပါ..။
အခု အဲဒီ့အဆောက်အဦးထဲမှာ ကလေးလေး(၄၅)ယောက်အထိရှိသွားခဲ့ပါပြီ.။
သူတို့လေးတွေဟာ အသက် တစ်နှစ်ခွဲ ကနေ ၁၅ နှစ်အထိ အရွယ် အသီးသီးရှိကြပါတယ်.။
ကံကြမ္မာချထားပေးရာထိတ်လန့်စရာဘ၀တွေနဲ့ ကိုယ့်အနာဂါတ်ကိုမသိရှာကြတဲ့ ကလေးလေးတွေ.
သူတို့ဟာဘယ်လိုမှဆက်စပ်စရာမရှိတဲ့တစ်နေရာစီကနေရောက်လာကြရပြီး
တစိမ်းတရံစာတွေရဲ့မေတ္တာလေးနဲ့နွေးထွေးနေကြရရှာသူတွေဖြစ်ပါတယ်.။


သူတို့လေးတွေထဲမှာ တစ်ချိုက ကာတွန်းတွေ ပန်းချီတွေရေးဆွဲရတာကို နှစ်ချိုက်လို့..
တစ်ချို့က စာအုပ်တွေဖတ် ပုံပြင်တွေနားထောင်ရရင် ကဗျာတွေရွတ်နေရရင် ပျော်လို့
တစ်ချို့လေးတွေက သူတို့နာမည်မေးရင်တောင် သူတို့ကြိုက်တဲ့ မင်းသားမင်းသမီးနာမည်ကို
ရယ်ရယ် မောမော ဖြေဆိုတတ်ပါသေးတယ်..
တစ်ချို့က ဦးဗေလုဝကိုမြင်တော့ Hi Tea လာပြီဟေ့တဲ့..
ဆရာဝန်မကြီးလုပ်တမ်းကစားရမှ ကျေနပ်ကြသူလေးတွေ
စာသင်ကြေးဆော့နေကြတဲ့ ကလေးလေးတွေ..
ကစားစရာကို ဖြုတ်လိုက်တပ်လိုက် အလုပ်ရှုပ်နေသူလေးတွေ..
အဲသည့် ၄၅ ယောက်သော လူမမည်လေးတွေဟာ အနာဂါတ်ကောင်းကင်မှာ
ဘယ်လို ထွန်းလင်းပြမယ့် ကြယ်စင်တွေများလဲ.....။


သူတို့လေးတွေက အဲဒီ့ဂေဟာလေးမှာ
ဆရာမဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာမစုထား
အစရှိတဲ့ သုခရိပ်မြုံမိသားစုရဲ့အရိပ်အာဝါသအောက် မှာ
ဝန်ထမ်းသူနာပြုဆရာမ၊ကျောင်းဆရာမမေမေတွေ (၁၈) ယောက်ရဲ့ ယုယအုပ်ထိမ်းမှုအောက်မှာ
အပူအပင်မရှိ ပျော်ရွှင်နေကြရှာပါတယ်..။
မူကြိုအရွယ်ကလေးတွေအတွက် မူကြိုကျောင်း နဲ့ သူငယ်တန်းကနေ လေးတန်းအထိ ကလေးငယ်တွေအတွက် ၀ိသာခါသီလရှင်ပညာဒါနကျောင်းမှာ နာမည်စာရင်းပေးသွင်းထားပြီး
သုခရိပ်မြုံလေးမှာပဲ သင်ရိုးတွေအတိုင်းသင်ကြားပေးလျှက်ရှိပါတယ်.။
လိုအပ်တဲ့ဆေးဝါးများ ပုံမှန်တိုက်ကျွေးပြီး အလှည့်ကျဆရာဝန်များ ၀န်ထမ်းသူနာပြုများနဲ့ သူတို့ဘ၀လေးတွေကို ပြုစုပျိုးထောင်ပေးနေကြပါတယ်..။



ခုချိန်အထိ ကလေး(၂)ယောက် တိမ်းပါးလက်လွှတ်ခဲ့ရတယ်လို့လည်းသိရပါတယ်..။

သူတို့ဘ၀လေးတွေရဲ့ လိုနေသမျှ ရုပ်ကွက်လပ်၊ စိတ်ကွက်လပ်တွေကို
အကုန်လုံးမပြည့်စွမ်းနိုင်ရင်တောင်
မေတ္တာရှင်တွေက ကရုဏာရှေ့ထားလှူဒါန်းကြတာလေးတွေနဲ့ ထပ်တူနီးပါး
ဖြည့်စွမ်းပေးနိုင်အောင်ကြိုးစား နေကြပါတယ်.။
သူတို့လေးတွေ ပစ္စပ္ဂုန်အတွက် ၊ သူတို့လေးတွေရဲ့အနာဂါတ်အတွက် အလှူငွေတွေ ပံ့ပိုးမှုတွေ
လိုအပ် နေပါတယ်.။

သုခရိပ်မြုံရဲ့ တစ်နေ့တာ နေ့လည်စာနဲ့ ညစာကုန်ကျစရိတ်က ငွေကျပ် ငါးသောင်း ၀န်းကျင်ရှိပြီး
တစ်လကို ဆေးဖိုး ၊၀န်ထမ်းစရိတ်နဲ့ အထွေထွေကုန်ကျမှုတွေမပါဝင်သေးပဲ
ငွေကျပ် တစ်ဆယ့်ငါးသိန်းကျော် ရှိတယ် လို့လဲသိရပါတယ်.။

မြန်မာပြည်မှာ အဖြူရောင်သက်တံ့ ဆိုတဲ့ စာပေ ဂီတ ရုပ်ရှင် အနုပညာရှင်တွေပါဝင်တဲ့
အဖွဲ့လေးတစ်ဖွဲ့က ဦးဆောင်ပြီး သုခရိပ်မြုံအတွက် အလှူငွေများကောက်ခံပေးပြီး
ရန်ပုံငွေရှာဖွေ ပေးခဲ့ပါတယ်။


သုခရိပ်မြုံရဲ့ဦးဆောင်ဦးရွက်တစ်ဦးဖြစ်တဲ့ ဆရာမဒေါ်သန်းမြင့်အောင်က

"" ကလေးလေးတွေ အတွက် မိဘသဖွယ်မေတ္တာ ပေးနိုင်မယ့်သူတွေရဲ့ စေတနာတွေနဲ့ သူတို့ လေးတွေရှင်သန်နေကြပါတယ်..။
သုခရိပ်မြုံမိသားစုနဲ့ ကရုဏါရှင်တွေရဲ့ မေတ္တာရိပ်အောက်မှာ ကလေးလေးတွေ
ကလေးသူငယ်များရဲ့ အခွင့်အရေး ကို
အပြည့်အ၀ ခံစားနေနိုင်ကြပါတယ်..


အခုဒီပိုစ့် လေးကိုဖတ်မိပြီး သဒ္ဒါပေါက်ခဲ့ရင်
အခုဖေါ်ပြထားတဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း
ဒီနေရာဒီပိုစ့် လေးကနေ ကုသိုလ်ယူသတင်းပေးလိုက်ပါရစေ.။

ရန်ကုန်ရောက်ရင်လည်း သုခရိပ်မြုံလေးဆီရောက်အောင်သွားပြီး
ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ကြပါတယ်..
ကရုဏာတကြီးအားပေးနိုင်ကြပါတယ်..
ခဏလေးဖြစ်ဖြစ်မေတ္တာဓါတ်လေးတွေပို့လွှတ်နွေးထွေးပေးနိုင်ကြပါတယ်..။




အခု ဒီပိုစ့်လေးကိုဖတ်ပြီး သဒ္ဒါပေါက်လာခဲ့ရင်တော့

အမေရိကန်နိုင်ငံမှာ....
ကိုသစ်ကောင်းအိမ်(၂၆၀ ၄၀၃ ၆၄၇၄၊ ၇၂၇ ၂၃၇ ၈၁၄၈ )
ကိုဆောင်းယွန်းလ(၂၆၀ ၂၄၁-၆၃၃၉)

စင်ကာပူနိုင်ငံမှာ....
အိန္ဒြာ(၀၆၅ - ၉၁၇၉၆၅၄၂)
မိုးကုတ်သား(၀၆၅ - ၈၁၁၈၉၁၆၀)

ကိုရီးယားနိုင်ငံမှာ...
ကိုYမြစ်ချို ( ၈၂၁၀ ၈၇၁၄၇၀၁၉ )

မလေးရှားနိုင်ငံမှာ
ခရေတွန် (+၆၀၁၆ ၆၀၄၀၄၀၀ )တို့ထံမှာ
စာရင်းပေးသွင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်..။





kyaw linn
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Male Posts : 26
Join date : 2010-03-26
Age : 40
Location : china

Back to top Go down

အမှတ်အသားပြုထားမည် Re: သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

Post by Guest on Sat 10 Apr 2010, 23:05

အခုလိုအကြောင်းကြားပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
နောက်လည်းအကြောင်းကြားပေးပါဦးနော်




ကျေးဇူးတင်လျှက်
Phohtoo(ငြိမ်းချမ်းထူး)
Orphan Care Group
(OCG)ဖိုရမ်မိသားစု


Last edited by phohtoo(OCG) on Sun 30 May 2010, 18:14; edited 1 time in total

Guest
Guest


Back to top Go down

အမှတ်အသားပြုထားမည် Re: သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

Post by yinyinlai on Sun 30 May 2010, 09:22

ငါးတန်းကနေ ဆယ်တန်းအထိရော ဘယ်မှာ စာသင်ကြသလည်း သိချင်ပါတယ်ရှင်
ဒီနေရာက တစ်ကယ်လှူဒါန်းရမယ့် နေရာလို့လည်း မြင်မိပါတယ်

yinyinlai
လေ့လာသူအဆင့်
လေ့လာသူအဆင့်

Gender : Female Posts : 14
Join date : 2010-03-28
Age : 32
Location : ရန်ကုန်

Back to top Go down

အမှတ်အသားပြုထားမည် Re: သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

Post by nanzin on Mon 07 Jun 2010, 13:43

အခုလို သတင်းပေးလို့ ကျေနပ်မိပါတယ်.
နောက်လည်း ကြုံရင် ကြုံသလို သတင်းပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်.။

nanzin
ဘဏ္ဍာရေးမှူး
ဘဏ္ဍာရေးမှူး

Gender : Female Posts : 7
Join date : 2010-04-03
Age : 29
Location : ygn

http://www.friendster.com/nannzin

Back to top Go down

အမှတ်အသားပြုထားမည် Re: သုခ၇ိပ်မြုံမှ အိတ် အိုင် ဗီ ပိုးကူးစက်ခံ မိဘမဲ့ ဂေဟာ

Post by Sponsored content Today at 08:51


Sponsored content


Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum