သတင်းအချက်အလက်များ OrphanCareGroup(OCG) ဖိုရမ်မှနွေးထွေးစွာ ကြိုဆိုပါ၏
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့ ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရရှာတယ် သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။ ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။ ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက် မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များ ထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကျပါစို့ဗျာ..။ နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။ ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ- ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ? ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ? ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ? ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက် ကျွန်တော်တို့ ဒီဖိုရမ်လေးကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ အားလုံးသောလူသားများ ၀ိုင်းဝန်းကူညီပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်လျှက် ကိုယ်ကျိုးစီးပွားအတွက် လုံးဝ(လုံးဝ) မျှော်လင့်ထားခြင်းမရှိပါကြောင်း ကျေးဇူးတင်လျှက် OrphanCareGroup OCG ၏ ပထမဆုံးအောင်မြင်ခဲ့သည့် အလှူပွဲ 23-5-2010 Thu 27 May 2010, 19:55 by admin ကျွန်တော်တို့ OrphanCareGroup(OCG) ၏ပထမဆုံး အလှူပွဲကိုရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊တာခွကျေးရွာရှိ အေးချမ်းသာ ပရဟိတ မိဘမဲ့ကလေးများ ဂေဟာတွင် 23.5.2010၊ တနင်္ဂနွေနေ့တွင် အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ် ခင်ဗျာ....။ လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ ကျောင်းရှိဆရာတော် ၃ ပါးအား ၀တ္ထုငွေဆက်ကပ်ခြင်း ဆန်အိတ် ၃၀ အိတ် ဆား ၁ အိတ် ဆီ ပိသာ ၂၀ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ အ၀တ်အထည်များ စသည်တို့ပဲဖြစ်ပါတယ်ခင်ဗျာ...။ အခုလို ပထမဆုံး အလှူပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အတွက်ကျွန်တော်တို့ OrphanCareGroup(OCG) အနေဖြင့် များစွာ ၀မ်းမြောက်ဝမ်းသာဖြစ်မိရပါသည်။ နောက်ပိုင်းတွင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသဖြင့်အခုထက်ပိုမိုများပြားစွာလှူဒါန်းနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကျေးဇူးတင်စွာဖြင့် Admin OrphanCareGroup(OCG) Comments: 2 Statistics We have 151 registered usersThe newest registered user is Nepster Our users have posted a total of 508 messages in 231 subjects | Log in ဓါတ်ပုံပြခန်း |
|
|